10

3.9K 494 18
                                    

//Scroll Down for Zawgyi//

[UNICODE]

ရှောင်းကျန့်ရဲ့ကျောင်းတက်ရတဲ့
နေ့ရက်တွေက ရုတ်တရက်ကြီး အရင်လိုမျိုးပုံမှန်ပြန်ဖြစ်လာခဲ့တယ်။

အရင်နေ့တွေက သူ့မြင်တာနဲ့မကောင်းပြောနေကြတဲ့လူတွေကလည်း ခုဆို သူကိုမြင်တာနဲ့ ကြောက်အားလန့်အား
ထွက်ပြေးကြတော့တာ..

ဒီကိစ္စတွေရဲ့ နောက်ကွယ်ကတရားခံ
ဝမ်ရိပေါ်က‌တော့ ရှောင်းကျန့်ကိုပဲ
နောက်က‌နေတောက်လျှောက်
လိုက်ကြည့်နေလေရဲ့

ဝမ်ရိပေါ်က ငေးကြည့်နေရခြင်းတွေကို သိပ်သဘောကျပါတယ်

ရှောင်းကျန့်ကို ငေးနေရမယ်ဆိုရင်ပေါ့

ပေကျင်းမြို့မှာ အလုပ်များလွန်းလို့
ညဘက်တောင်အိပ်မပျော်ဘူးဆိုတဲ့
အနုပညာရှင် ဝမ်ရိပေါ်က ခုတော့ ရှောင်းကျန့် အနောက်မှာ
တိတ်တိတ်‌လေး လိုက်နေတယ်

သူအတွက်ကတော့ ဒီတိုင်းလေးပဲ ရှောင်းကျန့်ကိုလိုက်ကြည့်နေရတာက သိပ်သဘောကျစရာကောင်းတယ်။

ရှောင်းကျန့်ရဲ့ မနက်ခင်း ကျောင်းသွားဖို့ ဘတ်စ်ကား‌မှတ်တိုင်မှာစောင့်နေတာကအစ ဘတ်စ်ကားပေါ်တက်သွားတာအဆုံးကျောင်းရောက်သွားတဲ့အထိအနောက်ကနေလိုက်ကြည့်နေတဲ့ဝမ်ရိပေါ်က သူ့သားသမီးကိုစိတ်မချလို့ ကျောင်းလိုက်ပို့နေရတဲ့ အဖေကြီးလိုပဲ။

ဝမ်ရိပေါ်ကရှောင်းကျန့်ကိုဂရုစိုက်ပါတယ်

လူတွေကသာ မြင်အောင်မကြည့်ခဲ့ရကြရုံပါ

မြင်ရအောင်လည်းဝမ်ရိပေါ်က
သူ့ရင်ထဲကခံစားချက်တွေကိုတော့
လုံးဝထုတ်ပြလိမ့်မှာမဟုတ်ဘူး

ရှောင်းကျန့်နဲ့ဆိုရင်တောင်မှပေါ့

သူက ဒီအတိုင်းလေးပဲ နေချင်ပါတယ်

မနက်ပိုင်း ရှောင်းကျန့် မျက်နှာလေး မြင်နေရရုံနဲ့တင် သူ့တစ်နေ့တာကပြည့်စုံသွားသလိုပဲ

Trigger [Completed]Where stories live. Discover now