18

2.9K 318 22
                                    

//Scroll Down for ZAWGYI //

[UNICODE]

CHAPTER-18//Flashback

တရုတ်ပြည်မှာ ဝမ်အိမ်တော်ရဲ့ဝမ်မျိုးရိုးဆိုတာနဲ့ တော်ရုံလူဘယ်သူမှမျက်လုံးနဲ့တောင်စွေကြည့်ရဲမှာမဟုတ်ဘူး

အဲ့လောက်ထိကို ဝမ်အိမ်တော်ရဲ့အာဏာက လူတွေအများကြီးအပေါ်သက်ရောက်တယ်

အိမ်တော်အကြီးကြီးကအပြင်ကနေကြည့်ရင်တော့ တဝင်းဝင်းနဲ့အရောင်တွေလက်လို့

အဲ့ရှေ့ကဖြတ်လျှောက်သွားမိတဲ့သူတိုင်းနှစ်ခါပြန်ငေးမောရတဲ့အိမ်တော်ကြီးပေါ့

အိမ်တော်ကြီးရဲ့ အရှေ့ကဆိုင်းဘုတ်
မှာရွှေရောင်စာလုံးတွေနဲ့ ရေးပြီး
"ဝမ်အိမ်တော်"လို့ ဆိုင်းဘုတ်အကြီးကြီးချိတ်ဆွဲထားသေးတယ်

သာမန်လူတွေအတွက်တော့ သိပ်ကိုအားကျစရာကောင်းတာပဲ

အို တစ်ရက်လောက်များ အဲ့အိမ်ကြီးထဲမှာသွားနေရရင် ကိုယ်တွေအတွက်သေပျော်ပါရဲ့...

ဒီစကားကိုသာ အိမ်ထဲကလူတွေကြားရင် ဘယ်လိုနေမလဲမသိဘူး

အိမ်တော်ကြီးက မိသားစုဝင်သုံးယောက်ပဲရှိတဲ့မိသားစုအတွက်တော့သိပ်ကိုကြီးလွန်းနေတာအမှန်ပဲ

ပုံမှန်ဆို အိမ်တော်အကြီးကြီးထဲမှာမိသားစုတွေ စုံစုံလင်လင်ရယ်မောပျော်ရွင်နေရမဲ့အစားဝမ်အိမ်တော်ကြီးကတော့ မှောင်မဲတိတ်ဆိတ်လို့...

အိမ်တော်ကြီးရဲ့ အခန်းပေါင်းများစွာထဲကမှ ဘယ်ကမှန်းမသိတဲ့အခန်းတစ်ခန်းထဲကနေမိန်းမတစ်ယောက်ရဲ့ ငိုရှိုက်သံ သဲ့သဲ့က ကြက်သီးထစရာကောင်းလောက်အောင်ပါပဲ

သေချာနားထောင်ကြည့်ရင်တော့
ရင်နာစရာသိပ်ကောင်းတဲ့
မိန်းမတစ်‌ယောက်ရဲ့နာကျည်းမှုတွေပေါ့

အဲ့အချိန်မှာပဲ ကလေးတစ်ယောက်ရဲ့

အော်ငိုသံကလည်း တိတ်ဆိတ်နေတဲ့အိမ်ကြီးတစ်ဝိုက်မှာ စူးခနဲထွက်ပေါ်လာတယ်

ခုနက မိန်းမတစ်ယောက်ရဲ့ငိုသံတွေနေရာမှာ ကလေးတစ်ယောက်ရဲ့အော်ငိုသံ ခပ်ကျယ်ကျယ်ကနေရာယူသွားပြီ

Trigger [Completed]Where stories live. Discover now