8

3.9K 555 33
                                    

// Scroll Down for ZAWGYI //

[UNICODE]

CHAPTER-8

(Suggested Song-Love the way you lie-Eminem Ft:Rihanna)

ရှောင်းကျန့် Barကို ရောက်ရောက်ချင်း သူကို ‌ပစ်ထားတဲ့ သူရဲ့တစ်ဦးတည်းသော ဝမ်ရိပေါ်ကို အရင်ဆုံး ရှာမိတယ်

တကယ်တမ်းတွေ့လိုက်ရတော့လည်း ရှောင်းကျန့်ကိုတကယ်ဘာစကားမှဆက်ပြောနိုင်တော့လောက်အောင်ဝမ်ရိ‌ပေါ်ကလုပ်ပစ်နိုင်စွမ်းရှိတာပဲ

ဝမ်ရိပေါ်ရဲ့အချစ်က သိပ်ကိုအန္တရာယ်များတာပဲတဲ့ လူတွေပြောကြတယ်

အဲ့ အန္တရာယ်များပါတယ်ဆိုတဲ့ ဝမ်ရိပေါ်နားကိုပဲ
ကပ်ချင်နေကြတဲ့ လူတွေကလည်းအများကြီးပဲ

အန္တရာယ်များတယ်ဆိုတာသိရက်သားနဲ့တောင်မှ ဝမ်ရိပေါ်အတွက်နဲ့ဆိုစွန့်စားလိုက်ရလည်းဖြစ်တယ်ဆိုပြီးတွေးမိကြတဲ့အထိဝမ်ရိပေါ်ရဲ့ဆွဲဆောင်မှုအားကပြင်းတယ်။

ဝမ်ရိပေါ်ကသံလိုက်တစ်ခုလိုပဲ
ဝမ်ရိပေါ်လို့အမည်တွင်တဲ့သံလိုက်ဆီမှာ
ကပ်တွယ်ချင်တဲ့ သံမှုန့်သံစတွေကအများကြီးရယ်

ရှောင်းကျန့်ကတော့အဲ့ဒီသံမှုန့်သံစတွေအများကြီးထဲက တစ်ခုမဖြစ်ချင်ခဲ့ဘူး

ဝမ်ရိပေါ်ဆိုတဲ့သံလိုက်စက်ကွင်းထဲမှာ
သူတစ်ယောက်တည်းရုန်းထွက်မရနိုင်တဲ့အထိ ပိတ်မိနေချင်တာ

ဒါပေမဲ့ ရှောင်းကျန့်စိတ်ကူးတွေကဒီတိုင်း
ဆောင်းရာသီမှာမက်နေကြအိမ်မက်‌တွေလိုပဲ ထင်ပါရဲ့ ရှည်လျားပေမဲ့အဓိပ္ပာယ်မရှိဘူး

သူကသာ ဝမ်ရိပေါ်ကိုတွေ့ချင်လွန်းလို့
ရူးမတတ်ဖြစ်နေခဲ့ရပေမဲ့ ဝမ်ရိပေါ်ကတော့ သူမရှိလည်းပျော်နေနိုင်သားပဲ

သူကိုယ်သူ သိပ်အထင်ကြီးမိသွားတယ်ထင်ပါရဲ့

သူနဲ့ဝမ်ရိပေါ်ကြားက ဘာမှန်းမသိတဲ့ပြဿနာကို သူများ ရည်းစားတွေကြားဖြစ်လေ့ဖြစ်ထရှိတဲ့ သာမန်ကာလျှံကာ စိတ်ကောက်တာမျိုးလို့
ခပ်ပေါ့ပေါ့တွေးမိတာ သိပ်မှားသွားတာပဲ။

Trigger [Completed]Unde poveștirile trăiesc. Descoperă acum