သက်ခတို့စားသောက်ပြီးသွားတော့ သရဲအိမ်ထဲသွားဖို့လုပ်လေတယ်။
Ghost houseရဲ့ လမ်းမပေါ်မှာလူများ စည်ကားလျှက်ရှိပြီး တစ်ချို့မှာ စားသောက်ဆိုင်များရှိရာဖက်သို့ ဦးတည်နေကြလေတယ်။
တစ်ချို့ လူငယ်များကတော့ ကစားစရာများရှိရာဖက်ကိုသွားနေကြပြီး တစ်ချို့ကတော့ ခုံတန်းများပေါ်ထိုင်ပြီး မုန့်စားနေကြလေတယ်။
ချန်းနဲ့ သက်ခတို့လည်း စားသောက်ဆိုင်က ထွက်လာပြီး ကစားစရာများရှိရာဖက်သို့ သွားကြလေသည်။
ချန်းသိချင်၍မေးလိုက်လေသည်။
"သက်ခက ကိုယ့်ကို အရမ်းခင်တာဘဲလား""အွန်း အစ်ကိုနဲ့ဆို ပျော်ဖို့ကောင်းလို့လေ"
"မင်းခလည်းရှိတာဘဲကို သူနဲ့လာလည်းရသားနဲ့"
"ကိုကိုက နည်းနည်းကြောက်ဖို့ကောင်းလို့လေ ခနနေသရဲမကြောက်ရဘဲ သူ့ပြန်ကြောက်နေရမှာစိုးလို့"
"ဟား" မင်းအစ်ကိုကြားရင်တော့ ရိုက်ခံရတော့မှာဘဲ"
"အစ်ကို ကိုကို့ ကိုပြန်သွားမပြောနဲ့နော် "
"မပြောပါဘူး အစ်ကိုကစတာပါ"
"ကတိနော်"
"ကတိ ကတိ"
သက်ခတို့ စကားပြောပြီး လမ်းလျှောက်လာရင်း သရဲအိမ်အရှေ့ကိုရောက်လေပြီဖြစ်တယ်။
အိမ်ကြီးက ခြောက်ခြားစရာကောင်းပြီး သက်ခအမွှေးတွေထောင်လာသလိုခံစားရတယ်။
ချန်း အိမ်အရှေ့မှာရှိတဲ့ လက်မှတ်ရောင်းတဲ့ကောင်တာမှာ လက်မှတ်၂စောင် သွားဝယ်လိုက်ပြီး သက်ခကိုတစ်စောင်ပေးလိုက်လေတယ်။
သူတို့နှစ်ယောက် လက်မှတ်ကိုယ်စီကိုင််ပြီး အိမ်ကြီးစီကိုသွားကြလေတယ်။
အိမ်ထဲဝင်ဝင်ချင်း အပေါ်ကနေပြီး အရိုးခေါင်းကြီး တွဲလောင်းကျလာသောကြောင့် သက်ခအကြောက်လွန်ပြီး ချန်းအင်္ကျီစကို သွားဆွဲလေတယ်။
သက်ခပုံက အရမ်းလန့်သွားတဲ့ပုံပေါက်လို့ ချန်းစိတ်ပူသွားလေတယ်။
"သက်ခ ဖြစ်ရဲ့လား သက်ခမဝင်ချင်တော့ရင်လည်း ကိုယ်တို့ တစ်ခြားနေရာသွားကြမလား"
YOU ARE READING
ZEROTHREE
Romanceမီနာကအထက်တန်းကျောင်းသူတစ်ယောက်ဖြစ်တယ် တစ်နေ့သူgameဆော့ပြီး အိပ်ပျော်သွားပြီးပြန်နိုးလာတော့ သူမသိတဲ့နေရာကိုရောက်နေတာတွေ့လိုက်ရတယ် system ဆိုတဲ့အရာကလုပ်ခိုင်းတာတွေကိုရောသူလုပ်နိုင်ပါ့မလား သူ့ရဲ့မူလကမ္ဘာကိုရောပြန်သွားနိုင်ပါ့မလား မီနာကအထက္...