20

2.7K 284 28
                                    

// Scroll Down for ZAWGYI //

[UNICODE]

CHAPTER-20 //Flashback

ဝမ်ရိပေါ်နဲ့ရှောင်းကျန့်ရဲ့ဆက်ဆံရေးက‌တော့ ဟိုလိုလိုဒီလိုလိုလိမ်ဖယ် လိမ်ဖယ်နဲ့ရှေ့ဆက်နေရတုန်းပါပဲ

ဒီစကားကိုမပြောချင်ပေမဲ့ သူရဲ့
ရှောင်းကျန့်ကတကယ်ပဲခပ်ဒူဒူနဲ့ရယ်

ရေခဲတုံးရိပေါ်ရဲ့‌ အေးစက်စက်အထာပေးမှု‌တွေကိုငတုံးလေးရှောင်းကျန့်ကတော့သေချာ‌ပေါက်မမြင်နိုင်ခဲ့ဘူး

သူ့မျက်လုံးထဲမှာတော့ ဂျစ်တစ်တစ်နဲ့ဝမ်ရိပေါ်က သူရဲ့ခပ်ဆိုးဆိုးညီလေးလိုပဲ

ဝမ်ရိပေါ်ရဲ့ဉာဏ်များမှုအကြောင်းပြုလို့စာသင်ပေးနေရတဲ့ရှောင်းကျန့်ကတကယ်အတည်ပေါက်ကြီး ဝမ်ရိပေါ်ကိုစာတွေသင်ပေးနေတာဖြစ်တယ်

ဝမ်ရိပေါ်တို့တော့ရူးခါချင်သွားတာပါပဲ

ဝမ်ရိပေါ်စာမရရင် ရှောင်းကျန့်ရဲ့နှုတ်ခမ်းရဲရဲလေးကရှေ့ထွက်လာပြီး မကျေမနပ်နဲ့ထော်လာသေးတယ်

ပြီးရင် နှုတ်ခမ်းသေးသေးလေးကနေစကားတွေမရပ်မနားပြောလို့သူကိုလှိမ့်ဆူတော့တာပဲ

ပြောပါတယ် သူရဲ့ ကိုကြီးရှောင်းက
ချစ်ဖို့ကောင်းလွန်းပါတယ်ဆို

"ရိပေါ် မင်း ဒီပုစ္ဆာကိုနားလည်ပြီလား"

"ဟင့်အင်း"

"ဟမ်!!? ဟူးးးး ရိပေါ်နားမလည်ရင်အစ်ကိုထပ်ရှင်းပြမယ်နော်

ဒါကလေ ဒီလိုလေ 'x'ကိုညီမျှခြင်း
တစ်ဖက်ကိုပို့လိုက်.....သိပြီလား"

"ဟင့်အင်း"

"ဝမ်ရိပေါ် ဒီလောက်လွယ်တာလေးကိုတော့ မသိဘူးဆိုတော့မဟုတ်သေးဘူးနော်

ကျောင်းမှာ နည်းနည်းလေးတောင်

မသင်လာဘူးလား"

"ဟင့်အင်းး"

"ဘာ? မင်း ဒီတစ်လုံးပဲပြောနေတော့မှာလား တော်ပြီ တော်ပြီ

ပြန်တော့ ဒီနေ့ဆက်မသင်တော့ဘူး"

ဝမ်ရိပေါ်တို့ ခေါင်းကိုက်ရတဲ့အခိုက်အတန့်တွေပါပဲ

Trigger [Completed]Where stories live. Discover now