15

3.5K 431 41
                                    

// Scroll Down for ZAWGYI //

CHAPTER 15

[UNICODE]

Suggested Song- Wheein(휘인)-GoodBye(헤어지자)

ရှောင်းကျန့် အရင်ရက်တွေကသေချာစဉ်းစားခဲ့တယ်။

သူ ဘယ်လိုလုပ်သင့်လဲဆိုတာကိုပေါ့

ပထမတော့ အတိတ်မှာနာကျင်ခဲ့ရသမျှအရာအားလုံးကိုမေ့ပစ်ဖို့ရှောင်းကျန့်စဉ်းစားခဲ့တယ်

ဒါပေမယ့် ထင်သလောက်လွယ်ကူမနေခဲ့တဲ့အချိန်မှာ ထပ်ပြီးခံစားရတာလည်း

ရှောင်းကျန့်ပါပဲ။

လူတစ်ယောက်ကိုမေ့ပစ်လိုက်ဖို့ဆိုတာမလွယ်ကူဘူးဆိုတာ လူတိုင်းလည်းသိလောက်မှာပါ

အထူးသဖြင့်အဲ့လူကသူသိပ်ချစ်ရတဲ့လူဖြစ်နေခဲ့မယ်ဆိုရင်ပေါ့

ရှောင်းကျန့်အတွက်ကတော့ သူ့ဘဝမှာဝမ်ရိပေါ်တစ်ယောက်ပဲရှိခဲ့တာ

အဲ့လိုမျိုးအထိချစ်ရပါတယ်ဆိုတဲ့

ဝမ်ရိပေါ်ကိုမေ့ပစ်ဖို့ကသူသေသွားတာထက်တောင်ပိုခက်ခဲသေးတယ်

သူဝမ်ရိ‌ပေါ်ကြောင့်နာကျင်ခဲ့ရတယ်ဆိုရင်တောင်မှ သူကတော့မေ့ပစ်လိုက်ဖို့ ခဲယဉ်းနေတုန်းပဲ

ရှောင်းကျန့်ကအဲ့လောက်အထိကိုအမှတ်မရှိဘူး

မေ့ပစ်လိုက်မယ်လို့စဉ်းစားလိုက်တိုင်းပြန်ပေါ်လာတဲ့ ဝမ်ရိပေါ်ပုံရိပ်တွေက

သူကို အခုထိညှင်းဆဲနေတုန်းပဲ

အတင်းကြီးမေ့ပစ်ဖို့ကြိုးစားလေ

သူအရာအားလုံးကိုအဆုံးသတ်ပစ်လိုက်ချင်လေပဲ

မားကပြောတယ် ထွက်ပြေးကြမယ်တဲ့

ဒီကိစ္စဟာမလွယ်ကူဘူးဆိုတာမားကိုယ်တိုင်လည်းသိနေရက်နဲ့တောင်မှ သူခံစားနေရတာတွေမကြည့်ရက်လို့ထွက်ပြေးကြရအောင်တဲ့

သူဟာ ဘယ်တုန်းကမှ လိမ္မာတဲ့သားတစ်ယောက်ဖြစ်မနေခဲ့တာတောင်မှ ခုချိန်ထိယောက်ျားတစ်ယောက်အတွက်နဲ့မိဘတွေကိုဒုက္ခပြန်ပေးနေရတယ်

သူကရော အရာအားလုံးကိုထားခဲ့ပြီး ထွက်ပြေးနိုင်မှာလား

သူချစ်တဲ့လူတွေ သူတက်နေတဲ့ကျောင်း

Trigger [Completed]Dove le storie prendono vita. Scoprilo ora