21

2.6K 278 52
                                    

// Scroll Down for ZAWGYI //

[UNICODE]

CHAPTER-21 Flashback

ဒီနေ့ မိုးလေဝသ သတင်းအရနေသာမယ်တဲ့

ဝမ်ရိပေါ်က အခုလိုမိုးလေဝသသတင်းတွေကိုစိတ်ဝင်တစားနားထောင်တတ်တဲ့လူမဟုတ်ဘူး

ဒါပေမယ့် သူကားပေါ်မှာထိုင်နေရင်းနဲ့အမှတ်မထင်ပဲ အရှေ့ကဖွင့်ထားတဲ့

ရေဒီယိုကနေတစ်ဆင့်ကြားလိုက်ရတာ

နေသာတဲ့နေ့ဆိုမှ သူရှောင်းကျန့်နဲ့ပထမဆုံးတွေ့ခဲ့ရတဲ့နေ့ကိုပြန်သတိရမိတယ်

အဲ့နေ့ကလည်း နေသာနေခဲ့တာပဲလေ

နေသာတဲ့နေ့တစ်နေ့မှာ အလှဆုံးပြုံးနေတတ်တဲ့ နှုတ်ခမ်းအောက်ကမှဲ့နက်လေးကစိန်ပွင့်‌လေးလိုတလက်လက်နဲ့

ကျန့်ကောကလေသိပ်ကိုစွဲမက်စရာကောင်းတယ်

အဲ့တည်းကသူသေချာခဲ့တာပါပဲ

သူ ကျန့်ကောနဲ့ပဲတစ်သက်လုံးရှိသွားချင်တယ်ဆိုတာကိုလေ

ဒီရက်တွေကြားထဲမှာလည်းကျန့်ကောရဲ့အတည်ပေါက်စာသင်မှုကြီးအောက်မှာ

စာမသင်ချင်တဲ့ကျောင်းသားဆိုးလေး ဝမ်ရိပေါ်ကအလူးအလဲနဲ့ လှိမ့်ပိတ်ပြီးသင်နေရတာပါပဲ

စာသေချာလိုက်မလုပ်ရင်ဆက်မသင်တော့ဘူးဆိုတဲ့ကျန့်ကောရဲ့ခြိမ်းခြောက်သံလေးကသူအတွက်အလုပ်ဖြစ်ခဲ့တယ်ထင်ပါရဲ့..

ဝမ်ရိပေါ်ကသူသိပ်မုန်းတဲ့ သင်္ချာEquationsတွေကိုမူးနောက်နေအောင်တွက်ရသေးတယ်

ပုစ္ဆာတော်တော်များများရဲ့မေးခွန်းက

'x'ကိုရှာပါလို့ မေးတတ်တယ်

သူ့ဘဝရဲ့ 'x'ကိုတော့သူရှာတွေ့ခဲ့ပြီ

အဲ့ 'x'ကတော့ သူသိပ်မုန်းတဲ့

သင်္ချာစာအုပ်ထဲက စာလုံးမဟုတ်ဘဲ

သူရင်ဘတ်ထဲမှာ တမြတ်တနိုးစာတန်းထိုးထားတဲ့ Xiao Zhanရဲ့ 'X'ပဲဖြစ်တယ်

ဝမ်ရိပေါ်ကအဲ့လောက်ထိကိုရူးသွပ်တယ်

သူရဲ့ ရူးသွပ်မှုတွေအားလုံးရဲ့မြစ်ဖျားခံ‌ အစ်ကိုကြီးကတော့

Trigger [Completed]जहाँ कहानियाँ रहती हैं। अभी खोजें