U9. Too Cruel

377 34 0
                                    

9. Too Cruel

"ဒေါက် ဒေါက် ဒေါက် ဒေါက်"

"Chan Yeol... Park Chan Yeol တံခါးလာဖွင့်ဦး။"

တံခါးခေါက်သံ ကျယ်ကျယ်နှင့်အတူ ကပ်ပါလာသော Kris Hyung ၏ အော်ခေါ်သံကြောင့် Chan Yeol နိုးသွားရသည်။ ညာဘက်ဆီက စားပွဲခုံပေါ်မှ နာရီကို အကဲခတ်မိတော့ မနက်ခုနှစ်နာရီကို သုံးမိနစ်စွန်းစွန်း... သူ နာရီဝက်လောက်တော့ အိပ်ပျော်သွားခဲ့တယ်ပေါ့။

Chan Yeol တံခါးကို မဖွင့်ချင်ဖွင့်ချင် ဖွင့်ပေးလိုက်တော့ အခန်းထဲကို အကုန်ဝင်လာကြ၏။

"Aish... အကုန်လုံး ဝင်လာကြမလို့လား..."

Chan Yeol မေးလိုက်ပြီးပြီးချင်း ဆံပင်ကို ထိုးဖွလိုက်မိသည်။ ခဏလေးအတွင်းမှာပဲ အခန်းကျယ်ထဲမှာ လူကိုးယောက်စာ နေရာပြည့်နှက်သွား၏။ ကိုးယောက်... ဟုတ်ပါသည်၊ ကိုးယောက်ပါ။ Tao ပါရောက်နေပေမဲ့ Kyung Soo က အခန်းထဲမှာမရှိနေ။

"မင်းမနေ့ညက Baek Hyun နဲ့ အတူတူရှိခဲ့လား..."

မေးလိုက်သူက Jong Dae. Chan Yeol ဘာမှပြန်မပြောဘဲ ကုတင်ပေါ် ထိုင်ချလိုက်မိ၏။

"Hyung တို့က အဲ့ဒါသိချင်လို့ ရောက်လာကြတာလား"

"ဟုတ်တယ်။ ပြော အခု။"

Chan Yeol ခပ်လေးလေး တွန့်ဆုတ်မိနေရာမှ ခေါင်းကို ညိတ်လိုက်မိလိုက်သည်။

"ဘာ..."

"တကယ်..."

"Chan Yeol! တကယ်လား..."

"မင်းနောက်နေတာ မဟုတ်ပါဘူးနော်"

"Hyung တို့အတူတူရှိခဲ့တယ်ဟုတ်လား..."

အစုလိုက်အပြုံလိုက် နားထဲပြွတ်သိပ်ဝင်လာတဲ့ အော်သံတွေကြောင့် Chan Yeol ကိုယ့်နားကိုယ် ပိတ်ထားလိုက်ရသည်။ ပြီးတော့ အားလုံးကို ဦးတည်ကာ ခပ်ကျယ်ကျယ်အသံနှင့်...

"ဖြည်းဖြည်းပြောကြလို့ မရဘူးလား။ Baek Hyun ကျွန်တော်နဲ့ ရှိနေခဲ့တာဆိုတာက ဘာထူးဆန်းလို့လဲ..."

"ဘာမထူးဆန်းရမှာလဲ... မင်းက ရိုးသားလို့လား..."

Jong Dae စကားကြောင့် Chan Yeol မျက်ခုံးပင့်မိသည်။

"မင်းက ငါ့ကို မရိုးမသားထင်နေလို့လား..."

Su Ho Hyung က ခေါင်းခါသည်။

Insist On Love [ChanBaek/BaekYeol]Where stories live. Discover now