U10. It Hurts

376 34 0
                                    

10. It Hurts

ကြုံတောင့်ကြုံခဲ ဆယ့်တစ်ယောက်လုံး တွေ့ဆုံနေကြတာ မို့လို့ အားလုံးက အနည်းငယ် ဆူညံနေသည်။ Tao ပါရောက်နေတာမို့ Kai နှင့် Sehun က ခါတိုင်းထက် ပိုပြီး ဆူညံပူညံဖြစ်နေကြသည်။ အချိန်ကတော့ ခြောက်နာရီခွဲလုလုအချိန်... မနက်စာ စားတဲ့အချိန်ပေါ့။

အားလုံးက ပျော်ရွှင်နေပေမဲ့ အရာအားလုံးကို ဟာသလုပ်ကာ နောက်ပြောင်နေတတ်သော Chan Yeol က ဟာသသိပ်မလုပ်ဘဲ တည်တည်ငြိမ်ငြိမ် ဖြစ်နေတော့ အားလုံးက ထူးဆန်းနေသည်။ မနေ့ကတည်းက Chan Yeol ဒီပုံစံဖြစ်နေတာ မဟုတ်လား...

"Chan Yeol မင်းနေမကောင်းဘူးလား။"

Kris ရဲ့အမေးကို Chan Yeol က မနက်စာပန်းကန်ကို စိုက်ကြည့်ရင်း အေးစက်စက် တုံ့ပြန်သည်။

"Hyung ထက် ပိုကောင်းတယ်။"

ChanYeol စကားကြောင့် အားလုံးက ခဏတိတ်သွားကာ Kris ကို အကဲခတ်ကြ၏။

"မင်း ထူးဆန်းနေတယ် ChanYeol."

"ဟုတ်လား..."

Kyung Soo ရဲ့ ခပ်ဆဆ စကားကို ChanYeol က ခပ်ပြတ်ပြတ် ပြန်ပြောတော့ စကားစက ပြတ်သွားသည်။ Su Ho က Kyung Soo ကို တစ်ချက်လှမ်းကြည့်ရင်း...

"Kyung Soo... Baek Hyun ဘာဖြစ်နေတာလဲ မနေ့ကလည်း ကျောင်းမတက်ဘူး မဟုတ်လား။ အခုလည်း မင်းနဲ့အတူ ပါမလာဘူးလား..."

Kyung Soo ခေါင်းခါရင်း ဖုန်းကို ထုတ်ကာ တလောကပဲ အလွတ်မှတ်ထားသော နံပါတ်အချို့ကို နှိပ်လိုက်ပါသည်။

"မပါဘူး Hyung. သူက သူ့အိမ်နဲ့သူဆိုတော့... ကျွန်တော် မသွားဖြစ်ဘူး။ ထမင်းစားပြီးမှ သွားကြည့်လိုက်မယ်။ အခုတော့... ခဏ..."

Kyung Soo ဖုန်းခေါ်ကာ ဖုန်းကိုင်မှာကို စောင့်ရင်း မတ်တပ်ထရပ်လိုက်သည်။ ပြီးတော့ Chan Yeol ကို မသိမသာ အကဲခတ်လိုက်တော့ ရေခဲတုံးမျက်နှာနဲ့...

သေချာပါတယ်၊ Chan Yeol နဲ့ Baek Hyun တို့ကြားမှာ တစ်ခုခုဖြစ်ခဲ့တယ်ဆိုတာ...

ဖုန်းသုံးခါလေးခါ ခေါ်တာကို မကိုင်တဲ့နောက်တော့ Kyung Soo ထိုနေရာမှ အမြန်ထွက်လာခဲ့သည်။

~•~•~

"Baek Hyun... Baek Hyun..."

သူ့နာမည်ကို ခေါ်နေပါလားဆိုတဲ့ အသိကလွဲလို့ Baek Hyun ခေါင်းထဲ ဝေဝါးနေသည်။ ဘယ်သူခေါ်တာလဲလည်း မသိ။ ဘယ်နေရာ ရောက်နေတာလဲလည်း မသိ။ စူးစစ်ကိုက်ခဲနေသော ခေါင်းက မခံမရပ်နိုင်အောင် နာကျင်နေတာကြောင့်ပဲလား... မြင်ရ၊ ကြားရ၊ ခံစားရတာတွေက မသဲမကွဲ။

Insist On Love [ChanBaek/BaekYeol]Where stories live. Discover now