5

4.8K 611 15
                                    

// Scroll Down for ZAWGYI //

[UNICODE]

CHAPTER-5

ဝမ်ရိပေါ်တဲ့ ပေကျင်းမြို့ရဲ့ အဖိုးတန်ရတနာလေး

အင်းး... ဒါပေမဲ့ ဒီရတနာလေးကတော့
နည်းနည်း ဂျစ်တစ်တစ်နိုင်တယ်

ဝမ်ရိပေါ်ဆိုတဲ့နာမည်တစ်ခုရဲ့နောက်မှာ
တွဲပြီးပါလာတဲ့“အဆိုတော်၊ရုပ်ရှင်မင်းသား၊dancer၊ tracer ၊skateboarder ...” ဆိုတဲ့ ဂုဏ်ပုဒ်တွေကခပ်များများရယ်

လူတွေကလည်း ဝမ်ရိပေါ်ကဝမ်ရိပေါ်ပဲ
ဆိုတာထက် ရုပ်ရှင်မင်းသား ဝမ်ရိပေါ် ၊အဆိုတော် ဝမ်ရိပေါ်၊ Dancerဝမ်ရိ‌ပေါ်
Tracer ဝမ်ရိပေါ်၊ Skateboarder
ဝမ်ရိပေါ် ဆိုတာမျိုးကိုမှပိုပြီးစိတ်ဝင်စားချင်ကြတယ်

ဝမ်ရိပေါ်ကအရမ်းတော်တယ်
သူမလုပ်နိုင်ဘူးဆိုတဲ့အရာမျိုးမရှိဘူးတဲ့
ဒါကတော့ဝမ်ရိပေါ် အပေါ် လူတိုင်း ချီးကျူးနေကြစကားတွေပေါ့

ဒါပေမဲ့လည်း အကောင်းနဲ့အဆိုးဆိုတာ
အမြဲ ဒွန်တွဲနေတာလို့ လူတွေပြောကြတဲ့အတိုင်း ဝမ်ရိပေါ်ဆီမှာ
ဆိုးကွက်လေးတွေလည်းရှိပါတယ်တဲ့။

ဥပမာပြောရရင် ‘ဝမ်ရိပေါ်က သိပ်ကိုအေးတိအေးစက်နိုင်တာပဲ’ဆိုတာမျိုးပေါ့

ဒါပေမဲ့သူကိုကြိုက်တဲ့ ပရိသတ်ကောင်မလေးတွေကတော့  “ရေခဲမင်းသားလေး”လို့ချစ်စနိုးနဲ့ခေါ်ကြတယ်

ဘာပဲပြောပြောဝမ်ရိပေါ်က တချို့အရာတွေကို သူ့ကိစ္စမဟုတ်လို့အဖတ်မလုပ်တာကလွဲရင် ‌တစ်လောကလုံးကို ပတ်ပြီး လက်ခလယ်လိုက်ထောင်ပြနေတာမဟုတ်လို့ အဆင်ပြေတယ်။

ဝမ်ရိပေါ်က ဆိုးတယ်။ သူ့ဘက်က
ဘယ်သူကိုမှဘာမှမလုပ်ဘူးဆိုပေမဲ့ သူကိုလာထိပြီဆိုရင်တော့ အဲ့လူဘဝကို အောက်ဆုံးအထိရောက်သွားအောင် ဆွဲချသွားနိုင်တဲ့နည်းလမ်း‌တွေသူ့ဆီမှာရှိတယ်

ဝမ်ရိပေါ်က အားလုံးရဲ့အမြင်မှာ
ဘယ်သူမှလက်လွတ်စပယ်မထိရလောက်အောင် အထိ မြင့်မားတဲ့ကောင်းကင်ပေါ်ကကြယ်ပွင့်လေး

အဲ့တာတွေအားလုံးကို လူတွေကပဲသတ်မှတ်ကြတာ ဝမ်ရိပေါ်ရဲ့
တကယ့် sideကဘယ်လိုလဲ
ဆိုတာ ဘယ်သူမှမသိဘူး။

သိရအောင်လည်း
ဝမ်ရိပေါ်ကလည်း သူရဲ့ တစ်ဖက် sideကို
ပေါပေါပဲပဲချပြနေတာမှမဟုတ်တာ..

