6

4.3K 628 38
                                    

// Scroll Down for ZAWGYI //

[UNICODE]

CHAPTER-6

Suggested song- 내 사랑-이하이

Recommended Movie- Scarlet Heart:Ryeo(보보경심 려)/Moon lovers(달의 연인)

ရှောင်းကျန့်နဲ့ဝမ်ရိပေါ်ရဲ့ ဆက်ဆံရေးက
သူများ ချစ်သူရည်းစားစုံတွဲတွေလိုမျိုး
ပုံမှန်ဆက်ဆံ‌ရေးပါပဲ

ပုံမှန်မဟုတ်တာက ရှောင်းကျန့်အစကတော့ ဝမ်ရိပေါ်ကိုဒီအတိုင်းရင်ခုန်လို့ တွဲခဲ့တာဆိုပေမဲ့ ခုချိန်မှာရင်ခုန်သံတွေကနေအချစ်ဆိုတာကို ပြောင်းလဲ‌နေပြီဆိုတာကို
သူလက်မခံချင်ပေမဲ့ လက်ခံရတော့မယ်

အချစ်ကဘာလဲဆိုတာကိုတော့ သူတကယ်
စဉ်းစားရကျပ်နေတုန်းပဲ။ ပြီးတော့
သူချစ်တဲ့သူကဝမ်ရိပေါ်ဖြစ်နေတဲ့အခါ
ပိုပြီးတော့တောင်စဉ်းစားရခက်သေးတယ်

သူ့ဘဝမှာ ယောက်ျားတစ်ယောက်ကို
ချစ်မိသွားလို့အခုလို‌ခေါင်းခြောက်လောက်အောင်အကြီးအကျယ်ထိုင်စဉ်းစားနေရလိမ့်မယ်လို့ တစ်ခါမှမတွေးမိခဲ့ဖူးဘူး။

ဒါပေမဲ့ သူကြောက်နေတုန်းပဲ
ဝမ်ရိပေါ် သူကိုတကယ်ချစ်ရဲ့လား ဆိုတာ
သူတကယ်ပဲမသိဘူး

ဝမ်ရိပေါ်ရဲ့မျက်လုံးတွေထဲမှာ သူကိုချစ်တယ်ဆိုတဲ့အရိပ်အယောင်လေး
တစ်စွန်းတစ်စတောင်မှဖမ်းမမိတဲ့အခါ ရှာမရတဲ့အခါ မသိမသာရင်နာရတာကတော့
ရှောင်းကျန့်ပဲ

အစကအချစ်ဆိုတာကိုမလိုအပ်ပါဘူးလို့ပြောခဲ့တာလည်း ရှောင်းကျန့်ပဲဖြစ်သလို
အခုချိန်မှာ ဝမ်ရိပေါ်ဆီကပြန်ရလာမဲ့
ချစ်ခြင်းတရား‌တွေကိုအားကိုးတကြီး မျှော်လင့်နေတာလည်းရှောင်းကျန့်ပဲဖြစ်တယ်

ရှောင်းကျန့်ကို ခုလိုဖြစ်အောင် လုပ်ထားတဲ့ ဝမ်ရိပေါ်ကတော့ အခုသူနဲ့အတူတူ ရုပ်ရှင်ကားကို အေးဆေးထိုင်ကြည့်နေလေရဲ့

အခု သူတို့ ကြည့်နေတဲ့ ရုပ်ရှင်ကားက
ခပ်ဆွေးဆွေး ကိုရီးယား drama series တစ်ခု

ဒီဇာတ်ကားကြည့်ဖို့ကိုလည်း ရှောင်းကျန့်ကပဲအရင်ပြောခဲ့တာ

များသောအားဖြင့်ချစ်သူရည်းစားတွေ ရုပ်ရှင်အတူတူကြည့်ကြမယ်ဆို သေချာပေါက် Romanticကားကိုပဲကြည့်ကြမှာဆိုပေမဲ့ အသည်းကွဲဇာတ်လမ်းထိုင်ကြည့်‌နေတဲ့ ရှောင်းကျန့်နဲ့ဝမ်ရိပေါ်ကနည်းနည်းတော့ ထူးဆန်းတယ်ပြောရမယ်။

