U15. Park Yura?

383 36 2
                                    

15. Park Yura?

Chan Yeol ဘာကြောင့်မှန်းမသိဘဲ အိပ်မက်တစ်ခုက နိုးလာခဲ့သည်။ အပူဒဏ်ကြောင့် ချွေးအနည်းငယ်က ကိုယ်ပေါ်စို့နေ၏။ နိုးနိုးလာခြင်း အိပ်မှုန်စုံမွှားနဲ့ သတိရမိလိုက်တာက Baek Hyun ကို။ ချက်ချင်းထထိုင်ကာ ဘေးဆီမှ တွန့်ကြေနေသော အိပ်ရာခင်းကို လက်နဲ့ဆုပ်ရင်း ရုတ်တရတ် ရင်ထဲပူပန်လာသလိုလို...

Baek Hyun သူ့ကို ထားသွားခဲ့မှာလား... ထွက်သွားပြီလား။ Chan Yeol ကို စိတ်နာသွားတာများလား... ဒါမှမဟုတ်...

နှုတ်ခမ်းကို ဖိကိုက်ကာ Chan Yeol ဘေးမှနာရီကို ကြည့်မိတော့ ညနေသုံးနာရီ။ အဲ့လောက်တောင် ကြာပြီလား သူအိပ်နေခဲ့တာ... Aish... မနေ့ညက များသွားတာပဲလား မသိ။ ထားပါတော့... အဲ့ဒါတွေက အရေးမကြီးပါ။ တကယ်အရေးကြီးတာက...

Baek Hyun က အခုဘယ်မှာလဲ...

"Baek... Baek Hyun!"

"Chan Yeol..."

အော်လိုက်သည့် အခိုက်မှာပဲ ပြန်လည်ထူးသံကို ကြားရတာကြောင့် Chan Yeol စိတ်ထဲ လန့်ထိတ်နေရသမျှတွေ အရည်ပျော် ပျောက်ကွယ်သွား၏။ အသံလာရာဆီ ကြည့်မိတော့ အညိုရင့်ရောင် ဆံပင်လေးတွေ နေရာအနှံ့ဆီ ဖွာထွက်နေသော ခေါင်းနှင့် ကောင်လေးတစ်ယောက်။ အင်္ကျီတွေက တွန့်ကြေလျက်... သူ့လက်ထဲမှာ ပွင့်လက်စ ရေဘူးတစ်ဘူး။ သူ့မျက်နှာက ထူးဆန်းနေရာမှ ဖျတ်ခနဲပြုံးသွားကာ မျက်လုံးလေးတွေ မှေးသွားသည်။

"Baekkie..."

Chan Yeol နေရာမှ ထရပ်လိုက်ရင်း Baek Hyun ဆီ ပြေးသွားကာ ဖက်လိုက်မိသည်။

Baek Hyun ကတော့ Chan Yeol ရဲ့ အပွေ့အဖက်ကြားထဲ ရေဘူးကို ကိုင်လျက် မျက်လုံးတွေက ပေကလပ် ပေကလပ်။ အဝတ်မဲ့ Chan Yeol ၏ ရင်ဘတ်ထဲ နစ်နေရင်း Baek Hyun ရင်ထဲ တစ်မျိုးဖိုလှိုက်နေသလိုလို...

ဒီရင်ခုန်သံတွေ... မျက်လုံးထဲမှာ မျက်ရည်ဝဲလာတာတွေ။ ရှက်နေလို့တော့ မဟုတ်ပါ။ ရှက်နေတာ မဟုတ်ဘူးဆိုရင် ဘာလဲဆိုရင်တော့... Baek Hyun အပျော်လွန်နေမိတာ ဖြစ်ပါလိမ့်မည်။

ဘာလို့လဲဆိုတော့ Chan Yeol ရဲ့ ထွေးဖက်မှုတွေက Baek Hyun ကို ဘယ်တော့မှကို လက်မလွှတ်တော့ဘူးလို့ ထင်ရလောက်အောင် တင်းကြပ်ကာ နွေးထွေးနေခဲ့လို့ပါ။ Baek Hyun လက်ထဲက ရေဘူးကို လွှတ်ချရင်း Chan Yeol ရင်ခွင်ကို ပါးအပ်ထားမိလိုက်သည်။ ပြီးတော့ မျက်ဝန်းထောင့်က ကျလာတဲ့ မျက်ရည်တွေကို ခံစားမိလိုက်သည်။

Insist On Love [ChanBaek/BaekYeol]Where stories live. Discover now