အင်း တစ်စုံတစ်ယောက်အတွက်ကလွဲရင်ပေါ့

ဝမ်ရိပေါ်က ကောင်မလေးလည်းရှုပ်တတ်သေးတယ်။

ရှုပ်တယ်ဆိုရအောင်လည်းတကယ်လို့ဝမ်ရိပေါ်လိုမျိုးခပ်မိုက်မိုက်၊ခပ်လန်းလန်းကောင်လေးက
မျက်ခုံးပင့်ပြလာခဲ့ရင် ငြင်းဆန်ဖို့နည်းနည်းခက်တယ်လေ..

ဒီလောက်ကြည့်ကောင်းတဲ့လူတစ်ယောက်ကို ငြင်းပစ်လိုက်ဖို့ကျတော့ အင်း..တအားနှမြောစရာကောင်းတယ်လေ

တော်တော်များများကတော့ဝမ်ရိပေါ်ဆိုတဲ့ ခပ်မိုက်မိုက်ကောင်လေးရဲ့
ရင်ခွင်ကျယ်ကျယ်ကြီးထဲအပြီးတိုင် ခိုဝင်ပစ်လိုက်ချင်တဲ့လူတွေချည်းပဲ။

အခုတောင် သူသိပ်ပိုင်ဆိုင်ချင်လှပါပြီဆိုတဲ့ ရှောင်းကျန့်နဲ့တောင်
တရှိုက်မက်မက် နမ်းရှုံ့နေကြသေးတာ။

ဝမ်ရိပေါ်နဲ့ ပတ်သက်ခွင့်ရတဲ့ မိန်းကလေးတွေရဲ့ သက်တမ်းက တစ်ရက် ဒါမှမဟုတ် နှစ်ရက်
သူစိတ်ပါရင်တော့ အဲ့ကောင်မလေးနဲ့
တစ်ပတ်လောက်တွဲသွားတွဲလာလုပ်ဖြစ်မှာပေါ့..

ဒါပေမဲ့ သူအခုနမ်းနေတဲ့ ရှောင်းကျန့်ကတော့ သူ့အတွက်တစ်သက်လုံးပါတဲ့

ရှောင်းကျန့်ကို တစ်သက်လုံးသူဘေးမှာ ချည်နှောင်ထားပစ်တော့မှာ အချစ်မဟုတ်တဲ့ တခြားအရာတွေနဲ့ပေါ့

အနားမှာရှိစေချင်ရင် အချစ်တွေ မေတ္တာတွေ သစ္စာတရားတွေနဲ့ချည်မှမြဲမယ်လို့
ဘယ်အဖိုးကြီးတွေကများအားအားယားယား
စာအုပ်တွေထဲ ထည့်ရေးခဲ့တာလဲ

ဝမ်ရိပေါ်ကတော့ အဲ့ပေါတောတော
ယူဆချက်တွေကို နည်းနည်းလေးတောင်
ခေါင်းထဲထည့်နေမှာမဟုတ်ဘူး

ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်ရဲ့ ထူးထူးခြားခြားဆက်ဆံရေးကို တစ်လောကလုံးသိအောင်
မဖြစ်မနေကြီး ချပြစရာမလိုဘူးလို့
နှစ်ယောက်လုံးကတွေးတယ်

ရှောင်းကျန့်ကလည်း သူကြိုက်နေတဲ့သူက ယောက်ျားတစ်ယောက်ပါဆိုတာကို ချပြဖို့နည်းနည်းတော့ တစ်မျိုးဖြစ်နေတုန်းပဲ။

