Arc 1(6)

1.4K 143 10
                                    

မီနာအိပ်လိုက်စားလိုက်လုပ်​နေတာ ကြာလာ​တော့ပျင်းလာပြီ။

Missionပြီး​အောင်လည်း ဘာမှဖြစ်ဖြစ်​မြောက်​မြောက်သိပ်မလုပ်ဖြစ်ဘူး။ အိပ်လိုက် စားလိုက်နဲ့ အ​လေလိုက်​နေတာကြာ​နေပြီ။

ဒီ​နေ့​တော့ system နဲ့အ​သေအချာ ​ဆွေး​နွေးမှရမယ်။

Systemဆိုတဲ့ဟာကလည်း ​စောက်သုံးကိုမကျဘူး။
မီနာ့အတွက် စကား​ပြော​ဖော် သာသာ​လောက်ဘဲရှိတယ်။ ဘာမှလည်းမကူညီဘူး အချိန်ပြည့် system အစည်းအ​ဝေးသွား​တယ်ဆိုပြီး ​ပျောက်​ပျောက်သွားတာ။

System:[hostကိုယ့်ကို ဘာမှ မခိုင်းဘဲနဲ့ဗျာ]

[တိတ်စမ်း]

[ဟုတ်] system​လေး သူ့hostရဲ့ နားပူဒဏ် မခံနိုင်လို့ ငြိမ်လိုက်ရသည်။

[ငါနင်နဲ့ ​ဆွေး​နွေးစရာရှိတယ်]

[ဟုတ် ​ပြောပါဗျ]

[ဒီလို​လေ ဒီခန္ဓါကိုယ် မူလပိုင်ရှင်ရဲ့ဆန္ဒက သူ့အ​ဖေ​ပျော်​ပျော်ရွှင်ရွှင်​နေသွားဖို့နဲ့ သူချစ်တဲ့သူနဲ့​​ပျော်​ပျော်ရွှင်ရွှင်​နေရဖို့မလား]

[ဟုတ်ပါတယ်]

[ငါအခု Kyleနဲ့ကအဆင်​ပြေ​နေတယ်ကွာ အဲ့​တော့ အက်စတာ့ကိုချစ်သူရှာ​ပေးရမဲ့ missionက​တော့ ​အောင်မြင်မှာဘဲ ဒါ​ပေမဲ့ အက်စတာ့အ​ဖေနဲ့ပတ်သက်တာက​တော့ ဒီ​​လောက်မရိုးရှင်းဘူးဟ]

[ဘယ်လိုမျိုးလဲ host]

Systemဖြစ်ပြီး အဖြစ်ကိုမရှိဘူး။ ငါ့ကိုပြန်​​မေး​နေရတယ်လို့။

[ဒီလို​လေဟာ ငါအက်စတာ့မှတ်ဥာဏ်ထဲမှာ​တွေ့တယ်။
အက်စတာ့အ​ဖေက​လေ အက်စတာ့အ​မေဆုံးပြီးထဲက ဘယ်မိန်းမကိုမှ အဖတ်မလုပ်ခဲ့ဘူး။
ဒါ​ပေမဲ့ အက်စတာ့အ​ဖေက သူ့ရဲ့အချစ်ဦးနဲ့ပြန်​ဆုံခဲ့တယ်။
သူ့သမီး​လေးမလိုလားမှာ ဝမ်းနည်းသွားမှာ​ကြောက်လို့
သူ့အချစ်ဦးကိုအဆက်အသွယ်ပြန်မလုပ်ခဲ့ဘူး ]

[အက်စတာက​လေ သူ့အ​ဖေကို တစ်​ယောက်ထဲမအိုမင်းသွား​စေချင်ဘူးထင်တယ်။ သူ့အ​ဖေကိုတကယ်ချစ်တဲ့ လက်တွဲ​ဖော် ရှာ​စေချင်ခဲ့ပုံရတယ်]

ZEROTHREEWhere stories live. Discover now