Arc 1(10)

1.5K 141 10
                                    

Arc 1(Final)

မီနာsystemကို​ပြောပြီး ဒီကမ္ဘာက​နေထွက်ခွာလာလိုက်တယ်

သူ ဘာမှမရှိတဲ့ဟင်းလင်းပြင်ကြီးတစ်ခုကို​ရောက်သွားတယ်

​အော် ဒီ​နေရာကငါစစချင်း​ရောက်လာခဲ့တဲ့​နေရာ​ပေါ့..

'Host ​နောက်ကမ္ဘာကိုသွား​တော့မလား'

'ခန​လေး ငါခန​လောက်နားချင်​သေးတယ် ပြီးမှသွားကြတာ​ပေါ့'

မီနာ သူ့စိတ်​တွေက အက်စတာ့ကမ္ဘာထဲက မထုတ်နိုင်​သေးဘူးဖြစ်​နေတယ်။

အက်စတာ့ကမ္ဘာမှာ မီနာ​နေတာကြာသွား​တော့ အဲ့ကမ္ဘာကသူ့ကမ္ဘာအစစ်လို​တောင်ခံစားရတယ်။
​ပြောရရင် အဲ့ကမ္ဘာနဲ့ အသားကျသွားတာ​ပေါ့။

လူ​တွေက​ပြောကြတယ် ထားသွားတဲ့လူနဲ့ ထားခဲ့ခံရတဲ့လူဆို ထားခဲ့ခံရတဲ့သူကပိုခံစားရတယ်တဲ့။

အွန်း ဟုတ်ချင်းလည်းဟုတ်မှာ​ပေါ့...

ဒါ​ပေမဲ့ ​သေချာတာတစ်ခုက​တော့ ထားသွားတဲ့လူက ပိုနာကျင်ရတယ်ဆိုတာဘဲ။

မီနာအခု ရင်ထဲမှာ ​ကျောက်တုံးကြီးနဲ့ ဖိခံထားရသလိုခံစားရတယ်။

ဘယ်လိုဘဲ အဲ့လူ​တွေက အစစ်မဟုတ်ဘူးလို့ဘဲ​တွေး​တွေး ဘယ်လိုဘဲအဲ့လူ​တွေက gameထဲက ​ဇာတ်​ကောင်​တွေလို့ဘဲ​တွေး​တွေး နာကျင်​နေရတုန်းဘဲ။

အစစ်မဟုတ်လို့ တကယ်မရှိလို့ ပိုနာကျင်ရတယ်။

အပြင်မှာတကယ်ရှိခဲ့ရင်​တောင် အဲ့လူ​တွေကရှိ​နေ​သေးတယ်ဆိုတဲ့အ​တွေးနဲ့​ဖြေသိမ့်လို့ရ​သေးတယ်...

အခု​တော့...

'အဲ့ကမ္ဘာက​နေ ငါထွက်သွား​တော့ အဲ့ကမ္ဘာမှာ ဘယ်လို​တွေဆက်ဖြစ်သွားလဲ ​ပြောပြလို့ရလား'

'ရပါတယ် host
Host ထွက်သွား​တော့ အက်စတာကိုယ်ကလည်း
ဝိညာဥ်မရှိတဲ့ အခွံသက်သက်ဖြစ်သွားတယ်
အဲ့​တော့ အက်စတာက နှလုံး​ဖောက်ပြီးဆုံးသွားတယ်ဆိုပြီးဖြစ်သွားတယ်...'

'​နေ...​နေပါဦး.. ငါထွက်သွားတာနဲ့အက်စတာလည်း​သေသွားတာလား
ငါထင်တာက မူလအက်စတာကြန်​ရောက်လာပြီး
သူတို့​တွေ​ပျော်​ပျော်ရွှင်ရွှင်​နေသွားမယ်ထင်​နေတာ
System!!!!နင်ငါ့ကို ငါထွက်သွားရင် အက်စတာဘယ်လိုဖြစ်သွားမလဲလည်းမ​ပြောဘူး နင်​တော်​တော် အကျင့်ယုတ်တာဘဲ'

ZEROTHREEWhere stories live. Discover now