ခုရောက်နေတာက ဇာတ်ကားရဲ့နောက်ဆုံးပိုင်း
ဒီဇာတ်ကားကိုရှောင်းကျန့်တစ်ယောက်တည်း နေတုန်းကလည်း ထပ်ခါထပ်ခါကြည့်ဖူးတယ်
ကြည့်တိုင်းလည်း ငိုရတုန်းပဲ။

အသည်းကွဲဇာတ်လမ်းကြည့်နေတာတောင် ဝမ်ရိပေါ်ကတော့မျက်နှာတစ်ချက်မပျက်ဘဲ အေးဆေး ကြည့်နေနိုင်တုန်းပဲ

ဇာတ်လမ်းထဲက မင်းသမီးကနေမကောင်းဘူး။ သေရတော့မှာ ဒါမဲ့သူ့ဘေးမှာ
သူသိပ်ချစ်ရတဲ့ မင်းသားကမရှိဘူး။ မင်းသမီးကိုတခြားမင်းသား တစ်ယောက်နဲ့အထင်လွဲနေတဲ့ မင်းသားက နောက်ဆုံးအချိန်ထိတောင် သေခါနီးဖြစ်‌နေတဲ့မင်းသမီးကိုလာမတွေ့ခဲ့ဘူး

ဒါကိုမသိတဲ့ မင်းသမီးကတော့ နောက်ဆုံးအချိန်ထိတောင် သူသိပ်ချစ်ရတဲ့ မင်းသား သူဆီရောက်လာဖို့ကို မျှော်လင့်နေတုန်း၊ မင်းသားရဲ့ပုံတူပန်းချီတွေ တစ်ပုံပြီးတစ်ပုံဆွဲရင်း မင်းသားအတွက်စာတွေတစ်စောင်ပြီးတစ်စောင်ရေးရင်းနဲ့မင်းသားကိုစောင့်နေတုန်း

မင်းသမီးကသေမယ်မှန်းသိသိရက်နဲ့တောင် မင်းသားရဲ့ကလေးကိုရအောင်မွေးမယ်ဆိုပြီး ခေါင်းမာနေတုန်းပဲ...

မင်းသားကိုအရမ်း‌တွေ့ချင်‌နေတဲ့ သေခါနီး မင်းသမီးက စာတွေတစ်စောင်ပြီး‌တစ်စောင်ပို့ရင်း သူကိုလာတွေ့‌ပေးဖို့တောင်းဆိုနေတုန်းပဲ။

ဘာပဲဖြစ်ဖြစ် အထင်လွဲနေတဲ့ မင်းသားကတော့ စာတွေကိုလည်းတစ်စောင်မှမဖတ်ဘဲ အရင်အတိုင်း မင်းသမီးကိုရော အရာအားလုံးကို မုန်းတီးနေဆဲ...

မင်းသမီးကတော့ သူသိပ်ချစ်ရတဲ့သူကို သေခါနီးအထိ မျှော်လင့်နေရင်းနဲ့ပဲ
မင်းသားကတော့သူကိုသိပ်မုန်း‌နေလို့လာမ‌တွေ့တာပါ ဆိုပြီးထင်သွားရှာတယ်။

မင်းသမီးကနောက်ဆုံးအချိန်ထိတောင်
သူအရင်တုန်းက မင်းသားအတွက်
ဆိုပြခဲ့ဖူးတဲ့သီချင်းလေးကိုနားထောင်ရင်းနဲ့
စောင့်နေတုန်းပဲ

‌မင်းသားသူဆီပြန်မလာတော့ဘူးဆိုတာကို
သိလိုက်ရတဲ့အချိန် မျှော်လင့်ချက်တွေအကုန်လွှတ်ချလိုက်ရတဲ့အချိန် အရာအားလုံး ပြီးဆုံးသွားတော့မဲ့အချိန်ပေါ့

မင်းသမီးဘေးက မင်းသမီးကိုတစ်ဖက်သတ်ချစ်‌နေတဲ့
ဒုတိယမင်းသားလေးက မေးတယ်

“ဆိုး... မင်းရဲ့နောက်ဘဝကျရင်
ငါကိုမှတ်မိနေပေးမယ်မဟုတ်လား”

“မေ့ပစ်မှာပါ
ကျွန်မအရာအားလုံးကိုမေ့ပစ်မှာပါ
အိမ်မက်တွေထဲအထိပါ မေ့ပစ်မှာပါ
အရာအားလုံးကို မေ့ပစ်လိုက်တော့မှာပါ”

အရာအားလုံးကိုမေ့ပစ်သွားချင်ခဲ့တဲ့ မင်းသမီးက နောက်ဆုံးမှာတော့ တဖြည်းဖြည်းနဲ့ ငြိမ်သက်သွားခဲ့ရပြီ။

ဘယ်လောက်တောင်မှရင်နာစရာကောင်းလိုက်တဲ့ ဇာတ်လမ်းလဲ...

