U20. SORRY

300 30 0
                                    

20. SORRY

မွန်းတည့်လုလု အချိန်တွင် ဧည့်ခန်းထဲတွင် ထိုင်နေသော လူလေးယောက်... အပြင်က နေရှိန်ကြောင့်ပဲလား၊ အခန်းအပူချိန်က မြင့်မားနေတာကြောင့်ပဲလား မသိ၊ လူလေးယောက်အနက် ငယ်ရွယ်ပုံရတဲ့ ကောင်လေးနှစ်ယောက်ရဲ့ ကိုယ်နဲ့မျက်နှာထက်မှာ ချွေးစက်အချို့စို့လျက်...

မျက်နှာချင်းဆိုင် ထိုင်နေကြတာမှာ ကောင်လေးနှစ်ယောက်က ကျန်နှစ်ယောက်နဲ့ မျက်နှာချင်းဆိုင်ရဲကြပုံမပေါ်။ သူတို့ရှေ့က ခြေချိတ်ကာထိုင်နေတဲ့ ဥပဓိရုပ်သန့်သန့်နဲ့ တစ်ယောက်နှင့် ဘေးက ဆိုဖာပေါ်မှာ ထိုင်နေတဲ့ လူကြီးတစ်ယောက်က ကောင်လေးနှစ်ယောက်လုံးကို အကြည့်စူးစူးတွေ ပစ်ခွင်းနေသည်။

"အဟမ်း..."

ချောင်းဟန့်လိုက်တာက ကောင်လေးနှစ်ယောက်ထဲက အရပ်ရှည်ပုံရတဲ့ တစ်ယောက်။ သူ့အသံကြောင့် လူကြီးတွေ သတိဝင်လာပုံရကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

"ငါတို့ပြောစရာရှိတာ ပြောကြတာပေါ့။"

Siwon က ပြောလိုက်ကာ ချိတ်ထားသောခြေကို ဖြျုတ်ချလိုက်သည်။ Chan Yeol ကတော့ အသက်ကိုရှိုက်ရှူလိုက်ကာ ဘေးက Baek Hyun ရဲ့ လက်ကို လှမ်းကိုင်လိုက်သည်။ ဒီလိုလုပ်လိုက်လို့ သူတို့အဖေတွေ တစ်ချက် အကြည့်တွေ စူးသွားပြန်တာ သတိထားမိပေမဲ့ မတတ်နိုင်၊ Baek Hyun က ကြောက်နေပြီလေ။

"မင်းတို့က... မိတ်ဆွေ သူငယ်ချင်းတွေ သက်သက်ပဲလား..."

"မဟုတ်ပါဘူး။"

"ဟုတ်ပါတယ်..."

Park ၏ လမ်းဖွင့်ပေးတဲ့ စကားကို Chan Yeol က အပြတ်ငြင်းလိုက်ပေမဲ့ Baek Hyun ကတော့ ခပ်တိုးတိုး လိမ်ရှာသည်။ Chan Yeol သူ့လက်ကို သတိပေးသလို ခပ်တင်းတင်း ဆုပ်ထားလိုက်၏။

"ငါထပ်မေးမယ်... မင်းတို့က သူငယ်ချင်းသက်သက်ပဲလား..."

"မဟုတ်ပါဘူး။"

ဒီတစ်ခေါက်တော့ Baek Hyun က ခပ်မဆိတ်ဖြစ်သွားကာ Chan Yeol ရဲ့ တုံ့ပြန်သံပဲ ထွက်လာတော့သည်။

"ဒါဆို... မင်းတို့က ချစ်သူရည်းစားအဆင့် ရောက်နေပြီလား..."

သူ့အဖေရဲ့ အသံထဲမှာ အဆိပ်သံခပ်ပြင်းပြင်း ပါဝင်နေတာမို့ Chan Yeol ပြန်ဖြေဖို့ ခဏဆိုင်းသွားမိသည်။ ပြီးမှ ခေါင်းတစ်ချက် ညိတ်ပြရင်း...

Insist On Love [ChanBaek/BaekYeol]Where stories live. Discover now