U7. Kisses And Marks

417 38 0
                                    

7. Kisses And Marks

Warning: 14+

~•~•~•~

ကြမ်းတမ်းတယ်လည် းမဟုတ်၊ နူးညံ့တယ်လည်း မဆိုသာသော အနမ်းရှည်ကြီးတစ်ခုကို ရပြီးလိုက်တဲ့နောက်မှာ နားထင်ဘက်မှာ တိုးခုန်လာတဲ့သွေးခုန်နှုန်းတွေကို Baek Hyun နားထဲမှာ ကြားနေရသည်။ မီးစလိုအရှိန်ရလာတဲ့ ရမက်တွေကြောင့်ပဲလားမသိ၊ အခန်းက ပိုပူနွေးလာသလိုလို...

Baek Hyun ရှေ့ကကိုယ်ကို လက်ဖျားတွေနှင့် စမ်းသပ်နေမိတော့ Chan Yeol ထံမှ ထွက်လာသော ညည်းသံတွေ။ Baek Hyun ရဲ့ကျောပြင်မှာလည်း Chan Yeol လက်တွေက ကူးလာလူးလာနှင့်။ အထိအတွေ့ချည်း သက်သက်မဟုတ်ဘဲ အနမ်းတွေကလည်း ပါသေးသည်။ Baek Hyun တဒိန်းဒိန်းခုန်နေသော Chan Yeol ၏ ရင်ခွင်ကို နားနှင့်ကပ်လိုက်မိတော့ Chan Yeol က ရယ်သည်။

"မင်းဘာသာမင်း ငါ့ရင်ခွင်ထဲ တိုးလာတာနော်..."

"Yah!"

ခပ်ရွတ်ရွတ်ပြောတဲ့စကားကို ကြားလိုက်ရတာကြောင့် သူ့ရင်ဘတ်ကို နားနှင့်ဖိကပ်ရင်း Baek Hyun နည်းနည်းအော်လိုက်မိသည်။

"ဆက်တိုးလာရင် ကိုယ့်ရင်ဘတ်ကြီး ပေါက်သွားတော့မယ်ထင်တယ်..."

"မလှောင်နဲ့..."

Chan Yeol ရင်ကို လက်သီးဆုပ်နှင့်ထုရင်း Baek Hyun ပြောလိုက်မိသည်။ Chan Yeol က ခဏရယ်ပြီးတော့မှ Baek Hyun ရဲ့ လက်ကောက်ဝတ်တွေကို ခပ်ဖွဖွ လက်နှင့်ဆုပ်ကိုင်လိုက်သည်။

"ဘာဖြစ်ခဲ့လဲသိချင်လား..."

"အင်း..."

BaekHyun ခေါင်းညိတ်တော့ Chan Yeol က မျက်ခုံးပင့်ကာထပ်မေးသည်။

"သေချာတယ်နော်..."

"အင်း..."

"တကယ်..."

"Park Chan Yeol!"

Chan Yeol က ရယ်ကာ ခေါင်းကိုနိမ့်ချလာရင်း Baek Hyun ၏ နှုတ်ခမ်းကို သေချာနမ်းရှိူက်နေရင်း အသက်ရှူသံပြင်းပြင်းတွေထဲမှ ဖြစ်ပျက်ခဲ့ပုံ၏ တစ်ပိုင်းတစ်စကို ပြောပြသည်။ ပုံမှန်ထိကပ်ရုံပဲမဟုတ်၊ အသာလေးကိုက်ကာ ဆွဲယူနမ်းရှိူက်နေတာမို့ စကားတွေကြားထဲ ညည်းသံတွေက ကျယ်နေသည်။

"အဲ့ဒီ့ညက မင်းအရမ်းမူးနေတယ်လေ... အကုန်လုံးအိမ်ပြန်သွားတော့... မင်းနဲ့ငါနဲ့ပဲ အိမ်ပြင်မှာ ကျန်ခဲ့တာ။

Insist On Love [ChanBaek/BaekYeol]Where stories live. Discover now