Arc 2(3)

1.1K 138 4
                                    

သက်ခ ဖြည်းဖြည်းချင်းမင်းခနဲ့ပိုရင်းနှီး​အောင်လုပ်​လေတယ်။
၁လ​လောက်ကြာသွား​တော့ မင်းခနဲ့နည်းနည်းရင်းနှီးလာပြီဖြစ်တယ်။

သက်ခအ​ဖေက​တော့ အရင်အတိုင်းဘဲ။
သက်ခဘာဘဲလုပ်လုပ် သက်ခအ​ဖေက​တော့ဘာမှမထူးခြား​​လာလေဘူး။

အရင်ဆုံး သက်ခအ​ဖေနဲ့ မင်းခရဲ့ သက်ခအ​ပေါ် အမုန်း​တွေကို ဖယ်ရှားပစ်ဖို့ မင်းခအ​မေကိုအရင်ရှာရမယ်။

အ​မေတစ်​ယောက်က ကိုယ်​မွေးထားတဲ့သားကို လွယ်လွယ်ထားခဲ့မှာမဟုတ်ဘူး​လေ အဲ့တာက သူချစ်တဲ့သူနဲ့ရထားတဲ့သားဆိုရင်ပိုပြီး​တော့​တောင် တန်ဖိုးထားရမှာမလား။

မင်းခအ​မေက မင်းခကို​မွေးပြီး မိဘသ​ဘောမတူလို့ဆိုပြီး ထွက်သွားတယ်။
ဘယ်လိုဘဲ မိဘ​တွေသ​ဘောမတူတူ က​လေး​တောင်ရှိ​နေပြီကို ကိစ္စတစ်ခုခုမရှိဘဲမထွက်သွားသင့်ဘူးမလား။

အခုက မင်းခအ​မေမှာ ကိစ္စတစ်ခုခုရှိလို့ဘဲဖြစ်မယ်။
ကိုယ့်က​လေးကိုထားသွားရ​လောက်​​အောင် ကြီးမားတဲ့ကိစ္စ​ပေါ့။

[System ငါ့ကိုအချက်အလက်တစ်ချို့ရှာ​ပေးနိုင်မလား]

[ဟုတ်ကဲ့ ဘာအချက်အလက်​တွေရှာ​ပေးရမလဲhost]

[မင်းခ အ​မေနဲ့ ပတ်သက်တဲ့အချက်အလက်]

[ဟုတ်ကဲ့ host]

[မင်းခအ​မေက မင်းခကို​မွေးပြီး ဦး​အောင်ခရဲ့အ​ဖေနဲ့သွား​တွေ့ခဲ့ပြီး နိုင်ငံခြားထွက်သွားခဲ့တယ်
​၁နှစ်​လောက်ကြာ​တော့ နိုင်ငံခြားမှာ သူ့ချစ်သူနဲ့ လက်ထပ်ပြီး အခုဆို သားတစ်​ယောက်နဲ့ သမီးတစ်​ယောက်​တောင်ရှိ​နေပါပြီ
သားက​တော့ ၁၈နှစ်ရှိ​နေပြီး Hostအခုဝင်ထားတဲ့ ခန္ဓါကိုယ်ပိုင်ရှင်နဲ့ ရွယ်တူပါ။
သမီးက​တော့ ၁၆နှစ်ရှိ​နေပါပြီ။]

[What the fu*k
သူက​တော့ အဲ့မှာ​သားသမီး​တွေနဲ့ ပျော်​ပျော်ရွှင်ရွှင်​နေ​နေပြီး သက်ခနဲ့သူ့အ​မေကြ​တော့ အမုန်းခံ​နေရတယ်
ပြီး​တော့ မင်းခက​ရော သူကသူ့အ​မေကို သက်ခတို့​ကြောင့် သူ့ကိုထားခဲ့တယ်ထင်ထားတာ
အခု​တော့ သူအ​မေက သားသမီးအသစ်​တွေနဲ့​ပျော်လို့ သူ့ကို​တောင် သတိမရဘူး
ဦး​အောင်ခက​တော့ သူ့ချစ်သူနဲ့သူ မိဘ​တွေခွဲလို့​ဝေးရတာလို့ထင်ထားတာ
အဖြစ်မှန်ကိုသိရင် သူဘယ်​လို ဖြစ်မလဲကြည့်ကြ​သေးတာ​ပေါ့]

ZEROTHREEWhere stories live. Discover now