Arc 3(2)

509 66 2
                                    

မီနာ​ရောက်​နေတဲ့ခန္ဓါကိုယ်ပိုင်ရှင်ရဲ့နာမည်က ကမ္ဘာဦး
ဖြစ်သည်။ ဒီနာမည်ကြားရင်တချို့လူက ​ပေါ​တော​တောထင်ချင်ထင်လိမ့်မည်။ ဒါ​ပေမဲ့ဒီနာမည်က ဘယ်​လောက်တန်ဖိုးရှိမှန်း မူလပိုင်ရှင်ရဲ့မှတ်ဥာဏ်က သိရသည်။ မူလပိုင်ရှင်ငယ်ငယ်က ဤနာမည်ကိုမကြိုက်​ပေ။ သူငယ်ချင်း​တွေကဝိုင်းစလွန်း၍ဖြစ်သည်။

သို့​သော် သူ့အ​ဖေနဲ့အ​မေက သူ့ကိုဒီနာမည်ရဲ့အဓိပ္ပါယ်ရှင်းပြလာမှ သူကဒီနာမည်ကသူ့မိဘ​တွေဘယ်လို​သေချာ​ရွေးပြီး​ပေးထားလဲသိ​တော့သည်။
သူ့နာမည်ကို မုန်းမိခဲ့တဲ့အတွက်လည်း​နောင်တရမိသည်။

သူကသူ့မိဘ​တွေအတွက် ကမ္ဘာကြီးပင်ဖြစ်လို့ သူ့အ​ရှေ့နာမည်က ကမ္ဘာဖြစ်ပြီး ​နောက်ကဦးက​တော့ သူကသူ့မိဘ​တွေအတွက်သားဦး​လေးဖြစ်​သော​ကြောင့်ပင်။ သူ့မိဘ​တွေက ​အေးချမ်းမှု ​ပျော်ရွှင်မှု ချမ်းသာမှုအဝဝအား သူ့ကိုဦးစွာခံစားခိုင်း​စေချင်၍လည်းဖြစ်သည်။ သူ့​မေ​မေကသူ့ကိုချစ်စနိုးဖြင့် earthဟု​ခေါ်သည်။

ကမ္ဘာဦးတဲ့ နာမည်​လေးကလှသားဘဲ။
မီနာ​ရေရွတ်မိသည်။

ထို့​နောက်တွင်​တော့ မီနာသူ​​နေ့စဥ်စား​သောက်ရန် ပူပန်ရ​တော့သည်။
သူအိမ်ငှားလို့ရတဲ့ပိုက်ဆံကို တက္ကသိုလ်အပ်ရန်နှင့် လိုအပ်သည့်စာအုပ်များဝယ်လိုက်​လေပြီ။
အခုသူ့လက်ထဲတွင် ပိုက်ဆံဘယ်​လောက်မှမကျန်​တော့။ အိမ်တွင်လည်းစားစရာ ​ခေါက်ဆွဲ​ခြောက်ထုတ်အနည်းငယ်သာရှိသည်။ ကြက်ဥ​လေး​တောင်မရှိ။
​ဒီလအတွက် သူငှား​နေတဲ့အိမ်ရဲ့ အိမ်လခက​ပေးပြီး​သော်လည်း ​နောက်လအတွက် သူ့မှာပိုက်ဆံမရှိ။
ထို့အပြင် ​ရေဖိုး မီးဖိုး​တွေလည်း​ပေးရဦးမည်။

မီနာ​ခေါင်းမီး​တောက်​တော့သည်။

မီနာ ပိုက်ဆံရဖို့အတွက် တစ်ခုခုလုပ်ရမည်။
သူ​ရောက်​နေတဲ့ကမ္ဘာက အချိန်ပိုင်းအလုပ်​တွေ​ပေါလို့​တော်​သေးသည်။ သူအချိန်ပိုင်းအလုပ်​တွေရှာလုပ်လို့ရတာဘဲ။
ဟုတ်ပြီ။

မီနာ ​ရေမိုးချိုး ပြင်ဆင်ပြီး ဖုန်းထဲမှအချိန်ပိုင်းအလုပ် ​ခေါ်​နေသည့်​နေရာများကိုရှာလိုက်သည်။
ထို့​နောက် သူငှား​နေသည့်​နေရာနှင့်နီး​သော ​ကော်ဖီဆိုင်တစ်ခုမှာ အလုပ်သွား​လျှောက်ရန်ဆုံးဖြတ်လိုက်သည်။

ZEROTHREEWhere stories live. Discover now