1

9K 828 22
                                    

CHAPTER-1

ဒီမြို့မှာတော့ S Universityလို့
ပြောလိုက်တာနဲ့ပြေးမြင်ကြတာ ရှိတယ်။

စာအသင်ပြကောင်းတဲ့ ဆရာတွေ၊ အရမ်းလှတဲ့ တက္ကသိုလ်ကျောင်းသူတွေ၊ facilities အပြည့်နဲ့ နိုင်ငံတကာ တက္ကသိုလ်ကြီး ဖြစ်နေလို့ဆိုတဲ့ အဲ့အကြောင်းတွေကြောင့် မဟုတ်ဘဲ

အခု အပေါ်မှာ‌ပြောသွားတဲ့အ‌ရာတွေထက်ပိုပြီး နာမည်ကြီးတဲ့လူရှိတယ်ဆိုရင် ယုံလား။

S University ရဲ့ နာမည်အကြီးဆုံး ကျောင်းသား တယောက်၊ အဲ့ ကျောင်းသားနာမည် "ရှောင်းကျန့်"တဲ့။

ရှောင်းကျန့်က တက္ကသိုလ် The Whole king.

S University မှာဆို ရှောင်းကျန့်က တကယ်ကို ဘုရင်တပါး။

တရုတ်လူမျိုးဆိုပေမယ့်လည်း မြင်ဖူးနေကျ ဖြူ‌ဖွေးတဲ့ အသားရည်မျိုးနဲ့ မဟုတ်ဘဲ ဝင်းလက်တဲ့အသားအရည်နဲ့ ခြောက်ပေကျော် အရပ်ရှိတဲ့ ရှောင်းကျန့်က ပြစ်မျိုးမှဲ့တစ်စက်လေးမှ မထင်ရလောက်အောင် ချောလွန်းတာဆိုပဲ။

ဘုရားသခင် ရှောင်းကျန့်ကို ဖန်တီးတုန်းက တော်တော်လေး ခေါင်းကိုက်လောက်အောင် အချိန်ပေးပြီးတော့မှပဲ အကောင်းမွန်ဆုံး ပုံဖော်ပေးခဲ့တယ် ထင်ပါရဲ့။

ရှောင်းကျန့်ရဲ့ ဖြစ်တည်မှုကတော့ ဘုရားသခင် ဖန်တီးမှုတွေထဲမှာတော့ သဘောအကျခံရဆုံး လက်ရာတစ်ခုပဲ။

လူသားတိုင်းက မပြည့်စုံနိုင်ဘူး၊ လိုအပ်ချက်တွေရှိပါတယ်ဆိုပြီး ပြောကြကြေးဆိုရင်တောင်သေချာတယ်။ ဒါဆို ရှောင်းကျန့်ကတော့ လူမဟုတ်တဲ့ နတ်ဘုရားတစ်ပါးလို့ ပြန်ပြောရမှာပဲ။

တက္ကသိုလ်မှာဆိုလည်း ရှောင်းကျန့်မှ မဟုတ်ရင် မဖြစ်ဘူးဆိုတဲ့ မိန်းကလေးတွေက တစ်ကျောင်းလုံးနီးပါးပဲ။

အခု‌ လောလောဆယ် ရှောင်းကျန့် အကြောင်းတွေကို စုံစမ်းပြီး သိရသလောက် အကုန်အစီရင်ခံပြန်ပြောပြနေရတဲ့သူကတော့ ကျိုးချန်။

Trigger [Completed]जहाँ कहानियाँ रहती हैं। अभी खोजें