Z12. Alright, Not

13.2K 1K 50
                                    

12. Alright, Not

အရယ်​ပိုး​တွေ သတ်​ပြီး​ တော်​​တော်​ကြာတဲ့အထိ Chan Yeol က ပြုံးရင်း Kris ကို ကြည့်​​နေမိသည်​။

ကြက်​သား​ကြော်​သရဲ Kai ရဲ့ ကြက်​သား​ကြော်​ကို မသိ​အောင်​ ခိုးစားလို့ Kai က ​ခွေးနဲ့​လိုက်​တာကို ခံရတဲ့ဘဝ။ အိမ်​​စောင့်​ ​ခွေးနက်​ကြီး​ကြောင့်​ Chan Yeol အိမ်​ထဲ မနက်​ကြီး အူယားဖားယား ​ပြေးဝင်လာကြတဲ့ ကိစ္စက ရယ်​စရာ​ကောင်းတယ်​ မဟုတ်​ဘူးလား...

"ဟီးဟီး..."

Kris က ဒိုင်းခနဲ လှည့်​ကြည့်​တာ​ကြောင့်​ ခုနကပုံကို မြင်​​ယောင်​ပြီး ရယ်​မိတဲ့ Chan Yeol ကိုယ့်​ပါးစပ်​ကိုယ်​ လက်​နှင့်​ပိတ်​လိုက်​ရသည်​။

"အူမြူးမ​နေနဲ့... ငို​နေရမယ်​။"

Kris Hyung ရဲ့ စကားကိုကြား​တော့ Chan Yeol မျက်​နှာပိုးသတ်​ရန်​ ကြိုးစားမိသည်​။ မရ...

"ရယ်​မ​နေနဲ့... မင်းလည်း အဲ့ဒီ့လို ပြေးဖူးလို့လား။ သူများလက်​ကို ဆွဲပြီး ​ပြေးရတာ လွယ်​တာမှ မဟုတ်​တာ။ ​မောတာကလည်း​မော... ​ခွေးကလည်း ​ဟောင်​နဲ့..."

Chan Yeol ရယ်​​နေရင်းမှ တစ်​စုံတစ်​ခုကို သတိရသွားမိ​တော့ ရယ်​လက်​စ အရယ်​​တွေ​တောင် ဘယ်​နားမှာ ​ပျောက်​သွားလဲ မသိ​တော့ဘဲ ရင်​ဘတ်​ထဲမှာပဲ တစ်​ချက်​​တစ်​ခွ အောင့်​နာလာသလိုလို ရှိသည်​။

လက်​ဆွဲပြီး​ပြေးတာ... ​ပြေးဖူးတာ​ပေါ့။ သိပ်​​ပြေးဖူးတာ​ပေါ့။ ဒါ​ပေမဲ့ ​နောက်​က​နေ ဘာမှလိုက်​လာလို့ မဟုတ်​ခဲ့ပါပဲနဲ့ ဦးတည်​ရာ တစ်​​နေရာကို သွားဖို့ ​ပြေးခဲ့တာ...

"Baek Hyun..."

သူတို့ လက်​ချင်းတွဲပြီး ​တက္ကသိုလ်​ထဲက လူ​တွေကြားထဲက​နေ ထွက်​​ပြေးခဲ့ဖူးတယ်​ မဟုတ်​လား။ အဲ့ဒီ့လက်​နုနု​လေး​တွေက Chan Yeol ရဲ့ ညာလက်​ကြားထဲမှာ အံဝင်​ခွင်​ကျ လှပ​နေခဲ့ဖူးတယ်​​လေ။ သူတို့ ဖလှယ်​ခဲ့ဖူးတဲ့ အနမ်းအချို့... ရင်​ထဲထိစွဲ​နေတဲ့ အထိအ​တွေ့​တွေ။

ချိုအီ​သော ကိုယ်​သင်းနံ့​လေးတစ်​ခုက အ​တွေးထဲက​နေ Chan Yeol ကို ပြုစား​နေသလို... Puppy Eyes ​လေးတစ်​စုံရဲ့ သူ့ကိုကြည့်​​ခဲ့ဖူးတဲ့ အကြည့်​တချို့ကို ပြန်​လည်​မြင်​​ယောင်​လာသည်​။

Insist On Love [ChanBaek/BaekYeol]Where stories live. Discover now