24

3.7K 352 82
                                    

// Scroll Down for ZAWGYI //

[UNICODE]

CHAPTER-24

ဆေးရုံကြီးတစ်ခုရဲ့အခန်းတစ်ခန်းထဲမှာ ကောင်လေးတစ်ယောက်က

အချိန်အကြာကြီး မေ့မြောပြီးတဲ့နောက်မှာ နိုးထလာခဲ့တယ်

ဝမ်ရိပေါ်ကအိမ်မက်ရှည်ကြီးတစ်ခုကိုမက်နေခဲ့တယ်

အိမ်မက်ထဲမှာတော့ရှောင်းကျန့်‌ရောသူရော

တကယ် ပျော်ရွှင်နေကြတာဖြစ်တယ်

မျက်စိကျိန်းလောက်အောင်တောက်ပနေတဲ့နေရောင်ခြည်အောက်မှာ

သူနဲ့ ရှောင်းကျန့်ကတစ်ယောက်နဲ့တစ်ယောက်အချင်းချင်းပြုံးပြကြရင်းလက်တွေကို မြဲနေအောင်ဆုပ်ကိုင်ထားသေးတယ်

ပြီးတော့ သူတို့နှစ်ယောက်ထွက်ပြေးကြတယ်

ဟိုးး အဆုံးသတ်အထိ

မိုးကုပ်စက်ဝိုင်းကုန်လွန်တဲ့အထိ

သူတို့နှစ်ယောက် အနောက်ကိုလုံးဝလှည့်မကြည့်ဘဲပြေးတယ်

မနားတမ်းပြေးနေကြပေမဲ့သူ့လက်ထဲက လက်လေးကြောင့်

ဝမ်ရိပေါ်က အသက်ရှုဖို့ကိုတောင်မေ့လျော့နေခဲ့တယ်

ဘယ်မှန်းမသိတဲ့တစ်နေရာကိုရောက်တဲ့အချိန်မှာရှောင်းကျန့်က

သူ့လက်ထဲကနေ မရမကရုန်းထွက်လို့သူကိုထားရစ်ခဲ့တယ်

သူရဲ့‌ခြေထောက်တွေကိုလှုပ်ရှားပြီးရှောင်းကျန့်ရဲ့အနောက်ကိုပြေးလိုက်ချင်ပေမဲ့

ဘာကြောင့်မှန်းမသိ သူ့ခြေထောက်တွေကသံမှိုနဲ့မြဲ‌နေေအာင်ဆွဲထားသလိုမျိုး

သူ တစ်လှမ်းမှမရွေ့လျားနိုင်ခဲ့ဘူး

သူကိုထားခဲ့ပြီး အဝေးဆုံးကိုထွက်ပြေးသွားခဲ့တဲ့ ရှောင်းကျန့်ရဲ့

ကျောပြင်ငယ်လေးကိုသာကြည့်ရင်း တောင့်တောင့်ကြီးကျန်ရစ်နေခဲ့ရတယ်

သူ ဘယ်လိုမှရုန်းမထွက်နိုင်ဘူး

နွံရိုင်းတွေကသူ့ခြေထောက်တွေကိုဆွဲမြိုထားသလိုမျိုး

Trigger [Completed]Where stories live. Discover now