ဒီဇာတ်လမ်းကိုအထပ်ထပ်အခါခါကြည့်ထားတဲ့ ရှောင်းကျန့်‌တောင်မှ ဒီအပိုင်းကြည့်တိုင်း ငိုမိနေတုန်းပဲ

နောက်ဆုံးမှာ မင်းသားက
ရောက်လာခဲ့ပေမဲ့ နောက်ကျသွားခဲ့ပြီ
ဒီလောကကြီးထဲမှာသူကိုသိပ်ချစ်တဲ့မင်းသမီးကမှ မရှိတော့ဘဲလေ...

မင်းသားကအရူးတစ်ယောက်လိုမျိုးနောင်တတွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ငိုတယ်...

ရှောင်းကျန့် မသနားမိဘူးထင်တယ်။

ဒီတစ်ချိန်လုံး မင်းသားဘာလုပ်နေခဲ့တာလဲ။ ခုမှလာပြီးဝမ်းနည်းချင်ယောင်ဆောင်
မနေသင့်ဘူး။

ဒီမင်းသားကမင်းသမီးကိုမချစ်ခဲ့ပါဘူး။

ချစ်ခဲ့တယ်ဆိုရင် မင်းသမီးကဒီလိုတောင် ဇာတ်သိမ်းခဲ့မှာမဟုတ်ဘူး

ဒါပေမဲ့ အဲ့အပိုင်းကိုကြည့်နေရင်း သူကိုယ်တိုင်လည်းသတိမထားလိုက်မိဘဲ မျက်ရည်တွေစီးကျလာတယ်

ဘာမှမခံစားရသလိုမျိုးမျက်နှာသေကြီးနဲ့ ဝမ်ရိပေါ်ကတော့ သူ့ဘေးကငိုနေတဲ့ရှောင်းကျန့်ကို မငိုနဲ့‌လေဆိုပြီး မျက်ရည်တွေကို တဖွဖွသုတ်ပေး‌နေလေရဲ့...

“မင်းရော ငါကို ခုလိုပဲထားခဲ့မှာလား?”

“မထားခဲ့ပါဘူး”

“ဒါဆိုရင် ဝမ်ရိပေါ် မင်း ငါကိုချစ်လား”

“...”

ရှောင်းကျန့်က ရုတ်တရက်ကြီး ထမေးလိုက်တဲ့မေးခွန်းကို ဝမ်ရိပေါ်ဆီက
အ‌ဖြေအနေနဲ့ဘာစကားမှပြန်‌ပြောလာခဲ့တာမျိုး  မရှိခဲ့ဘူး။

ခုချိန်မှာ ရှောင်းကျန့်က ဇာတ်ကားကြည့်ပြီး အရမ်းဝမ်းနည်းနေလို့သူ့ခံစားချက်တွေကအရမ်း ထိလွယ်ရှလွယ် ဖြစ်‌နေတယ်

ဒါကြောင့်လည်းဝမ်ရိပေါ် ကို သူတစ်ချိန်လုံးသိချင်နေခဲ့တဲ့မေးခွန်းကို ရုတ်တရက်ကြီးမေးဖြစ်သွားတာ

အမေးပဲရှိပြီး အဖြေမရှိတဲ့ မေးခွန်းတွေအတွက် ရှောင်းကျန့်ဘယ်သူကိုသွားပြီးအပြစ်တင်ရပါ့မလဲ

