ကမ္ဘာ နောက်နေ့ရောက်တော့ အအိပ်လွန်ပြီး ကျောင်းနောက်ကျတော့သည်။
သူအရင်ကမှအခုလို တစ်ယောက်တည်း ပင်ပင်ပန်းပန်းမနေဖူးတာ။ အရင်ကဆို သူကျောင်းသွားတော့မယ်ဆို နှိုးမဲ့သူအသင့် မနက်စာအသင့်နဲ့။ အခုတော့ သူတစ်ယောက်တည်း အကုန်ရုန်းကန်နေရတော့ သူ့အတွက်အတော်လေးခက်ခဲသည်။
သူ ဗရုတ်သုတ်ခနဲ့ မျက်နှာသစ်၊ သွားတိုက်၊ အဝတ်အစားအမြန်ကောက်လဲကာ ကျောင်းကိုအမြန်သွားရသည်။ကျောင်းရောက်တော့ အတန်းထဲ ဆရာတောင်ဝင်နေပြီဖြစ်သည်။ သူခွင့်တောင်းကာ အမြန်ဝင်လိုက်ပြီး သူ့နေရာတွင် သွားထိုင်လိုက်သည်။
သူ့လွယ်အိတ်လေးကိုဖွင့်ပြီး စာအုပ်လေးကိုထုတ်ဖို့လုပ်လိုက်တဲ့အချိန်မှာတော့ သူအချိန်ဇယားအလိုက်လိုအပ်တဲ့စာအုပ်တွေပြောင်းထည့်ဖို့ မေ့လာမှန်း သိလိုက်ရသည်။
သူဘေးဘီဝဲယာကို အမြန်အကဲခတ်ပြီး သူ့ဘေးကကောင်လေးကိုတွေ့တော့ အကြံတစ်ခုရသွားသည်။
"ဟေး ကိုယ့်နဲ့ စာအုပ်မျှကြည့်လို့ရလား...
ကိုယ်စာအုပ် ထည့်ခဲ့ဖို့မေ့လာလို့ပါ""Dylan..."
"ဟမ်"
"ကျွန်တော့နာမည် Dylanလို့ပြောတာ"
"Sorry ကိုယ်မသိလို့ပါ...
Dylan ကိုယ်နဲ့စာအုပ်တူတူမျှကြည့်လို့ရလား"Dylan:.......
ကမ္ဘာတစ်ချက်ကြောင်သွားသည်။
ငါဘာအမှားလုပ်မိလို့လဲ။ သူကစာအုပ်ကိုမျှမကြည့်ချင်တာများလား။"နာမည်.."
"Sorryပါကွာ ကိုယ်ရိုင်းသလိုဖြစ်သွားတယ်။
ကိုယ့်နာမည်ပြန်မိတ်ဆက်ရမှာကို မေ့သွားတာ။
"ကိုယ့်နာမည်က ကမ္ဘာဦးပါ"Dylan၏မျက်ခုံးတစ်ဖက် ပင့်သွားသည်။
ကမ္ဘာနည်းနည်းတော့ စိတ်တိုင်းမကျဖြစ်သွားသည်။
ဘာလဲဟ ဒီကောင်လေးငါ့နာမည်ကို ဒိတ်အောက်တယ်လို့များတွေးနေတာလား။"ကံ..ပါ..ဦး.."
Dylan အသံကြောင့် ကမ္ဘာနည်းနည်းကြောင်တောင်တောင်ဖြစ်သွားသည်။
နောက်မှသဘောပေါက်သွားပြီး
"no...
ကိုယ့်နာမည်က ကမ္ဘာဦး။ကံပါဦး မဟုတ်ဘူး။"
YOU ARE READING
ZEROTHREE
Romanceမီနာကအထက်တန်းကျောင်းသူတစ်ယောက်ဖြစ်တယ် တစ်နေ့သူgameဆော့ပြီး အိပ်ပျော်သွားပြီးပြန်နိုးလာတော့ သူမသိတဲ့နေရာကိုရောက်နေတာတွေ့လိုက်ရတယ် system ဆိုတဲ့အရာကလုပ်ခိုင်းတာတွေကိုရောသူလုပ်နိုင်ပါ့မလား သူ့ရဲ့မူလကမ္ဘာကိုရောပြန်သွားနိုင်ပါ့မလား မီနာကအထက္...