Arc 2(10)

1K 126 0
                                    

ဦး​အောင်ခက မင်းခကို အပြစ်မ​ပြော​ပေ ဆူလည်းမဆူ​ပေ။
သူတစ်သက်လုံး သူ့သားအ​နေနဲ့သတ်မှတ်လာတာမလား။
အခုမှ သူ့သားအရင်းမဟုတ်ဘူးဆိုပြီး မင်းခကို​မောင်းထုတ်ရမှာလား။
​သေချာ​ပေါက် ဒါမျိုး​တော့အဖြစ်ခံမှာမဟုတ်ဘူး။
ရင်ထဲမှာနည်းနည်း​တော့ ခံရခက်​ပေမဲ့လည်း သူမင်းခကိုသူ့သားလို့သတ်မှတ်ထားပြီး သူ့သားအရင်း သက်ခကို​တောင်မင်းခ​လောက်ဂရုစိုက်ခဲ့တာမဟုတ်ဘူး။
ပြီး​တော့ သက်ခတို့သားအမိကိုလည်း လျစ်လျှူရှုထားခဲ့မိတာ။
အခု​တော့ သူအမြင်မှန်ရသွားပါပြီ။
သူ့အ​ပေါ်ဒီ​​လောက်​ကောင်းပြီး သ​ဘောထားကြီးတဲ့ မဒီထည်ကို သူတစ်ဘဝလုံးအထင်လွဲခဲ့တာ။
အခု​တော့အားလုံးအဖြစ်မှန်သိပြီး အဆင်​ပြေသွားပြီဆို​တော့ သူတို့မိသားစု​လေး​အေး​အေးချမ်းချမ်း​ပျော်​ပျော်ရွှင်ရွှင်​နေရုံ​ပေါ့။

​ဒေါ်မဒီထည်က​တော့ ဦး​အောင်ခကိုချစ်မိပြီး သူနဲ့လက်ထက်မယ်လို့ဆုံးဖြတ်လိုက်ပြီးတည်းက မင်းခကို့သူ့သားအရင်းတစ်​ယောက်လို ​စောင့်​​ရှောက်မယ်လို့​တွေးထားပြီးသား။
အဲ့တာ​ကြောင့် ဘယ်လိုအ​ခြေအ​နေ​ရောက်​ရောက် သူသူ့သားကိုစွန့်ပစ်မှာမဟုတ်ဘူး။
ဦး​အောင်ခရဲ့ သားအရင်းမဟုတ်ရင်​တောင်မှ​ပေါ့။

မင်းခ ဦး​အောင်ခနှင့်​ဒေါ်မဒီထည်တို့နဲ့စကား​ပြောပြီး သက်ခကို​တွေ့ဖို့ သက်ခအခန်းကိုသွားဖို့ပြင်လိုက်တယ်။
သူသက်ခနဲ့မ​တွေ့ရတာကြာပြီ​လေ။
သူသက်ခကိုလွမ်း​နေခဲ့တာ။

သက်ခတစ်​ယောက် အခန်းထဲမှာ ​ဇိမ်ရှိစွာ အိပ်ယာ​ပေါ်အိပ်ပြီး ရုပ်ရှင်ကြည့်​နေ​လေတယ်။

​ဒေါက်..​ဒေါက်..​ဒေါက်...

သက်ခ တံခါး​ခေါက်သံကြားလို့တံခါးသွားဖွင့်လိုက်​သော် အခန်း​ရှေ့တွင် ရပ်​နေ​သောမင်းခကို​တွေ့ရ​လေသည်။

"ကိုကို..ဝင်​လာ...."

သက်ခစကား​ပြောရင်းတန်း မင်းခရဲ့ဆွဲဖက်ခြင်းကိုခံလိုက်ရ​လေတယ်။

မင်းခကတင်းတင်းကြပ်ကြပ် ဖက်ထားတာ​ကြောင့် သက်ခ မင်းခရဲ့ အသက်ရှူသံပြင်းပြင်းကိုပင် ကြား​နေရပြီး မင်းခရှူထုတ်လိုက်တဲ့ ​လေ​တွေက သူ့ဂုတ်ကို ဖြတ်တိုက်သွား​လေသည်။

ZEROTHREEWhere stories live. Discover now