Arc 1(4)

1.6K 176 6
                                    

မီနာ အိပ်လိုက်တာ ​နောက်တစ်​နေ့မနက် အက်စတာ့အ​ဖေလာနှိုးမှ နိုးလာ​တော့တယ်။

'သမီး​ရေ ​ကျောင်း​​နောက်ကျမယ်​နော် ထပြီးပြင်ဆင်​တော့ ပါပါး​အောက်မှာ​မနက်စာပြင်ပြီးစောင့်​နေမယ်'

'ဟုတ်ပါပါး သမီးခန​နေဆင်းလာခဲ့မယ်'

မီနာထသာထရတာ အိပ်​ရေးကမဝ​သေးဘူး။
မီနာပျင်းပျင်းနဲ့ အိပ်ယာကထပြီး ​ရေချိုးခန်းထဲဝင်သွားလိုက်တယ်။

'ဝါး ဒါကအက်စတာ့ရုပ်​ပေါ့'
မီနာမ​နေ့က အပျင်းတစ်​နေတာနဲ့ သူ့မျက်နှာသူ​တောင်မကြည့်ရ​သေးဘူး။

အခုမှ အက်စတာ့ရုပ်ရည်ကိုမှန်ထဲမှာ​တွေ့လိုက်​တော့မှ အံ့သြသွား​တော့တယ်။

အက်စတာက ​တော်​တော်​ချောတာဘဲ နှာ​ခေါင်းချွန်ချွန် အညို​ရောင်မျက်လုံးဝိုင်းဝိုင်းကြီး​တွေနဲ့ မျက်​တောင်ရှည်ရှည်​တွေရှိတယ်။

အက်စတာ့မျက်နှာ​လေးကမထိရက်စရာ​လေး။
ငါ​တောင်ပြန်​ကြွေချင်​နေပြီ ချစ်ဖို့​ကောင်းလိုက်တာ။

ဒါ​ပေမဲ့တစ်ခုရှိတာက သူ့မျက်နှာ​လေးက​သွေး​ရောင်သိပ်မလွှမ်းဘူး။ ​ဖြူဖြူဖျော့​ဖျော့​လေးဖြစ်​နေတာက ​နေမ​ကောင်းမှန်းသိသာတယ်။

အက်စတာ့နှုတ်ခမ်း​လေး​တွေကို​တော့ အကြိုက်ဆုံးဘဲ
သူ့နှုတ်ခမ်း​လေးက ထူထူ​လေးနဲ့ ပန်း​ရောင်​ဖျော့​ဖျော့​လေးဟ
ဝါးစားချင်စရာ​လေး ဟီး"

System:[hostက မိန်းက​လေးမို့လို့သာ​နော် ​ယောက်ျား​လေးသာဆိုမ​တွေးရဲစရာဘဲ]

[အက်စတာကအရမ်းချစ်ဖို့​ကောင်း​နေတာ​ရော ဒီလိုချစ်စရာ​ကောင်း​နေတာကိုမ​​ငေးဘဲ ဘယ်​နေနိုင်မလဲ]

[Hostကနှာဘူးလား hostအ​တွေး​တွေက​မှောင်မိုက်​နေတာဘဲ]

[ဘယ်ကနှာဘူးလဲ အလှတရားကိုခံစား​နေတာ
ဦး​နှောက်ရှိစမ်းပါ Systemရယ်
အက်စတာကငါ့​လောက်နီးနီး​ချောပါတယ်
ဒါ​ပေမဲ့ငါ့ကို​တော့မမှီ​သေးဘူး]

Hostစကား​ကြောင့်system​လေး​သွေးတစ်ပွက်အန်မတတ်ဖြစ်သွား​လေသည်။
ဒါနဲ့ သူ့host က confident level so high​နေတာမလား။ ဘယ်လို​တောင်ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲ​နေတာလဲ။

ZEROTHREEWhere stories live. Discover now