Arc 2(1)

1.6K 151 9
                                    

မီနာမျက်လုံးဖွင့်ကြည့်လိုက်​တော့ သူက အခန်းအကျယ်ကြီးတစ်ခုရဲ့ အိပ်ယာ​ပေါ်​ရောက်​နေတာ ​တွေ့လိုက်ရတယ်။

[System ငါ့ကို အချက်အလက်​တွေနဲ့ မှတ်ဥာဏ်​တွေပို့​ပေး​တော့]

မီနာ အချက်အလက်​တွေကို လက်ခံဖို့ မျက်လုံးမှိတ်ထားလိုက်တယ်။
ပထမတစ်ခါ အချက်အလက်​တွေလက်ခံတာ​လောက်​တော့မနာ​တော့ဘူး။

ခနအကြာတွင် မီနာ့​ခေါင်းထဲကို ဒီခန္ဓါကိုယ်ပိုင်ရှင်ရဲ့ မှတ်ဥာဏ်​တွေဝင်​ရောက်လာ​လေတယ်။

သူအခုဝင်ထားတဲ့ ခန္ဓါကိုယ်ပိုင်ရှင်ရဲ့နာမည်က
'သက်ခထည်'။
သက်ခထည်က အခုမှအသက် ၁၈နှစ်ဘဲရှိ​သေးတာ ဖြစ်​လေတယ်။
သက်ခမှာ 'မင်းခ'ဆိုတဲ့အစ်ကိုတစ်​ယောက်ရှိတယ်။
သက်ခက သူ့အစ်ကိုကိုအရမ်းချစ်တယ်။
သက်ခတို့အဖိုးက အစားအ​သောက်လုပ်ငန်းကြီးတစ်ခုရဲ့ ပိုင်ရှင်ဖြစ်တယ်။
သက်ခ အ​ဖေက​တော့ အဝတ်အထည် ကုမ္ပဏီကြီးတစ်ခုရဲ့ CEO။
မင်းခက ဦး​အောင်ခနဲ့ သူ့ချစ်သူရဲ့သား။
သက်ခက​တော့ ဦး​အောင်ခနဲ့ ဦး​အောင်ခရဲ့အ​ဖေ သ​ဘောတူလို့ ယူလိုက်ရတဲ့ အမျိုးသမီးရဲ့သား။

အဲ့ဒီ​တော့ ဦး​အောင်ခက ဘယ်သူ့ကို ပိုချစ်မယ်ထင်လဲ။
​သေချာ​ပေါက် သူ့ချစ်သူရဲ့သား မင်းခကိုဘဲ​ပေါ့။
သက်ခနဲ့ သက်ခရဲ့အ​မေကို​တော့ ဦး​အောင်ခက မရှိသလိုဘဲသ​ဘောထားတယ်။
သူ့သားကြီးကိုဘဲ ချစ်​ပေး ဂရုစိုက်​ပေးတယ်။
သက်ခတို့ကိုကြ​တော့ ဦး​အောင်ခရဲ့ အ​ဖေ သက်ခရဲ့အဖိုး​ကြောင့်သာ သူ့အိမ်မှာ​နေခိုင်းတာ။

ဒီကမ္ဘာရဲ့ ဇာတ်လိုက်က​တော့ အားလုံးရဲ့အချစ်ခံ
မင်းခ ဘဲ​ပေါ့။
ဇာတ်လိုက်မက​တော့ "ပိုးသက်ဖြူ" တဲ့။
သက်ခရဲ့ ရည်းစား​ဟောင်း​ပေါ့။
သက်ခတို့ရဲ့ အဖိုးဆုံး​တော့ အ​မွေအားလုံးကို သက်ခကိုဘဲ​ပေးခဲ့တယ်။
အဲ့တာကို မင်းခက မ​ကျေနပ်ဘဲ သက်ခကို ဒုက္ခ​ရောက်​အောင်လုပ်ပြီး အ​မွေ​တွေအားလုံးသူရ​အောင်လုပ်တယ်။
သက်ခရဲ့ အ​ဖေကလည်း မင်းခလုပ်ချင်တာအကုန် လုပ်ခိုင်းတယ်။
သက်ခ ဒုက္ခ​ရောက်​နေတဲ့အချိန် ဦး​အောင်ခက တစ်စက်​လေးမှ မကူညီတဲ့အပြင် သူနဲ့ သူ့အ​မေကို အိမ်​ပေါ်ကဆင်းသွား ခိုင်းတယ်။
သက်ခရဲ့ ​ကောင်မ​လေး ပိုးသက်ဖြူကလည်း သက်ခကို သစ္စာ​ဖောက်ပြီး မင်းခနဲ့ပူး​ပေါင်းလိုက်တယ်။

ZEROTHREEWhere stories live. Discover now