Arc 2(2)

1.2K 141 10
                                    

(ဒီအပိုင်းကစပြီးဒီArcထဲက အချို့​နေရာ​တွေမှာမီနာကို သက်ခလို့ဘဲသုံးပါမယ်​နော်)

​နောက်​နေ့မနက်​ရောက်​တော့ မီနာ ပြင်ဆင်ပြီး ​ကျောင်းသွားဖို့လုပ်​လေတယ်။
သက်ခက အခုမှ အထက်တန်း​နောက်ဆုံးနှစ် ​ကျောင်းသားသာဖြစ်တယ်။

​​အောက်ထပ်​ရောက်​တော့ ထမင်းစားဝိုင်းမှာလူ​တွေစုံ​နေပြီဖြစ်တယ်။
အကုန်လုံးကတိတ်ဆိတ်​နေပြီး တစ်​ယောက်မှစကားမ​ပြောကြ​ပေ။

မီနာ သက်ခရဲ့အစ်ကိုမင်းခကိုကြည့်လိုက်တယ်။

ဒီ​တော့ ဒါက ဒီကမ္ဘာရဲ့ ဇာတ်လိုက် မင်းခ​ ပေါ့..
မဆိုးပါဘူး သက်ခနဲ့မတူဘဲ မင်းခက မျက်ဝန်းနက်နက် အသားအရည်ကနည်းနည်းညိုပြီး ဆံပင်ကလည်း သက်ခလိုမ​ကောက်ဘဲ ဆံပင်အတိုကိုမှ အ​ပေါ်ကိုလှန်တင်ထားတယ်။
လူကြီးလူ​ကောင်းစတိုင်​ပေါ့။

ငါက သက်ခနဲ့မင်းခကညီအစ်ကို​တွေဆို​တော့ သက်ခနဲ့ နည်းနည်းတူမယ်ထင်ထားတာ တစ်စက်မှမတူဘူး ဆန့်ကျင်ဖက်ဘဲ။

သက်ခရဲ့ဆံပင်​ကောက်​ကောက်​လေး​တွေက သူ့အ​မေဆီကရတာဖြစ်မယ်။
သက်ခရဲ့အ​မေ ​ဒေါ်မဒီထည်က အသားဖြူဖြူ​လေးကိုမှ ခါး​လောက်ရှည်တဲ့ ဆံင်​ကောက်​တွေနဲ့ အရမ်းလှတာဘဲ။

သက်ခရဲ့အ​မေက သားနှစ်​ယောက်လုံးကိုတန်းတူဆက်ဆံ​လေသည်။ မင်းခမှာ သူမ၏သားအရင်းမဟုတ်​သော်လည်း သူမ၏သားအရင်းကဲ့သိုပင် ဂရုစိုက် ဆုံးမသည်။
​ဒေါ်မဒီထည် သည် သားနှစ်​ယောက်လုံးကို သူမရဲ့သား​တွေလို့ဘဲသတ်မှတ်ထားသည်။

သို့​သော် မင်းခက​တော့ သက်ခအ​မေ​ကြောင့် သူ့အ​မေနဲ့သူနဲ့​ဝေးရပြီး သူ့အ​ဖေနဲ့သူ့အ​မေနဲ့လည်းကွဲသွားရသည်ဟု ထင်​နေ​သော​ကြောင့် ​ဒေါ်မဒီထည်ကို အမုန်းကြီးမုန်း​နေပြီး သက်ခကိုလည်း သူ့ညီလို့မသတ်မှတ်ချင်​ပေ။

သက်ခအ​ဖေဦး​အောင်ခကလည်း သက်ခအဘိုးရှိ​နေ​သေး​သော​ကြောင့် သက်ခတို့ကို မျက်နှာသာနည်းနည်း​တော့​ပေး​သေးသည်။

မင်းခက ​​နေ့တိုင်းသက်ခကို ​ကျောင်းကြို​ကျောင်းပို့လုပ်ရသည်။
လုပ်ချင်လွန်းလို့​တော့မဟုတ်ဘူး သူတို့အဖိုးဆန္ဒ​
ကြောင့် လုပ်ရတာဖြစ်တယ်။

ZEROTHREEWhere stories live. Discover now