U5. Can't Tell Ya

447 49 0
                                    

5. Can't Tell Ya

Baek Hyun ၏ မအီမလည် ပန်းသွေးရောင်ရဲဖြာနေသော မျက်နှာကိုကြည့်ရင်း Chan Yeol ကြိတ်ရယ်နေရတာ အူတက်တော့မည်။ သူ့ကို မကြာမကြာ အကဲခတ်နေပြီး မျက်လုံးချင်းဆုံတိုင်းလည်း ပါးပြင်တွေ နီသထက်ပိုနီသွားတာ Chan Yeol တွေ့သားပဲ။ သူ့ထက်ခြောက်လလောက် အသက်ကြီးတဲ့ Byun Baek Hyun ဆိုတဲ့ ဒီတစ်ယောက်ရဲ့ အပြုအမူတွေက သူ့မျက်လုံးထဲမှာ အလိုလို ချစ်စရာကောင်းနေတာ.. Chan Yeol ကိုယ့်ကိုယ်ကို ဘာဆေးမိထားသလဲတောင် စဉ်းစားမိတဲ့အထိ။

#Flashbacks

"ငါ... ငါတို့မနေ့က ဘာဖြစ်ကြသေးလဲ..."

စောင်ကို ရင်ဘတ်အထိ ဆွဲခြုံပြီးတော့ ထစ်ထစ်အအ မေးလာတဲ့ Baek Hyun ရဲ့ ပုံစံက အမူးသိပ်မပြေသေးတဲ့ပုံ။ ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေကို လျှာနဲ့သပ်ရင်း Chan Yeol ရယ်လိုက်မိသည်။ ပြီးတော့ အိပ်ရာပေါ်ကို ပြန်လည်လှဲချလိုက်ပါသည်။

"ငါခဏအိပ်လိုက်ဦးမယ်။ ပြီးကျမှ ပြောကြတာပေါ့..."

"Park Chan Yeol!"

Chan Yeol မလှုပ်မယှက် ခဏပြန်မှေးနေလိုက်သည်။ Alcohol ရဲ့ အငွေ့အသက်တွေ Chan Yeol ကိုယ်ထဲ ကျန်နေသေးတော့ ဖြစ်နေကျအတိုင်း Chan Yeol နည်းနည်း အိပ်ချင်နေသေးတယ်လေ။ တခြားသူတွေလို Hangover မီာ ဆိုးဆိုးရွားရွားမဖြစ်ဘဲ အလွန်အကျွံအိပ်ချင်တာမျိုးပဲ Chan Yeol ဖြစ်တတ်တာမို့။

သူခဏအကြာ မျက်လုံးဖွင့်လိုက်တော့ အိပ်ရာဘေး ဒူးထောက်ရင်း မွေ့ယာပေါ် မေးတင်ကာ သူ့ကိုစိုက်ကြည့်နေတဲ့ Puppy Eyes လေး တစ်စုံကို တွေ့လိုက်ရသည်။

"နိုးပြီလား... ငါတို့မနေ့က ကိစ္စကို ပြောလို့ရပြီလား..."

Chan Yeol ပြုံးရင်း ညာဘက်လက်ကို BaekHyun ခေါင်းပေါ်လှမ်းတင်ကာ ဆံပင်အချို့ကို ဖွသပ်ပေးလိုက်သည်။ သူ့ဆံပင်လေးတွေက နူးညံ့နေလိုက်တာမှ ပေါက်ကာစ ငှက်မွေးတွေကို ကိုင်နေရသလိုမျိုး ခံစားရတဲ့အထိ။

"ငါတို့ Breakfast အရင်စားကြတာပေါ့ Okay? မင်းငါ့အိမ်လိုက်ခဲ့..."

ပြောပြီးတာနဲ့ Chan Yeol အိပ်ရာဘေးက အဝတ်တချို့ကို ပြန်လည် ကောက်ယူဝတ်လိုက်သည်။ အခန်းကို အကဲခတ်ရတာ သန့်သန့်ပြန့်ပြန့် သိပ်မရှိပေမဲ့ လှလှပပတော့ရှိသည်။ ပစ္စည်းတွေကို စနစ်တကျစီထားတာပဲ။ Chan Yeol နောက်ကိုကြည့်လိုက်တော့ အိပ်ရာပေါ်ထိုင်ကာ Chan Yeol ကို ကျောပေးထားတဲ့ Baek Hyun ကို တွေ့ရသည်။

Insist On Love [ChanBaek/BaekYeol]Where stories live. Discover now