U3. My Problematic Life

539 55 0
                                    

3. My Problematic Life

"ဪ..."

Kyung Soo ရဲ့ အူတက်မတတ် ရှင်းပြသံတွေ နောက်မှာတော့ Chan Yeol က အသံတစ်ခုပြုကာ Baek Hyun ဘက် လှည့်ကြည့်လာသည်။ သူ့မျက်လုံးမှာက ရယ်ချင်သော အရိပ်အယောင်တွေနဲ့။ Baek Hyun ခေါင်းကိုငုံ့ထားလိုက်သည်။ မျက်နှာကြီးပူလာလိုက်တာ နီရဲပြီး ပေါက်ကွဲတော့မတတ်။ ဂါဝန်ကြောင့် ခြေနှစ်ဖက်စုကာ လက်တင်ပြီး သေသေဝပ်ဝပ်လေးက ဖြစ်နေသေးသည်။ ကိုယ့်အဖေ အလုပ်လုပ်နေတဲ့ သူဋ္ဌေးရဲ့သားက သူ့ကို မိန်းကလေးပုံနဲ့ တွေ့သွားရတယ်တဲ့။

Kyung Soo ကို လှမ်းကြည့်တော့ ပြုံးဖြဲဖြဲ။ ပါးစပ်ကို လက်နှင့်အုပ်လျက် ရယ်နေတုန်း။ Baek Hyun သူနဲ့ အလောင်းအစားလုပ်မိတာတောင် မှားပါသည်လေ။

Baek Hyun သက်ပြင်းချရင်း ခေါင်းယမ်းမိသည်။ သူ အခု အလုပ်ချင်ဆုံးအရာက Kyung Soo ရဲ့ ခေါင်းကို စားပွဲနဲ့ ဆောင့်လိုက်ဖို့ပဲ ဖြစ်သည်။

"ချောတယ်မဟုတ်လား၊ သူက..."

မဟုတ်သေးပါ။ Kyung Soo ရဲ့ ခေါင်းကို ရှေ့မှာချထားသော အအေးခွက်တစ်ခွက်နဲ့ ရိုက်ခွဲပစ်လိုက်ဖို့ ဖြစ်သည်။

Chan Yeol က ရယ်ကာ နည်းနည်းခေါင်းညိတ်သည်။ သေပါလေရော။ Baek Hyun ပါးတွေ တော်တော်ပူလာပါပြီ။ Chan Yeol က သူ့ကို တစ်ချက်တစ်ချက် လှမ်းအကဲခတ်ရင်း Kyung Soo နဲ့ စကားတွေ ပြောနေသည်။

"မင်း Party လာမယ်မဟုတ်လား။"

"လာရမှာပေါ့။ ဒါနဲ့ မင်းရော အခုဘယ်သူနဲ့ တွဲနေလဲ။"

Chan Yeol က Kyung Soo စကားကြားတော့ ခေါင်းကို ဖြည်းဖြည်းရမ်းကာ ဆတ်ခနဲ Baek ကို လှမ်း Check ပြီးမှ ရယ်သည်။

"ငါက one night stand လောက်ပါပဲကွာ။ နောက်ဆုံးတစ်ယောက်ကတော့ နှစ်ရက်တောင် ခံလိုက်တယ်။"

ဪ၊ Playboy ကိုး။ Baek Hyun တစ်ချက် ခေါင်းဆတ်မိသည်။ သူဋ္ဌေးသားတွေဆိုတော့ ဒီလိုပဲပေါ့လေ။ ပြောသာပြောရသည်၊ Baek Hyun လည်း တွဲတာပါပဲ။ ဒါပေမဲ့ သူက One night stand တွေထက် တကယ်တွဲချင်တဲ့ ကောင်မလေးတွေ များသည်။ ခက်တာက တစ်ညတာလောက်ပဲ သူ့ကို ကစားချင်သူတွေက အများသားလေ။

"Baek. မင်း Chan Yeol နဲ့ လိုက်သွားလိုက်ပါလား"

"ဟင်... ဘာ..."

Insist On Love [ChanBaek/BaekYeol]Where stories live. Discover now