13

3.8K 502 43
                                    

CHAPTER-13

// Scroll Down for Zawgyi //

[UNICODE]

"မင်း ရှောင်းကျန့်ကို တစ်ခုခုဖြစ်သွားတာမြင်ချင်ရင် ဒီဝမ်အိမ်တော်ထဲကနေမင်းလှည့်ထွက်သွားလိုက်လေ"

ဝမ်သခင်ကြီး သူကိုခြိမ်းခြောက်လိုက်တာကအလုပ်ဖြစ်တယ်လို့ပြောရမယ်

ဝမ်ရိပေါ် အဲ့နေ့က ရှောင်းကျန့်နဲ့ချိန်းထားတဲ့နေရာကိုမရောက်သွားနိုင်ခဲ့ဘူး

ဝမ်သခင်ကြီးကသူနဲ့ချိန်းထားတဲ့ ချုံချင်းခေါက်ဆွဲဆိုင်မှာ သူကိုစောင့်နေတဲ့ ရှောင်းကျန့်ရဲ့ဓာတ်ပုံကိုထုတ်ပြပြီး..

"ခုချိန်မှာဟိုဘက်ကိုငါဖုန်းတစ်ချက်ဆက်လိုက်တာနဲ့ မင်းရဲ့ရှောင်းကျန့်ကို
တစ်သက်လုံးမမြင်ရတော့ဘူးဆိုတာငါအာမခံတယ်

ငါ့စကားကိုမင်းနားထောင်တာ၊မနားထောင်တာမင်းအပိုင်း ဒါပေမဲ့
မင်းအဖေငါ့အကြောင်းကို‌တော့ မင်းအသိဆုံးပဲနေမှာပါ"

ဝမ်သခင်ကြီးရဲ့ခြိမ်းခြောက်မှုတွေကြောင့်ရှောင်းကျန့်ကိုအစွမ်းကုန်ကာကွယ်ဖို့ကလွဲပြီးသူတခြားဘာဆိုဘာမှမတွေးနိုင်တော့တဲ့အထိပါပဲ

စောင့်နေတဲ့ရှောင်းကျန့်ဆီကိုချက်ချင်းပြေးသွားလိုက်ချင်ပေမဲ့
ဝမ်သခင်ကြီးရဲ့ခြိမ်းခြောက်မှုတွေ
အောက်မှာပဲဒီတိုင်းငြိမ်နေလိုက်ရတယ်

"မင်း အရင်တုန်းကအတိုင်းပျော့ညံ့နေတုန်းပဲ မင်း ငါကိုဘယ်တော့မှ လွန်ဆန်နိုင်မှာမဟုတ်ဘူး"

ဝမ်သခင်ကြီးပြောတာမှန်တယ်။

သူဘယ်လောက်ပဲ မကြောက်တော့ပါဘူးလို့ပြောပြောဝမ်ပါးပါးကို
ခုထိသူကြောက်နေရတုန်းပဲ

ဝမ်သခင်ကြီးရဲ့ရက်စက်တာ‌တွေကိုသေချာကိုယ်တွေ့မြင်ခဲ့ဖူးထားတဲ့သူက
ဝမ်သခင်ကြီးကိုမကြောက်ဘူးဆိုလိမ်ရာကြသွားမှာပေါ့

ဝမ်ရိပေါ်ကသွေးအေးတယ်ဆိုပေမဲ့
ဝမ်သခင်ကြီးကို ဘယ်လိုမှမမှီဘူး

ဝမ်ရိပေါ်ကနှလုံးသားမရှိဘူး
ရက်စက်လိုက်တာဆိုရင်
သူ့အဖေ ဝမ်သခင်ကြီးကဘယ်လောက်ရက်စက်လိမ့်မလဲဆိုတာ
စဉ်းစားကြည့်လို့ရတယ်

Trigger [Completed]حيث تعيش القصص. اكتشف الآن