U2. Unexpected

667 60 0
                                    

2. Unexpected

"Chan Yeol Hyung... ဘယ်သွားမလို့လဲ..."

"တစ်နေ့လုံး အခန်းအောင်းပြီးအိပ်မယ်"ဆိုပြီး ကြိမ်းဝါးထားသော Chan Yeol အိမ်ပြင်ထွက်တော့ Kai က တအံ့တဩကြီး လှမ်းအော်မေးသည်။ Kai ကြည့်ရတာ ဘာမှလုပ်စရာမရှိလို့ အိမ်ရှေ့ထွက်ထိုင်နေသလိုမျိုး။

သူတို့ခြံဝန်းကြီးက Lee အိမ်တော်ကို ဗဟိုပြုထားတာ။ Lee အိမ်တော်ရဲ့ ညာဘက်မှာက Kim အိမ်တော်။ ဘယ်ဘက်မှာက Wu အိမ်တော်။ Wu အိမ်တော်ရဲ့ ဟိုဘက်မှာက Oh အိမ်တော်ဖြစ်သည်။ Kim အိမ်တော်ဘေးမှာတော့ Zhang နှင့် Park အိမ်တော်ပါ။ ဒီတော့ Kai သူ့ကိုမြင်ရတာသိပ်မဆန်း။

"ဒီနေ့ Kyung Soo တို့ ကိုရီးယားကို ပြန်လာမယ်တဲ့..."

"တကယ်? Suho Hyung အဲ့ဒါကြောင့် ဒီနေ့ပျော်နေတာကိုး။"

"ဘာဆိုင်လို့လဲ..."

Kai က ပြုံးသည်။

"Hyung ကလည်း... Suho Hyung က Kyung Soo ဆိုတဲ့အသံကြားတာနဲ့ အမြီးတနှန့်နှန့်..."

"ဘာ... ဟေ့ကောင် Kim Jong In..."

ရုတ်တရတ် နောက်ဖေးခြံဝန်းထဲက စာအုပ်တစ်အုပ်နှင့် ထွက်လာကာ အော်လိုက်သည့် Suho ကြောင့် Kai ရော Chan Yeol ပါကြောင်သွားသည်။ စက္ကန့်ပိုင်းလေး အတွင်းမှာပဲ Kai ကနေရာမှထကာ အိမ်ဝန်းကိုပတ်ပြေးနေပါပြီ။ Su Ho ကလည်း နောက်ကနေ စာအုပ်တစ်အုပ်နှင့် လိုက်ရိုက်လျက်...

Chan Yeol ပြုံးကာ ပတ်ပြေးနေသော Kai ကို လက်ပဲပြကာ ခြံဝန်းပြင်ထွက်လာခဲ့သည်။ ဟုတ်ပါတယ်။ Do အိမ်တော်က သူတို့ခြံဝန်းရဲ့ အပြင်လေးမှာတင်ရှိသော ခြံဝန်းတစ်ခုထဲမှာပါ။ သိပ်ဝေးတယ်လို့ မဟုတ်ပေမဲ့လည်း ခြံဝန်းကျယ်ကို ပတ်ရမှာမို့ Chan Yeol ခေါင်းကို အနည်းငယ်ဖွရင်း သူစီးနေကျကားတွေထဲက တစ်စီးကို စီးသွားလိုက်ပါသည်။

Do အိမ်တော်ရဲ့ အိမ်ရှေ့ဆင်ဝင် ရောက်တာနှင့် Chan Yeol ကားကို Parking ထိုးဖို့ ကားသော့ကို အစောင့်တစ်ယောက်ဆီ ပစ်ကာ အိမ်ထဲဝင်လာခဲ့သည်။ ရင်းနှီးနေသော အိမ်မို့ အစောင့်၊အစေခံတွေက ဘာမှတားမြစ်မနေ။ Chan Yeol ကလည်း အိမ်နောက်ဘက် Kyung Soo အခန်းဆီ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး လျှောက်သွားတာကိုး။

Insist On Love [ChanBaek/BaekYeol]Where stories live. Discover now