အထူးသဖြင့် အဲ့ယောက်ျားက နာမည်ကြီးဝမ်ရိပေါ်ဖြစ်နေတဲ့အခါမှပေါ့။

ဝမ်ရိပေါ်ဆိုတာ သိပ်ကိုနာမည်ကြီးတဲ့
ကောင်လေး၊ လူတွေက သူဆိုတဲ့သီချင်းတွေဆို သိပ်ကြိုက်ကြတယ်၊သူရိုက်တဲ့ ရုပ်ရှင်တွေ seriesတွေဆို သဘောကျကြတယ်။


ဝမ်ရိပေါ် ကတာမြင်ရဖို့ဆို
တစ်နေ့လုံး ထိုင်စောင့်နိုင်လောက်တဲ့အထိ ရူးသွပ်ကြတယ်။ Motorcycle ပြိုင်ပွဲလိုနေရာမျိုးမှာတောင် Tracer 85ဝမ်ရိပေါ် ကိုအားပေးမဲ့လူထုကြီးက ဒုနဲ့ဒေး

ဝမ်ရိပေါ်ရဲ့တွဲခဲ့တဲ့ကောင်မလေး‌ပေါင်းသောင်းခြောက်ထောင်ရဲ့အကြောင်းတွေကိုတော့
ရှောင်းကျန့်ကခေါင်းထဲသိပ်မထည့်ဖို့ကြိုးစားတယ်။

အဲ့တာသူနဲ့မသိခင်ဝမ်ရိပေါ်ရဲ့အရင်က ကိစ္စတွေပဲလို့ ပေါ့ပေါ့လေးတွေးပစ်တယ်။

အရင်က ကိစ္စတွေလောက်နဲ့ ဝမ်ရိပေါ်ကို
သူထိုင်ပြဿနာရှာရအောင်‌လည်း
ရှောင်းကျန့်က ခုမှရည်းစားစထားဖူးတဲ့ ဆယ်ကျော်သက်ကောင်မလေးမှဟုတ်မနေဘဲ။

ဝမ်ရိပေါ်ကဝောာ့လူတွေကိုဘယ်လောက်ပဲ
ဂရုမစိုက်ဘူးလို့ပဲပြောပြော၊ ယောက်ျားချင်းကြိုက်တာကို လူတွေလက်ခံလာပါပြီလို့ပဲပြောပြော သူတို့ကိုနှာခေါင်းရှုံ့အပြစ်တင်မဲ့လူတစ်စုက ရှိနေဆဲပဲလေ

သူတို့ဆက်ဆံရေးကိုမဖြစ်မနေ ချပြဖို့
မလိုအပ်ဘူးဆိုပေမဲ့အတင်းကြီးဖုံးဖိထားမှာတော့ မဟုတ်ဘူး။

သူ ဝမ်ရိပေါ်ဆိုတဲ့ကောင်လေးနဲ့ ပတ်သက်ခဲ့တာဟာ အမှားတစ်ခုမဟုတ်ဘူးဆိုတာ
သူကောင်းကောင်းကြီးယုံတယ်

ရှောင်းကျန့် ဝမ်ရိပေါ်နဲ့တွေ့ရင်
သဘောအကျဆုံးအချိန်က ဝမ်ရိပေါ်
သူကိုကားနဲ့လာခေါ်ပြီးလျှောက်သွားကြတဲ့အချိန်ပဲ။

ဝမ်ရိပေါ်လို ဆိုင်ကယ်စီးတာ အရမ်းတော်တဲ့ Tracerတစ်ယောက်ကို ရှောင်းကျန့်က
သူနဲ့တွေ့ရင်ကားနဲ့ပဲလာပါလို့ ပြောတယ်။

ဝမ်ရိပေါ် ကားမောင်းတဲ့အချိန်ဆို
တကယ်ပဲကြည့်ကောင်းတာ
လူတစ်ယောက်ကားမောင်းတာကိုကြည့်ရင် အဲ့လူရဲ့ အကျင့်စရိုက်ကို ခန့်မှန်းနိုင်တယ်တဲ့

ဝမ်ရိပေါ်ရဲ့ အကျင့်စရိုက်ကိုတော့
ကားမောင်းတာလေးကြည့်ရုံနဲ့တင် ကျိန်းသေပေါက်ပြောနိုင်မှာမဟုတ်ဘူး။

အင်း…ဝမ်ရိပေါ်ကသိပ်ကို ထူးဆန်းတဲ့
ကောင်လေး...

