22

2.7K 288 39
                                    

// Scroll Down for ZAWGYI //

[UNICODE]

CHAPTER-22 //Flashback~

မိုးတွေ အဆက်မပြတ်ရွာနေတယ်

မိုးကျသံ တဖြောက်ဖြောက်ကဝမ်ရိပေါ်ရဲ့ နားထဲကို အစီအစဉ်မကျဝင်ရောက်လာတယ်

မိုးရေစက်တွေကလည်း သူတစ်ကိုယ်လုံးပေါ်ကို နေရာလပ်မရှိအောင်အပြည့်အဝ စိုရွဲစေလေရဲ့

ဝမ်ရိပေါ် တစ်ကိုယ်လုံးမိုးရေတွေနဲ့စိုရွဲနေပြီးတော့သူရဲ့ခြေထောက်နှစ်ဖက်လုံးမှာလည်းဖိနပ်မရှိတော့ဘူး

ပြောရရင် ဝမ်ရိပေါ်ဆီမှာ မိုးဒဏ်ကိုကာကွယ်ဖို့ ဘာမှရှိမနေခဲ့ဘူး

အဆက်မပြတ်‌ရွာနေတဲ့မိုးရေထဲမှာပဲသူဆက်လျှောက်နေတယ်

ဘယ်ကိုသွားနေတာလဲလည်း သူမသိဘူး

အခု သူ့စိတ်ထဲမှာ မိုးရေတွေကြားထဲမှာကခုန်ရင်းနဲ့ရှောင်းကျန့်ရဲ့နာမည်ကို

အော်ခေါ်ပစ်လိုက်ချင်စိတ်ပဲရှိတယ်

ပြီးတော့ သူသေချာမပြောပြဖြစ်ခဲ့ရတဲ့

ချစ်ခြင်းတွေအကြောင်းကို‌ပြောပြချင်တယ်

မိုးနတ်မင်းက သူ့အပေါ်တကယ်ညှာတာမှု မရှိဘူး

သူအရမ်းတွေ့ချင်နေတဲ့ရှောင်းကျန့်ကလည်း သူ့နားရောက်မလာသလို

မိုးကလည်း ခဏလေးတောင်မရပ်ပေးဘဲ အသည်းအသန်ကိုရွာနေတော့တာ

သူကတော့ကောင်းကင်ကြီးကိုကြည့်ပြီး

‌ဆဲဆိုပစ်လိုက်ချင်တာပဲ

မနက်ကပဲ နေသာပြီးပြာလဲ့နေတဲ့

ကောင်းကင်ကြီးကအခုတော့လည်းမဲမှောင်လို့

စိတ်အာရုံထဲမှာ ရှောင်းကျန့်ရဲ့ပုံရိပ်‌တွေချည်းထပ်နေအောင် မြင်ရတယ်

နားထဲမှာလည်း ရှောင်းကျန့်ရဲ့အသံတွေချည်းကြားနေရတာ နားထဲကနေလေတွေတောင်ထွက်မတတ်ပဲ

ချစ်ခြင်းတရားတွေက အမြဲတမ်းဘယ်တော့မှထပ်မတူမကျနိုင်မှန်းကိုတော့

သူသိပြီးသားပါ

ဒီ‌လိုဆိုရင်တောင် သူ့ဘက်ကပဲရှောင်းကျန့်ကို နာနာကျင်ကျင်နဲ့ ပိုပိုသာသာချစ်ပေးဖို့ အဆင်သင့်ပဲ

Trigger [Completed]Where stories live. Discover now