U21. It's Okay

398 29 0
                                    

21. It's Okay

Baek Hyun နိုးလာခဲ့တော့ ခေါင်းတစ်ခုလုံး ကိုက်ခဲလျက်ရှိကာ နှုတ်ခမ်းစွန်းတို့မှလည်း တစစ်စစ်။ ကျိန်းစပ်နေသော မျက်လုံးတွေကြောင့် မျက်လုံးကို ချက်ချင်းမဖွင့်နိုင်။ ခဏနေမှ မျက်လုံးဖွင့်လိုက်မိတော့ မျက်နှာကြက်ဖြူကြီးကို အရင်မြင်ရသည်။

Baek Hyun အခန်းထဲ ပြန်ရောက်နေတာပဲ။

ဒါပေမဲ့ ဘယ်လိုများ ပြန်ရောက်နေတာပါလိမ့်။ သူမှတ်မိသလောက်က သူ Park အိမ်တော်ရဲ့ ဧည့်ခန်းထဲမှာ ရှိနေတာ၊ အဖေက သူ့ကိုထိုးလိုက်တာ၊ ပြီးတော့... ပြီးတော့ သူ့ကြောင့် အမေသေရတာလို့ အဖေပြောတာ။

Baek Hyun ကိုယ့်ခေါင်းကိုယ် လက်နဲ့ညှပ်ကိုင်ထားလိုက်ရင်း မျက်လုံးတွေ စေ့ပစ်လိုက်သည်။ မိနစ်အတန်ကြာမှ သက်ပြင်းဖျော့ဖျော့ တစ်ချက်ချကာ လှဲလျက်မှ ထိုင်လိုက်မိ၏။ လည်ချောင်းထဲက ခြောက်သွေ့မှုက ကန္တာရအလား ဖြစ်နေတာမို့ ရေသောက်ရန် ကြံရွယ်ကာ Baek Hyun အခန်းထဲမှ ထွက်လာမိသည်။ တော်သေးတာက သတိလစ်ထားပေမဲ့ မျက်လုံးတွေ ပြာမနေ။

"Baekkie!"

သူ့နာမည်ကို ခေါ်ကာ ပြေးလာတဲ့ခြေသံတွေကြောင့် Baek Hyun လှည့်ကြည့်မိတော့...

"Yeol..."

Chan Yeol က အပြေးရောက်လာကာ Baek Hyun ကို ဖက်လိုက်သလို Baek hyun ကလည်း ခေါင်းကိုစောင်းငဲ့ရင်း Chan Yeol နှလုံးသားရှိရာဆီ နားကိုအပ်ထားလိုက်သည်။ Chan Yeol ရင်ဘတ်ဆီမှ ထွက်လာတဲ့ တဒုတ်ဒုတ်ခုန်နေတဲ့ အသံတွေက ဘာကြောင့်ရယ်မသိ Baek Hyun ရဲ့ အင်အားတွေကို ဖြည့်ပေးလိုက်သလို။

Baek Hyun အချိန်တော်တော်ကြာတဲ့အထိ သူ့အင်္ကျီစတွေကို ဆုပ်ကိုင်ထားမိဆဲ။ Chan Yeol ကလည်း ဘာတစ်ခွန်းမှ ပြောလာခြင်းမရှိ၊ အတန်ကြာအောင် ငြိမ်သက်ပေးနေသည်။

"Yeol..."

"အင်း... ဘာပြောမလို့လဲ။"

Baek hyun နောက်ကိုဆုတ်ကာ မော့ကြည့်လိုက်တော့ ခုနက မမြင်မိတဲ့ အရာတစ်ခုကို မြင်လိုက်ရသ ်။ Chan Yeol ရဲ့ နှုတ်ခမ်းထောင့်မှ အနည်းငယ်အက်ကွဲနေတဲ့ ဒဏ်ရာ။

"ဒါ... ဘာဖြစ်တာလဲ..."

သူ့နှုတ်ခမ်းပြည့်ပြည့်ကို လက်နှင့်လှမ်းထိရင်းမေးတော့ Chan Yeol က ခေါင်းကို နောက်နည်းနည်းဆုတ်ကာ ရှောင်သွားသည်။ နီညိုရောင်ဖြစ်နေပြိဆိုပေမဲ့ နာနေတုန်း ထင်ပါရဲ့။ Baek Hyun ဘာလုပ်ရမှန်းမသိ ဖြစ်နေချိန် Chan Yeol က ရယ်သည်။

Insist On Love [ChanBaek/BaekYeol]Where stories live. Discover now