‌ဝမ်ရိပေါ် ကားမောင်းနေတာကို
ရှောင်းကျန့်ကဘေးခုံမှာ အေးဆေးထိုင်‌ရင်း radio ကလာတဲ့ သီချင်းတစ်ပုဒ်ကို တိုးတိုးလေး ညည်းရင်းနဲ့ရှောင်းကျန့်ကရုတ်တရက်လှမ်း ပြောလိုက်တယ်။

“ကားမောင်းသင်ချင်တယ်”

“ခုထိကားမမောင်းတတ်သေးဘူးလား”

ဝမ်ရိပေါ်ကတကယ်ပဲသိချင်လို့ မေးလိုက်တာဖြစ်တယ်။

ရှောင်းကျန့်က ကားမောင်းရတာ အရမ်းကြိုက်လို့ သူကိုအမြဲတမ်းကားနဲ့ပဲလာခေါ်ခိုင်းတာ မဟုတ်ဘူးလား

“ဟင့်အင်း..မမောင်းတတ်သေးဘူး
အဲ့တာ ရိပေါ် သင်ပေး သင်ပြီးသွားရင် ကားမောင်းလိုင်စင်သွားဖြေမယ်လေ”

ဝမ်ရိပေါ်လည်း ငြင်းဖို့ စိတ်ကူးမရှိတာနဲ့ပဲ သင်ပေးဖို့ လက်ခံလိုက်တယ်

ကား‌မောင်းသင်ရမှာတအားတက်ကြွနေတဲ့
ရှောင်းကျန့်ကတော့ အခုချက်ချင်းပဲသင်ချင်တယ်ဆိုပြီး
ဂျီကျတော့တာပဲ

ဟုတ်တယ် ရှောင်းကျန့်က ဝမ်ရိပေါ်နဲ့ဆို
ဆိုးတယ်။

ညသန်းခေါင်ကြီး ပေါက်ဆီစားချင်တယ်ဆိုပြီး ဖုန်းထဆက်တာမျိုး

ရိပေါ် သီချင်းဆိုတာ နားထောင်ချင်ပါတယ်ဆိုပြီး Rapper ဝမ်ရိပေါ်ကို သူကြိုက်တဲ့
ခပ်အေးအေးballadသီချင်းတွေ
အတင်းဆိုခိုင်းတာမျိုး

Street Dance of china Champion
ဝမ်ရိပေါ်ကိုမှ သူသဘောကျတဲ့ koreaကမိန်းကလေးအဖွဲ့သီချင်းတွေ
ကပြပါဆိုပြီး ထသောင်းကျန်းတာမျိုး

အခုဆို ကားမောင်းသင်ချင်တယ်ဆိုပြီး ဝမ်ရိပေါ်အခုမောင်းနေတဲ့ကားကိုလမ်းဘေး အတင်းထိုးရပ်ခိုင်းပြီး သင်ခိုင်းတာမျိုး

ဝမ်ရိ‌ပေါ်ကဆိုးတယ် ဆိုပြီး
လူတွေကပြောနေကြပေမဲ့
ဆိုးပါတယ်ဆိုတဲ့လူဆိုးလေးဝမ်ရိပေါ်လည်း
ရှောင်းကျန့်နဲ့တွေ့တဲ့အခါမှာတော့
ရှောင်းကျန့်ကသူထက်ပိုဆိုးတယ်ဆိုတာကို လက်ခံလိုက်ရတယ်။

Trigger [Completed]Where stories live. Discover now