9

3.8K 539 31
                                    

//Scroll Down for Zawgyi//

CHAPTER-9

[UNICODE]

ရှောင်းကျန့်ကသိပ်ကိုရူးမိုက်လွန်းတယ်

ဝမ်ရိပေါ် ပြန်မချစ်တာ တစ်ခုတည်းနဲ့တင်
အလဲလဲအပြိုပြိုဖြစ်နေတဲ့ရှောင်းကျန့်ကအရူးတစ်ယောက်လိုပဲ

ရူးရမယ်ဆိုလည်းရူးပါစေတော့ ဝမ်ရိပေါ်ရယ်

ဝမ်ရိပေါ်ကများ အကယ်၍
အဆုံးစွန်ထိ ရူးသွပ်လိုက်ကြမလားလို့
မေးလာခဲ့ရင်တောင် ရှောင်းကျန့်ကတော့
ပျော်ပျော်ကြီးခေါင်းငြိမ့်ပစ်လိုက်မှာ

အချစ်ကအဲ့လိုပဲ ဖြေရှင်းဖို့နည်းလမ်းမရှိဘူး...

Barက ကိစ္စ ပြီးတော့ တက်လိုက်တဲ့ပြဿနာတွေဆိုတာနှစ်နိုင်ငံစစ်ဖြစ်ကြတာထက်တောင်ဆိုးသေးတယ်

"ပေကျင်းမြို့က တစ်မိုးအောက် ဝမ်ရိပေါ်လိုလူနဲ့ တွဲနေတဲ့ ရှားပါး မျိုးတူ‌‌ယောကျ်ားလေးကဘယ်သူများလဲ"

"ဝမ်ရိပေါ်က ဂေးလား" ဆိုတဲ့မေးခွန်း‌‌တွေကလည်း သန်းချီတန်တဲ့ Jackpot Questionsတွေလိုပဲ

တစ်မြို့လုံး အားကြိုးမာန်တက်အဖြေရှာနေကြလေရဲ့

ကာယကံရှင် ဝမ်ရိပေါ်ကိုလည်း ဘယ်မီဒီယာမှ အာသွားချောင်ပြီး မမေးရဲကြဘူး

ဝမ်ရိပေါ်က ဒီမြို့ရဲ့သားတော်လေးဆိုပေမဲ့ မီဒီယာတွေနဲ့တော့ သိပ်အဆင်မပြေဘူး

ဘာကြောင့်လဲဆို ဝမ်ရိပေါ်ကသူစိတ်မပါတဲ့အရာတွေဆို ဟန်ဆောင်ပြီးတောင်မလုပ်နိုင်ဘူးဆိုပြီးပြောထားတဲ့
အနုပညာရှင်တစ်ယောက်ဖြစ်နေလို့ပဲ

အဲ့တော့ သူအာရုံနောက်ရမဲ့ မီဒီယာတွေရဲ့မေးခွန်းတွေသူလုံးဝမဖြေပါဆိုပြီး
အစောတည်းကပြတ်ပြတ်သားသားငြင်းထားပြီး‌သား

ဒါကြောင့်လည်း ဘယ် မီဒီယာကမှသွားမမေးရဲဘူး အဲ့တော့ လူတွေကလည်း ဟိုလူလိုလို ဒီလူလိုလိုနဲ့ ရမ်းပြီး မှန်းပြောနေရတယ်

ပရိသတ်တွေ အကြိုက်လိုက်လုပ်မှ ထမင်းစားရမဲ့လူမဟုတ်တဲ့ဝမ်ရိပေါ်ရဲ့ ဘဝကိုဘယ်သူကမှလည်းဝင်စွတ်မဖက်ရဲကြဘူး

Trigger [Completed]Where stories live. Discover now