16

3.4K 406 20
                                    

//Scroll Down for ZAWGYI //

CHAPTER-16

[UNICODE]

Suggested Song- Heartbreak Anniversary

ခပ်သေးသေး ကော်ဖီဆိုင်လေးထဲမှာ

ဧည်သည်ဆိုလို့ ဝမ်ရိပေါ်နဲ့ရှောင်းကျန့်ပဲရှိတယ်...

ဆွေး‌မြေ့စရာကောင်းတဲ့အခုလိုအနေအထားမျိုးမှာ အသည်းကွဲသီချင်းတစ်ပုဒ်ကလည်းပျံ့လွင်‌နေတယ်

မကြာခင် ဝေးရတော့မဲ့ သူတို့နှစ်ယောက်အတွက် အရာအားလုံးကအဆင်သင့်ဖြစ်နေသလိုပါပဲ

တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်မှာ

ပထမဆုံးထွက်လာတဲ့ စကားသံကရှောင်းကျန့်ဆီကပဲဖြစ်တယ်

"ငါတို့လမ်းခွဲကြရအောင် ဝမ်ရိပေါ်"

နဂိုတည်းကတိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ကအခုချိန်မှာတော့အရာအားလုံးရပ်တန့်သွားသလိုမျိုး

ငြိမ်သက်သွားခဲ့တယ်

ဝမ်ရိပေါ်ရဲ့ တစ်ဖက်ခြမ်းကိုသေချာနားထောင်မယ်ဆိုရင် ခွမ်းခနဲဆိုပြီး

သူရဲ့အရာအားလုံး ပြိုလဲပျက်စီးသွားတဲ့အသံကိုပါကြားရလောက်တယ်

ဝမ်ရိပေါ်တိတ်ဆိတ်နေရခြင်းဟာအပြင်းထန်ဆုံးသောနာကျင်မှုတွေကိုခံစားနေရလို့ပဲဖြစ်တယ်

ဝမ်ရိပေါ်ရဲ့ ရင်ထဲမှာ သံမှိုဆွဲရိုက်ထားသလိုမျိုး ရှိနေတဲ့ အကြောင်းအရာတစ်ခုကလည်း သူ့ဦးနှောက်ထဲကို

ခပ်ပြင်းပြင်းလာရိုက်ခတ်တယ်

ချစ်တယ်ပြောပြီးသူကိုထားသွားကြပြန်ပြီ..အချစ် ဘာအချစ်လဲ.. အလကား အပိုတွေ

ဝမ်ရိပေါ်ကိုချစ်ပါတယ်လို့စပြောခဲ့တာလည်းသူတို့ပဲဖြစ်သလို

အရင်ဆုံးထားပစ်ခဲ့တာလည်းသူတို့ပါပဲ

ဒါပေမယ့် သူတို့ရဲ့ဇာတ်လမ်းထဲမှာတော့ဝမ်ရိပေါ်ဟာလူဆိုးတစ်ယောက်ပေါ့

ဝမ်ရိပေါ်ကမချစ်ဘူးလို့ပြောရင်လူတွေက အသည်းနှလုံးမရှိတဲ့ကောင်ဆိုပြီး ဝိုင်းပြောကြတယ်

ဝမ်ရိပေါ်ဟာ ချစ်တယ်ဆိုတဲ့စကားကိုဘယ်တော့မှထုတ်မပြောတော့ဘူးလို့ဆုံးဖြတ်ခဲ့တာ လူတွေရဲ့ထားသွားခြင်းကိုခံခဲ့ရတဲ့အချိန်ထဲကပဲ

Trigger [Completed]Hikayelerin yaşadığı yer. Şimdi keşfedin