U4. What Happened?

470 52 0
                                    

4. What Happened?

"ဘာ... ကစားကြမလို့ ဟုတ်လား။ ကလေးမဟုတ် သူငယ်မဟုတ်။ မင်းတို့တွေကလည်း..."

Baek Hyun ပြောရင်း စောင်ကိုခေါင်းပေါ်ခြုံကာ ကွေးလိုက်တော့ Kyung Soo က စောင်ကို အတင်းဆွဲချသည်။

"Yah yah yah... Byun Baek Hyun. မင်းဒီလိုပဲ တစ်သက်လုံး စောင်ခြုံထဲပုန်းနေတော့မှာလား။ မရဘူး။"

"Kyung Soo ah. ငါက ဘာဆိုင်လို့ သူတို့နဲ့..."

"မင်းကဘာလို့မဆိုင်ရမှာလဲ။ ကဲပါ... လာစမ်းပါကွာ။"

နောက်ဆုံးတော့ Baek Hyun အတင်း ကုတင်ပေါ်က ဆွဲချခေါ်သွားတာကို ခံလိုက်ရပါသည်။ Baek Hyun သက်ပြင်းတစ်ခုချလိုက်၏။ မနက်ကလည်း သူဆွဲခေါ်တာခံရတာပဲလေ။ နေ့လယ်တောင်မှ အိမ်မှာပဲနေခွင့်ပြုဖို့ တောင်းတောင်းပန်ပန်ပြောလိုက်ရသည်။ အခု ညနေလည်း လာနှောက်ယှက်ပြန်ပြီ။

"ဘာလဲဟ... Park အိမ်တော်မှာပဲလား..."

Baek Hyun ရေရွတ်မိသည်။ ဒီသူဋ္ဌေးသားတွေမှာ ကစားစရာ ဒီအိမ်ပဲရှိတာပဲလား။ Kyung Soo ကတော့ ဘာမှဆက်မပြောဖို့ မျက်စောင်းထိုးကာ နောက်ဘက်မြက်ခင်းပြင်ဆီ ဆွဲခေါ်သွားသည်။

ရေကူးကန်ကို ကျော်သွားပြီးတဲ့နောက်မှာတော့ Zhang အိမ်တော်နှင့် Park အိမ်တော်၏ အလယ်ကြားမှာ မြက်ခင်းပြင်ရှိနေတာ တွေ့ရသည်။ ဟိုးနောက်ဖက်မှာတော့...

"Kyung Soo Hyung! Baek Hyun Hyung!"

Hyper-active chocolate လို့ Baek Hyun စိတ်ထဲက တိတ်တိတ်လေး အမည်ပေးထားသော Kai က လက်ဝှေ့ယမ်းကာ အကျယ်ကြီး အော်လာတာကြောင့် အားလုံးက လှည့်ကြည့်လာသည်။ Baek Hyun မချိပြုံးပြုံးရင်း Kyung Soo ဆွဲခေါ်ရာ လိုက်ရပြန်လေသည်။

ကြည့်လိုက်တော့ မြက်ခင်းပြင်အလယ်မှာက နှစ်ပေပတ်လည်ရှိသော ကျင်းလေးတစ်ခု။ အနက်ကတော့ သုံးပေလောက်ရှိမည်။ ဘိလပ်မြေနှင့်မံထားတာပါ။ ကိုယ်တောချောတွေက သစ်ကိုင်းခြောက်တွေကို ကျင်းထဲ ပစ်ထည့်ကာ အလုပ်များနေကြတာကိုး။

"ဒါက မီးပုံဖိုဖို့လေ။ ကျွန်တော်တို့တွေ ဝိုင်းကစားမလို့။"

Kai က ပြုံးပြုံးလေး ပြောလာခဲ့တော့ Baek Hyun ခေါင်းညိတ်ကာ အားလုံးကို ပြုံးပြမိသည်။

Insist On Love [ChanBaek/BaekYeol]Where stories live. Discover now