U13. Quiet Heartbeat

374 33 0
                                    

13. Quiet Heartbeat

*ဒေါက်ဒေါက်ဒေါက်*

"သား... Baek Hyun."

တံခါးခေါက်သံ သုံးချက်အပြီးမှာ ပေါ်လာတဲ့ ခေါ်သံတစ်သံကြောင့် Baek Hyun စောင်ကြားထဲ လုံးထွေးကာ ကျောင်းစာအုပ်တစ်အုပ်ကို စိတ်မပါတစ်ပါ ဖတ်နေရာမှ တံခါးပေါက်ဆီ လှမ်းကြည့်လိုက်သည်။

ကြည့်လိုက်စဉ်မှာပဲ "ဂျက်" ခနဲ သော့ပွင့်သံနှင့်အတူ တံခါးက ပွင့်လာသည်။ ဟုတ်တာပေါ့။ Baek Hyun တံခါးသော့မှ မခတ်မိတာပါပဲ...

အခန်းထဲဝင်လာသူက Byun Min Young... သူ့ရဲ့ အဖေ။ ရှစ်နှစ်ခန့် အသက်ကွာတဲ့ BaekHyun ရဲ့ အစ်ကို Byun Baek Beom ပြီးရင် ကျန်ရစ်တဲ့ တစ်ဦးတည်းသော မိသားစုဝင်။

"Appa... ဘာကိစ္စရှိလို့လဲဟင်..."

Baek Hyun မေးရင်း စောင်ကို ခြုံထားရာမှ ခွာလိုက်သည်။ စာအုပ်ကိုဘေးချရင်း ကုတင်ပေါ်မှာ တင်ပလ္လင်ခွေကာ ထိုင်လိုက်တဲ့ BaekHyun ကိုကြည့်ရင်း Mr. Byun ပြုံးလိုက်သည်။

"သား နေကောင်းပြီလား။"

"သိပ်မဆိုးတော့ပါဘူး အဖေ။ ကျွန်တော် နေကောင်းလာပါပြီ။"

"ကောင်းပြီ။ ဒါနဲ့... မင်းနဲ့ Park သခင်လေးတို့ကြားမှာ တစ်ခုခုဖြစ်ထားသေးလား။"

ရုတ်တရတ်ကြီး မေးချလာသော မေးခွန်းကြောင့် BaekHyun အူကြောင်ကြောင်ဖြစ်သွားရသည်။ သူ့အဖေ ဒီလိုမေးခွန်းမျိုး မေးရတဲ့ အကြောင်းအရင်းက ဘာများပါလိမ့်။

ဧကန္တ... သူနဲ့ Chan Yeol အကြောင်းကို သိသွားတာများလား...

မဟုတ်နိုင်ပါဘူးလေ။

"ဘာမှမဖြစ်ပါဘူး။ မေးကြည့်တာပါ... Park သခင်လေးက မင်းနာမည်ကြားရတာ သိပ်မပျော်တဲ့ပုံပဲလေ။"

....သူက ကျွန်တော့်အကြောင်း ဘာကြားစရာရှိလို့လဲ....

Baek Hyun မမေးရသေးခင်ဘဲ အဖေက ဆက်ပြောပြသည်။

"သားကို မနက်ဖြန် Park အိမ်တော်ကို သွားခိုင်းစရာရှိတယ်။ Appa က အခုပဲ Mr. Kim ခိုင်းထားတဲ့ ကိစ္စတစ်ခုအတွက် ခရီးထွက်တော့မှာမို့လို့ပါ Baek Hyun."

Baek Hyun ရင်ထဲမှာ တစ်မျိုးကြီး ဖြစ်သွားသည်။ အဖေရင်းကတောင် အလုပ်ခိုင်းဖို့အတွက်ပဲ သူ့ဆီကိုလာတာပေါ့။ သူနေမကောင်းတုန်းကတောင် အခန်းဆီ သိပ်မလာခဲ့တာ Baek Hyun မှတ်မိလာရင်း ကိုယ့်ဒူးကိုယ်လက်ဖဝါးဖြင့် တစ်ချက်ဆုပ်ညှစ်မိသည်။

Insist On Love [ChanBaek/BaekYeol]Where stories live. Discover now