U1. Prologue

1.1K 74 0
                                    

1. Prologue

အချစ်ဆိုတာက တန်ခိုးကြီးမားတဲ့ အရာတစ်ခုပါ။ လွယ်လွယ်ကူကူ အဓိပ္ပါယ်ဖွင့်ဆိုလို့မရတဲ့ ထူးဆန်းနက်နဲတဲ့ စကားစုတစ်စု ဆိုလည်း မမှားပါဘူး။

အချစ်စစ်တို့ရဲ့လမ်းက မဖြောင့်တန်းဘူးဆိုတဲ့ ရှေးဆိုရိုးရှိပါတယ်။ အဲ့ဒီ့စကားတစ်ခွန်းက သွေးထွက်အောင် မှန်နေတယ်ဆိုပါတော့...

အနည်းဆုံးတော့ အဲ့ဒီ့စကားပုံဟာ Park Chan Yeol နဲ့ Byun Baek Hyun တို့ရဲ့ ဘဝတွေအတွက်တော့ မှန်ကန်နေတယ်ထင်ပါရဲ့။

~••Insist••On••Love••~

"ဟားဟား... ဘာ... Designing နဲ့ Make Up ပြင်တာပါ သင်တန်းတက်လာရတယ် ဟုတ်လား..."

Chan Yeol တစ်ယောက် Kyung Soo နှင့် ဖုန်းပြောရင်း ခွက်ထိုးခွက်လှန်ရယ်နေမိသည်။ ဟိုဘက်က Kyung Soo ကလည်း ChanYeol ကို လှမ်းပြီးတော့ ခြိမ်းခြောက်နေပါပြီ။

"အိမ်ပြန်ရောက်မှတွေ့မယ်။ ပြောထားဦးပေါ့။"

"ဘာ... အိမ်တော်ထိန်း Do ကို ပြောထားလိုက်ရင် မင်းငါ့ကိုထိလို့တောင် ရမှာမဟုတ်ဘူး။"

"ဘာလဲ... အဲ့ဒါနှိမ်တာလား..."

"စတာပါကွာ..."

Chan Yeol ဆိုဖာပေါ်လှဲရင်း ပြုံးနေမိသည်။ တကယ်ပါ၊ နှစ်အတန်ကြာကွဲနေသော သူငယ်ချင်းဟောင်းက ကိုရီးယားကို ပြန်လာတော့မှာဆိုတော့...

တကယ်တွက်ကြည့်ရင် Kyung Soo နှင့်သူက အဝေးကြီး။ SM လုပ်ငန်းစုရဲ့ ရှယ်ယာဝင်သူဋ္ဌေးကြီးခြောက်ဦးမှာ Lee Soo Man, Kim Young Min, Wu Zhou Mi, Park Si Won, Zhang Hu Ge နှင့် Oh Min Ho ပဲပါတာပါ။ Do မျိုးနွယ်ဆိုတာက သူတို့တွေရဲ့ အိမ်တော်ထိန်းချုပ်တစ်ယောက် သက်သက်သာ။ ဒါပေမဲ့လို့ ငယ်ငယ်ကတည်းက သူတို့တွေက ခင်လာခဲ့ကြတာဆိုတော့ သူငယ်ချင်းရင်းတွေနှင့် မခြားဘူးလေ။

"ငါလာကြိုရမလား..."

ChanYeol ပျင်းနေတာနဲ့ ပြောမိပေမဲ့ Kyung Soo က ချက်ချင်းကို ကောက်ငြင်းသည်။

"လာမကြိုနဲ့။ ငါက တစ်ယောက်တည်း လာမှာမဟုတ်ဘူး။ ဒါပဲကွာ... ငါလေယာဉ်ပေါ်တက်တော့မယ်။"

ပြောပြီးတော့ ဖုန်းချသွားသော Kyung Soo စကားကြောင့် သူခဏစဉ်းစားနေမိသည်။ ပြီးမှသတိရမိတာက Byun အိမ်တော်ထိန်းရဲ့သား အကြောင်း။ သူနဲ့မရင်းနှီးလိုက်ရသော တစ်ယောက်လေ။ အင်း။ သူ့နာမည်တောင် Chan Yeol မမှတ်မိ။ ဒါကလည်း ကိစ္စကြီးတော့မဟုတ်ပါ။ ဘယ်သူမှ အပြစ်တင်နေမှာမှ မဟုတ်ဘဲလေ။

Chan Yeol အိပ်ရာပေါ် ကိုယ့်ကိုယ်ကို ပစ်တင်လိုက်သည်။ Rilakkuma အရုပ်တွေဘေးမှာ ချထားသော စားပွဲတင်နာရီကိုကြည့်တော့ မနက်ခြောက်နာရီ။ သူနောက်ထပ် သုံးနာရီလောက်တော့ အပျင်းပြေအိပ်လို့ရသေးတာ သေချာတာမို့ စောင်ကို ခေါင်းထိအောင် ဆွဲခြုံလိုက်ပါသည်။

ညနေပိုင်းလောက် အိပ်ရာကထပ်နိုးမှပဲ သူ Kyung Soo ကို သွားနှောင့်ယှက်ပါဦးမည်။

~••~••~••~

"Kyung Soo ahhh... ကျေးဇူးပြုပြီးတော့.."

Baek Hyun မျက်လုံးကလယ်ကလယ်နှင့် Kyung Soo ရဲ့ ပခုံးကို ကိုင်လှုပ်လိုက်ပေမဲ့ Kyung Soo က တစ်စက်မှမလျှော့ပေးဘူးဆိုသော ပုံဖြင့် ခေါင်းကိုခါသည်။

"No taking back, Baek."

Kyung Soo ၏ ရွဲ့တဲ့တဲ့ စကားကြောင့် Baek Hyun မျက်နှာကိုမဲ့ရင်း လေယာဉ်အပြင်ကို ကြည့်နေမိသည်။ သူတို့လုပ်ထားသော အလောင်းအစားတစ်ခု ရှုံးထားတာကြောင့် Baek Hyun မလုပ်ချင်ဆုံးသော အရာကို လုပ်ရတော့မည်။

"Eye Liner လေးပဲဆိုရင်ရော..."

"မင်းက Eye liner နေ့တိုင်း ဆိုးနေတာလေ။ မရဘူး။ တစ်မျက်နှာလုံးပဲ..."

ပြောရင်း အသည်းပုံနှုတ်ခမ်းတွေ ညွတ်နေအောင် လူဆိုးရယ်ရယ်နေသော Kyung Soo ကို ကြည့်ကာ Baek Hyun ခေါင်းခါမိသည်။

"ဘာလဲ... မင်းရှုံးမှတော့ နောက်မဆုတ်စတမ်းလေ။"

Baek Hyun လက်မြှောက်အရှုံးပေးရင်း ထိုင်ခုံနောက်ခုံကို မှီကာ မျက်လုံးမှိတ်ထားလိုက်သည်။

Do Kyung Soo ကောင်းမှုနှင့် သူကတော့ ကိုရီးယားမြေပေါ်ကို ခေါင်းကိုက်ခြင်းနဲ့ အတူတူ ခြေချရဦးမှာပေါ့လေ။

~••~••~••~••~••~

Insist On Love [ChanBaek/BaekYeol]Where stories live. Discover now