Arc 2(14)

1K 133 1
                                    

သူတို့​လျှောက်ပတ်​ဆော့ကြပြီး ည​မှောင်သွားသဖြင့် ghost houseမှာဘဲ တည်းဖို့ လုပ်ကြသည်။

သူတို့​နေရ​သော အိမ်​လေးမှာ အိပ်ခန်းနှစ်ခန်းပါပြီး ​ရေချိုးခန်းတစ်ခန်း၊ အိမ်သာတစ်ခန်းနှင့် ဧည့်ခန်းတို့ပါ​လေသည်။

သက်ခတို့ ghost houseတွင်​ရောင်း​သော​​
ပေါ့​ပေါ့ပါးပါး ညအိပ်ဝတ်စုံများကို ဝယ်၍သာ ​ရေချိုးပြီး လဲကြသည်။

သက်ခ​ရေချိုးပြီး​​သောအခါ တစ်​နေ့လုံး​လျှောက်​ဆော့ထား၍ ပင်ပန်း​နေသဖြင့် ဧည့်ခန်းက ဆိုဖာ​ပေါ်မှာ ခနလှဲလိုက်သည်။

၃စက္ကန့်​လောက်အ​ကြာတွင် သက်ခ ဆိုဖာ​ပေါ်၌ ​ကွေး​ကွေး​လေး အိပ်​ပျော်သွား​တော့သည်။

မင်းခနဲ့ ချန်းတို့ ​တစ်​ယောက်တစ်လှည့်စီ ​ရေချိုး အဝတ်စားလဲပြီး၍ ထွက်လာ​သောအခါ ဆိုဖာ​ပေါ်တွင် အိပ်​ပျော်​နေ​သော သက်ခကို ​တွေ့​ရလေသည်။

ချန်းက အခန်းထဲပြန်ဝင်သွားပြီး ​စောင်အပါးတစ်ထည်ယူကာ ပြန်ထွက်လာသည်။

မင်းခကလည်း သဘက်တစ်ထည်ကို သက်ခကိုခြုံ​ပေးထားသည်။

ချန်း မင်းခကိုသာ တစ်ချက်စိုက်ကြည့်လိုက်ပြီး သက်ခကို ​စောင်ခြုံ​ပေးလိုက်သည်။

"ဒီ​နေ့ည သက်ခကငါနဲ့ တူတူအိပ်မှာ"

ချန်းရဲ့စကား​ကိုကြား​သောအခါ မင်းခက မျက်​မှောင်ကျုံ့လိုက်ပြီး

"သက်ခက ငါနဲ့အိပ်မှာ မယုံရင်​စောင့်ကြည့်​နေ"

"မင်းကြည့်ထား​ပေါ့ သူကဘယ်သူနဲ့ အိပ်မလဲဆိုတာ"
ချန်းလည်း အားကျမခံပြန်​ပြောလိုက်သည်။

သက်ခ တစ်​ယောက်က​တော့ ဘာမှမသိဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်​မောကျ​နေ​လေတယ်။

°°°°°°°

ည ၈နာရီ​လောက်​ရောက်​တော့ သက်ခနိုးလာ​တော့သည်။

မျက်လုံးဖွင့်ကြည့်လိုက်​သောအခါ သူ့​ဘေးတစ်ဖက်စီမှာ ထိုင်​နေကြတဲ့ မင်းခနဲ့ချန်းကို ​တွေ့ရသည်။

ဘာလားဟ ငါ့ငါအိပ်​​နေတာကို သူတို့ကဘာထိုင်ကြည့်​နေတာလား။

ZEROTHREEWhere stories live. Discover now