23

2.7K 314 74
                                    

//Scroll Down for ZAWGYI //

[UNICODE]

CHAPTER-23

Suggested Song- Me After You(Paul Kim)

ကိုရီးယားနိုင်ငံရဲ့ နွေဦးရာသီက

တော်တော်လေးနေချင်စရာကောင်းပါတယ်

နေရာတိုင်းမှာ ပန်းတွေ ဝေဝေဆာဆာဖူးပွင့်လို့ တိမ်ကင်းစင်တဲ့

ကောင်းကင်ကြီးကပြာလဲ့နေတယ်

ရုတ်တရက်ဖြတ်ခနဲ ‌တိုးဝှေ့လာတဲ့

လေပြေညှင်းကြောင့် ချမ်းစိမ့်စိမ့်ဖြစ်သွားတဲ့ ရှောင်းကျန့်က သူဝတ်ထားတဲ့

ကုတ်အထူကြီးကို ရင်ဘတ်နားထိဆွဲစိလိုက်တယ်

ရှောင်းကျန့် ကိုရီးယားကိုရောက်ရောက်ချင်း နေမကောင်းဖြစ်သေးတယ်

နေရာ အပြောင်းအလဲကြောင့်လို့ညာချင်ပေမဲ့လည်း တစ်စုံတစ်ယောက်ကြောင့်ဆိုတာ

ဘယ်သူမှမပြောလည်းသူသိနေပြီးသားပါပဲ

လွမ်းနာကျတယ် ဆိုရအောင်လည်းရှောင်းကျန့်က တစ်လျှောက်လုံး

လွမ်းရင်း ငေးရင်းနဲ့ပဲနေခဲ့ရတာမဟုတ်လား

အဲ့တော့ ရှောင်းကျန့်ရဲ့ဝေဒနာကိုအလွယ်လေးနာမည်တပ်ကြရင်

အချစ်နာကျတယ်ပေါ့

ဆယ်ကျော်သက်ကလေးတစ်ယောက်အသည်းကွဲသလိုမျိုး ငိုယိုရင်း

ညည်းတွားဖို့ကို အသက်နှစ်ဆယ့်ခြောက်နှစ်အရွယ် ရှောင်းကျန့်ကမသင့်တော်ဘူးလို့ထင်တယ်

ဒါကြောင့်မို့ တိတ်တဆိတ်သာနေရင်းနဲ့ပဲ နာကျင်ရတာပေါ့

ကိုရီးယား နိုင်ငံကို ပထမဆုံးရောက်ဖူးတဲ့ တရုတ်သား ရှောင်းကျန့်မှာတော့

ဘာအခက်အခဲမှ အထွေအထူးရှိမနေခဲ့ဘူး

ဦးလေးယွင်ရှီးကြောင့်လည်းဖြစ်ပါလိမ့်မယ်

ကိုရီးယားက နာမည်ကြီး psychologist ဖြစ်တဲ့အတွက် ယွင်ရှီးကကိုရီးယားစကားကိုလည်း အတော်လေးကျွမ်းကျင်နေပြီဖြစ်တယ်

သူကတော့ ရုတ်တရက်ထွက်လာခဲ့ရတာမို့လို့ ကိုရီးယားစကားဆိုရင်

Trigger [Completed]Where stories live. Discover now