Arc1(2)

2K 189 13
                                    

မီနာ Roseကိုဘယ်လို ပညာ​ပေးရမလဲ စဥ်းစား​နေတုန်း Roseဆီကဖုန်းဝင်လာ​လေသည်။

'Hello အက်စတာ နင်မူးလဲသွားတယ်ဆို နင်​ကျောင်းမလာ​တော့ စိတ်ပူလို့ ငါဆရာမကို​မေးကြည့်လိုက်တာ နင်အခုအဆင်​ပြေရဲ့လား'

မီနာအန်ချင်စိတ်​တောင်​ပေါက်တယ် ဂရုစိုက်ချင်​ယောင်​ဆောင်ပြီး ​နောက်ကွယ်မှာကြိတ်​ပျော်​နေတာကိုသူမသိဘူးများထင်နေလားမသိဘူး

'ငါအဆင်​ပြေပါတယ် Rose ရယ် မနက်ဖြန်ကြရင်​တော့ငါ​​ကျောင်းလာမှာပါ နင်စိတ်မပူနဲ့​တော့​နော်'

သူ​တောင်ဟန်​ဆောင်နိုင်​သေးတာဘဲ ငါက​ရောဘာလို့မလုပ်နိုင်ရမှာလဲ

Roseက စိတ်ပူချင်​​ယောင်​ဆောင်​နေ​သော်လည်း အမှန်မှာ အက်စတာမလာ​သော​ကြောင့် သူနဲ့Kyleနှစ်​ယောက်ထဲ ရှိ​နေရသဖြင့်ကြိတ်​ပျော်​နေခြင်းဖြစ်သည်။

'​အေ​အေ အာ့ဆို ဂရုစိုက်ဦး​နော် အက်စတာ မနက်ဖြန်ကြမှ​တွေ့မယ် bye'

'Ok မနက်ဖြန်ကြမှ​တွေ့မယ် Rose
Bye'

'Rose အက်စတာကဘာတဲ့လဲ သက်သာတယ်တဲ့လား' Kyleက​မေး​လေသည်။

သူသက်သာပါတယ် စိတ်မပူကြနဲ့တဲ့ မနက်ဖြန်သူ​ကျောင်းလာခဲ့မယ်လို့​ပြောတယ်။
နင်လည်းသိပ်စိတ်ပူမ​နေပါနဲ့ Kyle ရယ် သူ့အ​ခြေအ​နေကအဲ့​​လောက်လည်းမဆိုးပါဘူး။

ငါသူ့ကိုစိတ်ပူတယ် နင်က​တော့ဒါကို​သေး​သေး​လေးလို့ထင်ရင်ထင်မယ် ငါ့အတွက်​တော့သူကအ​ရေးကြီးတယ် သူ​နေမ​ကောင်းတာနဲ့ ငါ့ရင်​တွေပူတယ်။

Rose ရင်ထဲမှာခါးသက်သက်ဖြစ်သွားသည် Kyle က အက်စတာကိုဆို အရမ်းဂရုစိုက်သည်။
သူမနာလိုဘူး။ အက်စတာရသမျှသူလည်းလိုချင်တယ်။ သူ Kyle ကိုတကယ်မကြိုက်လည်း
အက်စတာက Kyle ကိုကြိုက်​နေတယ်ဆိုရင် သူ Kyle ကိုရ​အောင်ယူပြမယ်။ သူဘဲအရာရာပိုင်သင့်တယ်။

Kyleက ရုပ်လည်း​ချောပြီး ချမ်းသာတယ် ပြီးရင် သူချစ်တဲ့သူကိုအရမ်းလည်းဂရုစိုက်တယ် Kyle ကိုရရင်သူ့အတွက်နစ်နာစရာမရှိဘူး။

နင်ကလည်းဘယ်လို​ပြောလိုက်တာလဲ အက်စတာက ငါ့အချစ်ဆုံးသူငယ်ချင်းဘဲကို ငါလည်းစိတ်ပူတာ​ပေါ့
ငါကနင့်ကိုအရမ်းမစိုးရိမ်ဖို့ဘဲ​ပြောတာပါ။

ZEROTHREEWhere stories live. Discover now