U16. Don't Cry

395 24 0
                                    

16. Don't Cry

Chan Yeol ရဲ့ ကြီးမားတဲ့ လက်ဖဝါးတစ်ဖက်ကြား ရှိနေတဲ့ Baek Hyun ရဲ့ လက်သွယ်သွယ်တို့က အေးစက်ကာ ချွေးစေးတွေ ပြန်နေသလို။ Baek Hyun ကြောက်နေတာများလား မသိ။ Chan Yeol လည်း အနည်းငယ် စိတ်လှုပ်ရှားနေတာကြောင့် Baek Hyun ကို စာနာနိုင်ပါသည်။ Chan Yeol ပါးစပ်ကနေ လေပူတစ်ချက် မှုတ်ထုတ်ရင်း ရှေ့မှာထိုင်နေတဲ့ Noona ဆီကနေ မျက်နှာလွှဲကာ ဘေးမှာရှိနေတဲ့ Baek Hyun ဆီ ကြည့်မိလိုက်သည်။

"Gwaenchanha, Baekkie."

ခပ်တိုးတိုးပြောရင်း Chan Yeol တစ်ယောက် Baek Hyun ရဲ့လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်မိ၏။ အခုတော့ သူတို့ဘာများ တတ်နိုင်မှာတဲ့လဲ။ အဖေတို့လူကြီးတွေ သူတို့ပြောပြဖို့ ဆုံးဖြတ်ထားခဲ့တဲ့ အချိန်ထက်ပိုပြီး စောစောသိသွားဖို့ပဲ ရှိတာမို့ Chan Yeol ခေါင်းရှောင်ငြင်းပယ်နေဖို့ စိတ်ကူးလည်းမရှိပါ။ မေးလာတယ်ဆိုရင် ပြောလိုက်ရုံပဲပေါ့။

"တကယ်တော့... ကျွန်တော်တို့က..."

"တကယ်တော့ Chan Yeol အမှားမပါပါဘူး။ ကျွန်တော်က Chan Yeol ကို ကြိုက်နေမိတာကို ဖွင့်... ဖွင့်ပြောလိုက်တာပါ။"

ရုတ်တရတ် ပခုံးဘေးနားက ထွက်လာတဲ့ အသံကြောင့် Chan Yeol စကားတန့်သွားကာ ကြည့်မိတော့ Baek Hyun က ခေါင်းကိုငုံ့လျက်။ ငိုတော့မလို့လား မသိ၊ မျက်တောင်တွေ အချင်းချင်း ကပ်နေသလိုလို။ ခုနက ဘာလို့ အဲ့ဒီ့လို စကားမျိုးကို လိမ်ပြောလိုက်တာပါလိမ့်။

"Baek..."

"ရပါတယ်။ Chan Yeol. မင်းငါ့ကို ကူလိမ်ပေးစရာ မလိုပါဘူး။"

ခေါင်းငုံ့နေလျက်က သူ့လက်သူ ပြန်ဆွဲယူသွားပြီး ပြောလာတဲ့ စကားကြောင့် Chan Yeol ခေါင်းထဲ တစ်ချက် ပူသွားရသည်။ Baek Hyun က သူ့အတွက် လိမ်ပေးဖို့ ဇာတ်လမ်းဆင်နေတာပဲ။ ဒါပေမဲ့ ဒီလိုသာဆိုရင် သေချာတယ်၊ သူ့ဘက်သူပဲ နှိမ့်ချပြီး ပြောတော့မှာ။

"Baek..."

Chan Yeol သူ့နာမည်ကို ခေါ်လိုက်ပေမဲ့ အချည်းနှီး။ နာမည်မဆုံးခင်မှာပဲ Baek Hyun က စကားဖြတ်ကာ ဆက်ပြောနေပြီ။

"Chan Yeol က ကျွန်တော့်ကို သနားပြီး လက်ခံပေးလိုက်လို့ ကျွန်တော် သူနဲ့တွဲခွင့်ရတာပါ။ အမှန်အတိုင်း ပြောရမယ်ဆိုရင် Chan Yeol မှာ အပြစ်မရှိပါဘူး။ ကျွန်တော်သာ ဖွင့်မပြောခဲ့မိဘူးဆိုရင် ဒီလိုထိတောင် ဖြစ်လာမှာမှ မဟုတ်တာ။ Chan Yeol က လူကောင်းပဲကို။ ပြီးတော့ ကျွန်တော်ကသာ..."

Insist On Love [ChanBaek/BaekYeol]Where stories live. Discover now