U18. Believe, Belief, Beliefs

322 27 0
                                    

18. Believe, Belief, Beliefs

"Nobody, nobody... Until you..."

မြည်လာတဲ့ ဖုန်းခေါ်သံကြောင့် Baek Hyun နိုးလာမိသည်။ ဒါ Chan Yeol ဖုန်းနံပါတ် သီးသန့် မှတ်ထားတဲ့ Ringtone ဆိုတာ သိပေမဲ့ လှမ်းမကိုင်မိသေး။ အပျင်းတစ်ချက်ဆန့်ပြီးမှ မျက်လုံးမှေးမှေးကို အတင်းဆွဲဖြဲဖွင့်ရင်း ဖုန်းကို လက်လှမ်းယူလိုက်၏။

"အင်း... Yeol."

"အဲ... အိပ်ပုတ်ကြီးနေတာပဲလား... မနက်ရှစ်နာရီခွဲ ကျောင်းရှိတာကို ခုထိကို မထသေးဘူး။"

ဟိုဘက်က Chanyeol အသံက ခပ်အုပ်အုပ်။ ဒါပေမဲ့ ကြည်ကြည်လင်လင်။ အသံက စသလို နောက်သလို ခပ်ချိုချိုနဲ့။

BaekHyun ရယ်ရင်း Chanyeol မမြင်ရမှန်း သိနေလျက်က လက်ညိုးကို လက်မနဲ့ ထောက်ပြမိသည်။

"နည်းနည်းလေး... နည်းနည်းလေး ထပ်အိပ်လိုက်ဦးမယ်နော် Yeol."

ဟိုဘက်က ရယ်သံထွက်လာတော့ Baek Hyun နှုတ်ခမ်ူးစူမိသည်။ အိပ်ချင်မူးတူးမို့ တုံ့ပြန်တဲ့သဘောပါ။ ပုံမှန်ဆို BaekHyun ပြုံးရုံလောက်ပဲ နေမိမှာ။ အခုတော့ စူပုတ်မိနေသည်။

"Yeollie နော်။ ဘာကိုရယ်နေတာလဲ... အိပ်ချင်နေလို့ပါဆို။"

"မဟုတ်ပါဘူး... ကိုယ်က ဖုန်းထဲကလူကို နည်းနည်းဆိုပြီး လုပ်ပြနေတာကို ရယ်ချင်တာ။ နှုတ်ခမ်းကလည်း စူထားသေးတယ်..."

"အန်... ဘယ်လိုသိတာလဲ။"

BaekHyun မျက်လုံးတွေ အခုမှ ကျယ်ကျယ်ပွင့်လာရင်း အိပ်ရာပေါ် ထထိုင်မိသည်။ ဖုန်းထဲကနေပြီးတော့ ရယ်သံထွက်လာတဲ့အချိန် ဖုန်းနဲ့မကပ်ထားတဲ့ နားဆီကပါ အသံကြားလိုက်ရတာကြောင့် Baek Hyun အခန်းထဲ ရှာမိတော့ အခန်းထောင့်က ထိုင်ခုံပေါ်မှာ ဖုန်းကိုကိုင်ရင်း ရယ်နေတဲ့ Chan Yeol.pp

သူအခန်းထဲကို ရောက်နေတာပဲ။

BaekHyun အခုမှ ပိုလန့်သွားရင်း ခါးကိုရစ်ပတ်ကာ တွန့်ကြေနေတဲ့စောင်ကို ခြေတစ်ဖက် ဆွဲခြုံလိုက်မိသည်။ လက်ကလည်း ညတုန်းက ဘယ်နားကို ချွတ်ပုံပစ်လိုက်မိမှန်း မသိတဲ့ အင်္ကျီကို စမ်းရှာနေမိသည်။ ကုတင်ခြေရင်းနားက ကြမ်းပြင်ပေါ်ပုံလျက်သား အင်္ကျီကို တွေ့တော့မှ လှမ်းယူဖို့ ကိုယ်ကို ကုန်းထလိုက်တာ စောင်နဲ့တုပ်မိပြီး ကြမ်းပြင်ပေါ်ကို အွတ်ခနဲ မှောက်လျက်ပြုတ်ကျသွားမိသည်။

Insist On Love [ChanBaek/BaekYeol]Where stories live. Discover now