သရဲအိမ်၏ဘေးဖက်တွင် သရဲရထားရှိပြီး လူငယ်များက သရဲရထားစီးရန်အတွက်တန်းစီစောင့်နေကြလေသည်။
"ဘယ်လိုလဲ သရဲရထားရောစီးချင်သေးလား"
ချန်း သက်ခကိုစချင်၍ မေးလိုက်လေသည်။သက်ခ သရဲအိမ်ကထွက်ပြီး အခုမှအကြောက်ပြေရုံဘဲရှိသေးသော်လည်း သရဲရထားစီးမလားဟု ချန်းကထပ်မေးနေသောကြောင့် မျက်စောင်းထိုးပြီးပြောလိုက်သည်။
"ကျွန်တော်အခုမှအကြောက်ပြေတာမမြင်ဘူးလား"ချန်းတစ်ယောက် သက်ခကိုရီပြလိုက်ပြီး ပြောလိုက်သည်။
"ကိုယ်ကသက်ခများ ထပ်စီးချင်မလားဆိုပြီးမေးကြည့်တာ ဟီး""တော်ပြီ သရဲရထားတော့မစီးတော့ဘူး"
"အာ့ဆိုကိုယ်တို့လျှောက်ပတ်ကြည့်ကြမလား"
"ဟုတ်"
သက်ခတို့ သရဲအိမ်ကထွက်လာပြီး ခြေဦးတည့်ရာလျှောက်ပတ်နေကြလေသည်။
ထိုအချိန်တွင် ရုတ်တရက် သက်ခရဲ့ဖုန်းက မြည်လာလေသည်။"ဟယ်လို"
"မင်းအခုဘယ်မှာလဲ"
" ကျွန်တော်ကအခု ghost houseမှာ.."
"တီ...တီ...တီ..."
ထုံးစံအတိုင်း သက်ခစကားပြောလို့မပြီးသေးခင် ဖုန်းချခံလိုက်ရလေသည်။"ဘယ်သူဆက်လာတာလဲ"
"ကိုကိုဆက်လာတာပါ ဘယ်မှာလဲဆိုပြီးဖုန်းတန်းချသွားတာ"
"သူကအမြဲအဲ့လိုဘဲ သူပြောချင်တာပြောပြီးရင်ဖုန်းချသွားတာ"
သက်ခနဲ့ချန်းတို့ မင်းခအကြောင်းပြောပြီး ရီနေကြလေသည်။
ချန်း သက်ခကို ရေခဲမုန့်ကားနားခေါ်သွားပြီး ချောကလက်ရေခဲမုန့်နှစ်ခုမှာလိုက်လေသည်။
ရေခဲမုန့်ရလာတော့ သစ်ပင်အောက်ရှိ ခုံတန်းလေးမှာထိုင်ပြီး နှစ်ယောက်သား အေးအေးလူလူ ရေခဲမုန့်ထိုင်စားကြလေသည်။
သက်ခ သူတို့ရှေ့ကနေဖြတ်သွားသော လူများကိုစိတ်ဝင်တစားလိုက်ငေးကြည့်နေလေသည်။
YOU ARE READING
ZEROTHREE
Romanceမီနာကအထက်တန်းကျောင်းသူတစ်ယောက်ဖြစ်တယ် တစ်နေ့သူgameဆော့ပြီး အိပ်ပျော်သွားပြီးပြန်နိုးလာတော့ သူမသိတဲ့နေရာကိုရောက်နေတာတွေ့လိုက်ရတယ် system ဆိုတဲ့အရာကလုပ်ခိုင်းတာတွေကိုရောသူလုပ်နိုင်ပါ့မလား သူ့ရဲ့မူလကမ္ဘာကိုရောပြန်သွားနိုင်ပါ့မလား မီနာကအထက္...