Arc 3(1)

802 67 14
                                    

မီနာ မျက်လုံး​တွေဖွင့်လိုက်​တော့ အခန်းတစ်ခုထဲ​ရောက်​နေတာ ​တွေ့လိုက်ရသည်။
အခန်းက အလွန်ကျဥ်းပြီး အခန်းထဲတွင် အိပ်ယာ၊အဝတ်ဘီရိုတစ်ခုနှင့် ပြတင်း​ပေါက်တစ်ခုသာရှိသည်။
အပြင်သို့ထွက်လိုက်​သောအခါ ဧည့်ခန်း​သေး​သေး​လေးနှင့် ဟင်းချက်ရန်​နေရာရှိပြီး ​ရေချိုးခန်း၊အိမ်သာက မီးဖို​ချောင်နှင့် ကပ်လျက်ဖြစ်သည်။

ကြည့်ရသည်မှာ အငှားတိုက်ခန်းဖြစ်ဟန်တူသည်။
မီနာSystemကို အချက်အလက်များပို့​ပေးရန်​တောင်းဆိုလိုက်သည်။

ခနအကြာတွင် ခန္ဓါကိုယ်ပိုင်ရှင်၏မှတ်ဥာဏ်များ ​ရောက်လာသည်။

ဤခန္ဓါကိုယ် ပိုင်ရှင်မှာ အသက်၁၉နှစ်အရွယ် တက္ကသိုလ်​ကျောင်းသားဖြစ်ပြီး မိဘ​တွေမရှိ​တော့ဘဲ တစ်​ကောင်ကြွက်ဖြစ်သည်။

ငယ်ရွယ်စဥ် သူ့မိဘ​တွေအသက်ရှိစဥ်က သူ့မိဘ​တွေသည်ချမ်းသာ​သော​ကြောင့် သူသည် ​အေး​ဆေး​နေခဲ့ရသည်။

​နောက်ပိုင်း သူ့မိဘ​တွေဆုံးပြီး​သောအခါ သူ့မိဘပိုင်ဆိုင်သည်များကို ​ဆွေမျိုးများက ခွဲယူသွားကြပြီး သူ့အတွက် သူတို့​နေသည့် အိမ်တစ်လုံးသာ ကျန်ခဲ့သည်။

သို့​သော် သူကငယ်ရွယ်ကာ သူ့​ဆွေမျိုးများကိုယုံကြည်ခဲ့​​သော​ကြောင့် ဘာမှနားမလည်ခဲ့​ပေ။
သူသိတတ်နားလည်သည့် အချိန်​ရောက်​တော့ ဘာမှလုပ်လို့မရ​တော့။

​သူအထက်တန်းပြီးသည့်အချိန်တွင် သုံးစရာ​​ငွေမရှိ​တော့​သော​ကြောင့် အိမ်ကိုငှားထားပြီး သူက​​တော့ တိုက်ခန်း​လေးတစ်ခုမှာငှား​နေရသည်။

ထိုအထိ အဆင်​ပြေပြီး သူသူ့​ဆွေမျိုး​တွေကို ခွင့်လွှတ်​ပေး​သေး​သော်လည်း သူ့​ဆွေမျိုးများက ပိုဆိုးရွားလာခဲ့သည်။

သူတက္ကသိုလ်တက်သည့်အချိန် သူ့အစ်ကိုဝမ်းကွဲသည်လည်း ထိုတက္ကသိုလ်မှာရှိ​နေခဲ့သည်။
သူ့အစ်ကိုက သူ့ကိုကူညီမလိုနဲ့ ချဥ်းကပ်ပြီး သူ့​နောက်​ကျောကိုဓါးနဲ့ ထိုးခဲ့သည်။
သို့​သော်သူက​တော့ မသိခဲ့။ သူ့အစ်ကိုကိုယုံကြည်ခဲ့သည်။
ထိုအစ်ကိုက သူ့ကိုအမျိုးမျိုးဒုက္ခ​ရောက်​အောင်လုပ်ပြီး ​နောက်ဆုံး ​ကျောင်းက​နေပါထွက်ရ​အောင်လုပ်ခဲ့သည်။

ZEROTHREEWhere stories live. Discover now