မဟုတ်ဘူး နဂိုထဲက အဲ့မေးခွန်းရဲ့အဖြေကိုရှောင်းကျန့်ကသိနေခဲ့ပြီးသား

အဲ့အဖြေကို ရှောင်းကျန့်လက်မခံချင်ခဲ့ရုံပဲ

တစ်နေ့တော့ သူသိပ်လိုချင်နေတဲ့ အဲ့မေးခွန်းရဲ့အဖြေကိုဝမ်ရိပေါ် ပြန်ပေးလာလိမ့်မယ်ဆိုတာကို ရှောင်းကျန့်ယုံတယ်။

ဝမ်ရိပေါ်ကတော့ ရှောင်းကျန့်‌မေးတာကို
ကြားပြီးတည်းကအခုထိတိတ်ဆိတ် ငြိမ်သက်နေတုန်း

ဘယ်လိုပြန်ဖြေရမလဲ သူ့ဘဝထဲမှာ အချစ်ဆိုတဲ့အရာကို ထုတ်ပစ်ခဲ့တာ
ကြာနေခဲ့ပြီပဲ

မချစ်တာမဟုတ်ဘဲ အချစ်ဆိုတာကြီးကို
သူမေ့ပစ်ထားလို့ပါဆိုတာကို ရှောင်းကျန့်သိအောင်ဘယ်လိုများပြောရမလဲလေ

‌ရှောင်းကျန့်ကတော့ ခုနကဝမ်းနည်းလို့
ငိုနေတာ သူမဟုတ်တဲ့အတိုင်း ဝမ်ရိပေါ်ကိုဖက်ထားရင်း ဇာတ်ကားထဲက ခပ်တိုးတိုးပျံ့လွင့်‌နေတဲ့ဝမ်းနည်းစရာ‌ကောင်းတဲ့ သီချင်းကို လိုက်ဆိုနေတယ်။

“~Remember love you  I love you

사랑인 줄 믿었고
(I believed it was love)

운명이라 불렀죠
(I called it destiny)

Remember love you

I love you

그대 눈동자 속에
(In your eyes)

내가 살고있는데
(I am living there)

너에게만 대답해줘요
(I only answer to you)...~”

နဂိုထဲက ‌ခပ်ဆွေးဆွေးသီချင်းက
ရှောင်းကျန့်ရဲ့အသံနဲ့ တွဲပြီးနားထောင်လိုက်ရတော့
နားထောင်ရတဲ့လူပါအသည်းကွဲသွားသလိုပဲ။

အဲ့အချိန်မှာ ရှောင်းကျန့်ရဲ့ သီချင်းကို
ခပ်တိုးတိုး လိုက်ညည်းနေတဲ့ အသံတွေ တိတ်သွားပြီးအဲ့အစားနမ်းရှိုက်သံတွေအစားထိုး ဝင်ရောက်လာတဲ့ တရားခံ‌ကတော့ ဝမ်ရိပေါ်ပါပဲ

ဝမ်ရိပေါ်က စိတ်မထင်ရင်မထင်သလို
ထနမ်းတတ်တယ် အထူးသဖြင့်
သူတို့နှစ်ယောက်တည်းရှိနေတဲ့အချိန်မျိုးတွေမှာဆိုရင်ပေါ့

အရင်ကလည်း ဝမ်ရိပေါ်နဲ့အတူတူ
ရုပ်ရှင်ကြည့်တိုင်း
အဲ့ရုပ်ရှင်တွေရဲ့ ဇာတ်သိမ်းကို
ရှောင်းကျန့်ဘယ်တော့မှ မသိလိုက်ရဘူး။

ဒီနေ့မှသာ ကြည့်တဲ့ဇာတ်ကားက အသည်းကွဲကားဖြစ်နေလို့ ဝမ်ရိပေါ်
ထမနမ်းတာဖြစ်မယ်။

ဇာတ်ကားထဲကမင်းသမီးနဲ့မင်းသားကအသည်းကွဲပြီးသေမလိုဖြစ်နေချိန် သူတို့နှစ်ယောက်က နမ်းနေမယ်ဆို နည်းနည်းတော့
အားနာစရာမကောင်းဘူးလားလို့လေ

သူတို့နှစ်ယောက်ရဲ့ တဖြည်းဖြည်း ပြင်းထန်လာတဲ့ အနမ်းတွေကို ရှောင်းကျန့်အိမ်က ခပ်သေးသေး ဆိုဖာက ခံနိုင်ရည်မရှိတဲ့နောက်မှာတော့
နှစ်ယောက်စလုံးပြုတ်ကျတော့တယ်။

