12

3.5K 517 27
                                    

CHAPTER-12

//Scroll down for Zawgyi//

[UNICODE]

ရှောင်းကျန့် တစ်ညလုံး အိမ်ပြန်မလာလို့ စိတ်ပူနေတဲ့ ရှောင်းကျန့်မားက
ညနှစ်နာရီကျော်တာတောင်မအိပ်ဘဲ
ထိုင်စောင့်နေတယ်

ရှောင်းကျန့်က တခြားသူတွေအမြင်မှာ
ဘယ်လောက်ပဲသန်မာတယ်လို့ထင်ရပေမဲ့ သူ့သားလေး ဘယ်လောက်အားနည်းလဲဆိုတာ အမေဖြစ်တဲ့သူအသိဆုံးပဲ

ရှောင်းကျန့်က ငယ်ငယ်က
သိပ်ကိုချစ်ဖို့ကောင်းတဲ့ကလေး

လူတိုင်းကိုပြုံးပြတတ်ပြီး
ပျော်ပျော်နေတတ်တဲ့ ကလေးလေး

အဲ့တာတွေကလည်းအဖြစ်အပျက်ဆိုးကြီးတစ်ခုမဖြစ်ခင်ထိပဲ

အဲ့တုန်းကဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကြီးတစ်ခုလုံးကိုရှောင်းကျန့် မေ့သွားပါတယ်လို့ဆရာဝန်‌တွေကဘယ်လောက်ပဲပြောပြော ရှောင်းကျန့်က အဲ့ကိစ္စ‌ဖြစ်ပြီး‌နောက်ပိုင်းမှာ သူရဲ့အပြုံးတွေသိသိသာသာ လျော့နည်းသွားတာ
ရှောင်းကျန့်မားမျက်မြင်ပဲလေ

သိပ်သဘောကောင်းလွန်းတဲ့သူရဲ့ကလေးလေးကိုမှ ဒီလိုတွေဖြစ်ရလေခြင်းဆိုပြီး ငိုကြွေးပစ်လိုက်ချင်ပေမဲ့ သားလေးရှေ့မှာ ဒီကိစ္စအကြောင်းလုံးဝမဟတော့ဘူးလို့ဆုံးဖြတ်ထားတာမို့ ရှောင်းကျန့်မားက‌တော့ ဒီအတိုင်းတိတ်တိတ်လေးနေခဲ့တယ်

အဲ့ကိစ္စဖြစ်ပြီးနောက်ပိုင်းမှာသိသိသာသာ ခြူခြာလာတဲ့သူ့သားလေး ရှောင်းကျန့်ရဲ့ကျန်းမာရေး

ဒါကြောင့်လည်း ရှောင်းကျန့် မားက
အများကြီး ပိုပြီးဂရုစိုက်ပေးခဲ့ဝာာ

ခုတော့ သူ့သားလေးကယောက်ျားလေးတစ်ယောက်နဲ့ကြိုက်နေတာပါတဲ့

တခြား အမေတွေသာဆို လက်မခံနိုင်ဘူးဆိုပြီး သောင်းကျန်းကြမှာဆိုပေမဲ့
ရှောင်းကျန့်မားကတော့ ရှောင်းကျန့်စိတ်ချမ်းသာဖို့ကိုပဲ ရွေးချယ်ခဲ့တယ်

Trigger [Completed]Où les histoires vivent. Découvrez maintenant