Arc 1(5)

1.6K 163 9
                                    

မီနာတို့စား​သောက်ပြီးသွား​တော့ အတန်းတက်ရဦးမှာမို့လို့ ​ကျောင်းကိုပြန်လာကြတယ်။

'​လှေကားတက်ရတာကလည်း​ မောလိုက်တာ ​​လှေကားထစ်​တွေကအများကြီးဘဲ'
​ကျောင်းဆင်းချိန်တုန်းက ဗိုက်ဆာဆာနဲ့ ဆင်းလာတာမလို့ ​လှေကားထစ်​တွေများတာကို မီနာသတိမထားမိလိုက်။
အခုကြမှ ဗိုက်ကတင်း ပျင်းကပျင်းနဲ့ ​လှေကားကိုတက်လာမှ ​လှေကားထစ်​တွေကများမှန်းသိ​တော့တယ်။

'ဟုတ်တယ် ​လှေကားထစ်​တွေက အများကြီးဘဲ ဘာလို့ငါတို့အခန်းက သုံးထပ်မှာဖြစ်​နေတာလဲမသိဘူး
​အောက်ဆုံးထပ်ဖြစ်ရင်​ကောင်းမယ်'
Roseလည်း ​လှေကားထစ်တက်ရတာ​မောလာ​သော​ကြောင့် ပြန်​ပြောလိုက်​လေသည်။

'Kyle နင်​ရောမ​မောဘူးလား နင့်ကြည့်ရတာဘာမှမဖြစ်သလိုဘဲ'
​လှေကားအများကြီးတက်​နေရတာ​တောင် ​ပင်ပန်းပုံမ​ပေါ်​သော Kyleကို မီနာ အံ့သြ၍​မေးလိုက်သည်။

'ငါကအားကစားလုပ်တယ်​လေ ​လေ့ကျင့်ခန်းလည်းပုံမှန်လုပ်တယ် အဲ့တာ​ကြောင့်မ​မောတာ'
Kyleက ​ဘောလုံးလည်းကန် အားကစားလည်းလုပ်​သော​ကြောင့် အခုလိုမ​မောခြင်းဖြစ်သည်။

အခုလို ​လှေကားထစ်​တွေအများကြီးလုပ်ထားရခြင်းမှာ
​ကျောင်းအုပ်ကြီးရဲ့အကြံဖြစ်ပြီး ​ကျောင်းသားများ ​လေ့ကျင့်ခန်းမလုပ်ဘဲ ပျင်းရိသွားကြမှာစိုးတာ​ကြောင့်
​လှေကားထစ်​တွေတက်ရင်း ​လေ့ကျင့်ခန်းလုပ်သလိုဖြစ်သွား​အောင် ​လုပ်ထားခြင်းဖြစ်သည်။

'​ကျောင်းအုပ်ကြီးကမတရားလိုက်တာ ​အောက်ဆုံးထပ်ကလူ​တွေက ​အေး​ဆေး​​နေရမှာ​ပေါ့'
Rose​ပြော​လေသည်။

'​အေးဟာ ငါလည်းအဲ့လိုဘဲထင်တယ် နင်​​တွေးတာမှန်တယ် Rose'မီနာ​ထောက်ခံလိုက်သည်။

မီနာဆက်တက်လာရင်း ​ခြေ​ထောက်​ညောင်းလွန်းလို့ ဆက်မတက်နိုင်​တော့ဘဲ ထိုင်ချလိုက်​တော့သည်။

'နင့်တို့ဆက်တက်ရင်တက်နှင့် ငါဖြည်းဖြည်းခြင်းတက်လာခဲ့မယ်'

မီနာက သူ့မူလကမ္ဘာမှာ အိပ်လိုက် စားလိုက် game​ဆော့လိုက်သာ​နေ​သော​ကြောင့် အားကစား​တွေ​လေ့ကျင့်ခန်း​တွေဆိုတာ တစ်ခါမှမလုပ်ဖူးတဲ့အရာ​တွေဘဲ။

ZEROTHREEWhere stories live. Discover now