Arc 1(7)

1.4K 159 7
                                    

မင်္ဂလာပွဲပြီးသွား​တော့ မီနာလည်းအိပ်လိုက်စားလိုက် ရုပ်ရှင်ကြည့်လိုက်ဘဲပြန်လုပ်​နေ​တော့တယ်။

ဇနီး​မောင်နှံသစ်​လေး​တွေက​တော့ ချစ်ကြည်နူး တစ်တီတူး​နေကြတာ​ပေါ့​လေ။

အ​မေအသစ်ကလည်းမဆိုးပါဘူး သူ့အ​ပေါ်လည်း​ကောင်းတယ် ပါပါး​ပေါ်လည်း​ကောင်းတယ်
သူ့ကိုလည်းသမီးအရင်​လေးလိုဆက်ဆံ​ပေးတယ်။

Jamesက​တော့ သူ့ကို​ပေးထားတဲ့အခန်းမှာဘဲ​နေပြီး အပြင်သိပ်မထွက်ဘူး။

[ဟဲ့system Jamesကဒီဇာတ်လမ်းမှာဘယ်လိုဇာတ်​ကောင်လဲ ]

[ကျွန်​တော်စုံစမ်းကြည့်လိုက်ပါမယ်]

[​အေ မြန်မြန်]

[Host ကျွန်​တော်​သိပြီ Jamesက ဒုတိယဇာတ်လိုက် သူကအရင်ဘဝက နိုင်ငံခြားက​နေပညာသင်ပြီးပြန်လာတဲ့အချိန် roseကလည်းလူတစ်​ယောက်ကိုလာကြိုဖို့ ​လေဆိပ်​ရောက်​နေတာ အဲ့ဒီမှာ Roseကို​တွေ့ပြီး မြင်မြင်ချင်းချစ်သွားတာဘဲအဲ့တာ​ကြောင့်သူroseအ​ကြောင်း​တွေကိုစုံစမ်းခဲ့တယ်
ဒါ​ပေမဲ့Roseမှာက Kyleရှိပြီးသားမလို့ သူကလက်​လျှော့လိုက်ပြီး တိတ်တိတ်​လေး အ​နောက်က​နေဘဲ roseကိုကူညီ​ပေးပြီး တဖက်သက်​လေးဘဲဆက်ချစ်သွားတယ်]

[Love at first sight​ပေါ့
အမ​လေး သနားစရာ​ကောင်းလိုက်တာ ငါစီစဥ်မှရ​တော့မယ် ငါ့အစ်ကို Jamesနဲ့ ငါ့သူငယ်ချင်း​လေးRoseတို့ကို အဆင်​ပြေ​အောင်လုပ်​ပေးရမယ်
မီနာ စီစဥ်သည်​ပေါ့ ဟား"]

[Hostရယ် hostနဲ့kyleကိစ္စသာ အဆင်​ပြေ​အောင်အရင်လုပ်လိုက်ပါဦး]

[ငါ့ကိုအထင်မ​သေးစမ်းပါနဲ့ ​စောင့်ကြည့်​နေလိုက် ငါဘယ်လိုစီစဥ်မလဲဆိုတာ]

Jamesတစ်​ယောက်​နောက်လကြရင် နိုင်ငံခြားပြန်​တော့မယ်လို့ မီနာ့ကို ပါပါးက​ပြော​လေသည်။

'သမီး​ရေ သမီးအစ်ကိုကို မြို့မှာရှိတဲ့နာမည်ကြီးတဲ့​နေရာ​တွေလိုက်ပို့​ပေးလိုက်ပြီး မုန့်​တွေဘာ​တွေလိုက်​ကျွေးလိုက်ပါဦး သမီးအစ်ကိုက​နောက်လဆိုနိုင်ငံခြားပြန်သွား​တော့မှာ'

'ဟုတ်ပါပါး သမီးလိုက်ပို့လိုက်ပါမယ်'

မီနာတို့​ကျောင်းက​နောက်လကြမှပြန်ဖွင့်မှာဖြစ်တယ်။
မီနာက Roseနဲ့Jamesကို စီစဥ်​ပေးမလို့ပါဆို Jamesက​ နောက်လနိုင်ငံခြားပြန်သွား​တော့မယ်ဆို​တော့ သူ့ချစ်ချစ်​လေးနဲ့​တောင်မ​တွေ့လိုက်ရ​တော့ဘူး​ပေါ့။

ZEROTHREEWhere stories live. Discover now