အဲ့အခါကျမှပဲ သေမတတ်ဖိကပ်နမ်းနေတဲ့
ဝမ်ရိပေါ်နဲ့ရှောင်းကျန့်တို့ရဲ့နှုတ်ခမ်းတွေ လွတ်ထွက်သွားတယ်။

ရှောင်းကျန့်ကတော့ သူတို့အဖြစ်ကို
တွေးမိပြီး ထရယ်မိလေရဲ့

နောက်အခါကျရင်သူ့အိမ်ကဆိုဖာခုံကိုလည်း ခပ်ကြီးကြီးတစ်ခု နဲ့ လဲထားပစ်လိုက်ဖို့ကိုလည်း တွေးပြီးသွားပြီ။

ဝမ်ရိ‌ပေါ်ရဲ့ပြင်းရှရှအနမ်းတွေ အဆုံးသတ်က အမြဲတမ်း ရှောင်းကျန့်ရဲ့ နှုတ်ခမ်း‌ အောက် လက်ဝဲဘက်ကမှဲ့နက်လေးဆီမှာပဲ။

သူသိပ်သဘောကျရတဲ့ ရှောင်းကျန့်ရဲ့
အစိတ်အပိုင်းတစ်ခုပေါ့

ဒီမှဲ့လေးနဲ့ ရှောင်းကျန့်ကို တစ်သက်လုံး
သူဘေးနားရှိနေဖို့ဆို သူဘာပဲလုပ်ရလုပ်ရပါလေ။

“ရှောင်းကျန့် မင်း ငါကိုတစ်သက်လုံး ဘယ်တော့မှ ထားမသွားရဘူး”

“မင်းသာငါကိုအရင်ဆုံးထားမသွားရင်
ငါကလည်းဘယ်တော့မှထားသွားမှာမဟုတ်ဘူး

ချစ်တယ်...အရူးကောင်ဝမ်ရိပေါ်ရဲ့”

ဝမ်ရိပေါ်ရဲ့ ရင်ထဲ ဒိန်းခနဲပဲ

ဒီ ‘ချစ်တယ်’ ဆိုတဲ့စကား
သူသိပ်မုန်းတဲ့ အချစ်ဆိုတဲ့အရာ
သူကိုချစ်တယ်ပြောပြီး
ထားသွားကြတဲ့လူတွေ၊
ဘယ်တော့မှ သတိမရချင်တော့တဲ့
သူချစ်မိခဲ့လို့ဖြစ်ခဲ့တဲ့ကိစ္စတွေ

“ငါကိုချစ်တယ်ဆို မင်းနာကျင်ရမှာနော်”

“ရတယ် ဝမ်ရိပေါ် မင်းဖြစ်နေလို့ကို
ငါ့အတွက်ကရပါတယ်”

ရှောင်းကျန့်ကတော့ ဝမ်ရိပေါ်ဆိုတဲ့ ချောက်နက်နက်လေးထဲကို ခုန်ချပစ်လိုက်ဖို့ အဆင့်သင့်ဖြစ်နေပြီ။

ဘာ‌ကြောင့်လဲဆိုရင်ဝမ်ရိပေါ်ဖြစ်နေလို့ပေါ့

သူသိပ်ချစ်ရတဲ့ အန္တရာယ် ရှိပါတယ်ဆိုတဲ့ ချောက်နက်လေးရဲ့ နာမည်က ဝမ်ရိပေါ်ဖြစ်‌နေခဲ့လို့ပါ။

ရှောင်းကျန့်က လူတစ်မျိုး
ချစ်မိပြီးရင်ဘယ်လိုမှရပ်တန့်ပစ်လို့မရနိုင်တော့တဲ့ အရူးလိုလူမျိုး

ချစ်တယ်ဆိုရင် သူချစ်တဲ့ လူရဲ့မျက်နှာတစ်ခုထဲကိုပဲ ကြည့်ရင်းအသက်ဆက်သွားမဲ့လူမျိုး...

ရှောင်းကျန့်က ဝမ်ရိပေါ်ကို. အဲ့လောက်ထိ
သိပ်ချစ်ပါတယ်တဲ့

Trigger [Completed]Where stories live. Discover now