U11. Different Point Of Views

368 31 0
                                    

11. Different Point Of Views

မနက်ဆယ့်တစ်နာရီ ထိုးလုပြီ။ အဖေမှာထားတာ အရဆိုရင် Luhan ဆိုသော တစ်ယောက် ရောက်လာတော့မည် ထင်သည်။

ဒါပေမဲ့ နေလို့သိပ်မကောင်းတာမို့ Baek Hyun အိပ်ရာထဲပဲ အသာလှဲနေမိ၏။ အခုတလော သူ့ကံပဲနိမ့်လွန်းနေတာလားမသိ၊ ပြဿနာတွေ တစ်ခုပြီးတစ်ခု အဆက်မပြတ် ဖြစ်နိုင်လွန်းပါသည်။

မနေ့က ပြဿနာလာရှာသွားသော ကောင်မလေးကြောင့် Baek Hyun ဆေးထိုးဆေးသောက် လုပ်လိုက်ရသည်။ ဆရာဝန်အပြောအရတော့ အားနည်းနေသည်ဆိုလား... ဖြစ်နိုင်ပါသည်။ အစားမှမမှန်တာ... ပြီးတော့ အအိပ်လည်းမမှန်ဘူးလေ။ ရက်ပိုင်းလေးအတွင်း နည်းနည်းများ ပိန်ကျသွားသလားလို့တောင် ထင်မိရသည်။

"ဒေါက် ဒေါက် ဒေါက်..."

မျက်လုံးကို အသာဖွင့်ကာ ကိုယ့်ကိုယ်ကို အိပ်ရာပေါ်က ဆွဲထူရင်း တံခါးသွားဖွင့်ပေးလိုက်တော့ အစေခံတစ်ဦး။ မျက်နှာက တစ်စုံတစ်ခုကို စိုးထိတ်နေသလိုလို...

"ဘာကိစ္စရှိလို့လဲ..."

"Park သခင်လေး ရောက်နေပါတယ်။"

ကြားလိုက်ရသော စကားကြောင့် Baek Hyun ကိုင်ထားသော တံခါးလက်ကိုင်ကို တင်းတင်းကိုင်မိလိုက်၏။ ဘာတွေထပ်ဖြစ်ဦးမှာလဲ... ဂြိုဟ်ဆိုးဝင်မဲ့ကိစ္စတွေပဲ ဖြစ်ဦးမှာပဲလား... ဘယ်လိုဖြစ်ဖြစ် သူရောက်လာတယ် ဆိုကတည်း သိပ်မကောင်းလောက်ပါ။ Kyung Soo ဘေးမှာ ရှိမှ အဆင်ပြေလောက်မှာ...

Baek Hyun ခေါင်းကို မနည်းကြည်အောင် သတိထားရင်း မေးလိုက်သည်။

"Kyung Soo ဘယ်မှာလဲ..."

"ဟိုဘက်ခြံမှာ ထင်ပါတယ်..."

"အမြန်သွားခေါ်ပါ။ စက်ဘီးဖြစ်ဖြစ် ကားဖြစ်ဖြစ်ယူသွား။"

သူ့ရှေ့က အစေခံကောင်လေး ထွက်သွားမှ Baek Hyun ခြေလှမ်းတွေကို ခပ်နှေးနှေးလှမ်းကာ ဧည့်ခန်းဆီ ထွက်လာမိသည်။

"မနေ့က မင်း Seun Min ကို ဘာလုပ်လိုက်တာလဲ။"

လူတောင် မမြင်ရသေးခင်မှာပဲ ကြားလိုက်ရတဲ့ မေးခွန်းက ခပ်မာမာဖြစ်နေတာကြောင့် စစ်မရောက်ခင် မြားကုန်သလို Baek Hyun စုထားသော သတ္တိတွေ ပျောက်ကုန်သည်။ ထိုင်ခုံမှာ ထိုင်နေတာက Park Chan Yeol ပါပဲ။ ဒါပေမဲ့ သူသိသည့် Park Chan Yeol မှ ဟုတ်ရဲ့လားတောင် အထင်မှားစရာ။ အဲ့ဒီ့လောက် အေးစက်တည်တင်းနေတဲ့ မျက်နှာ...

Insist On Love [ChanBaek/BaekYeol]Where stories live. Discover now