U17. Protect You

350 26 0
                                    

17. Protect You

Baek Hyun မျက်လုံးတွေက ဂဏှာမငြိမ် ဖြစ်နေမိသည်။ ကျောမလုံသလိုလို ခံစားရနေလို့ပါ။ လူတွေအများကြီးကို လိုက်အကဲခတ်ကြည့်တော့ တော်တော်များများက သူတို့ကို ကြည့်နေကြတာပါ။ Chan Yeol နဲ့ လက်မှတ်ကောင်တာရဲ့ကြားမှာ Baek Hyun က ရှိနေတာကိုး။

Chan Yeol လက်မောင်းနှစ်ဖက်ကြား ရပ်ရင်း Baek Hyun မျက်နှာမထားတတ်တော့။ ရှေ့က လက်မှတ်ရောင်းတဲ့ တစ်ယောက်ကလည်း သူတို့ကို ကြည့်နေသည်။ ဘယ်လိုအကြည့်ကြီးမှန်းမသိ။ Chan Yeol ကို ကြည့်နေတဲ့ အကြည့်တွေက Baek Hyun ကို ကြည့်ပုံနဲ့ အကွာကြီး။ ဘာကြောင့်များပါလိမ့်...

"ဘာကားကြည့်ရင် ကောင်းမလဲဟင် Baekkie?"

Chan Yeol စကားကြားမှ Baek Hyun အင်းလိုလို အဲလိုလို လုပ်ရင်း ပခုံးတွန့်ပြလိုက်သည်။ ဒီတော့ Chan Yeol က ဇာတ်ကားနာမည်တစ်ခုကို ရွတ်ရင်း လက်မှတ်ရောင်းတဲ့ အစ်မကြီးကို ပြုံးပြလိုက်၏။ ဒါပေမဲ့ ဘာပြောမှန်း မသိလိုက်၊ မသိဆို Baek Hyun စိတ်က ဒီမှာမှမရှိတာကို။ ဘေးလူတွေရဲ့ အကြည့်တွေထဲပဲ ခေါင်းကိုက်နေရတယ်လေ။

"Baek... Baek ကြားရဲ့လား။"

"ဟင်... ဘာ... ဘာလဲ Yeol?"

Chan Yeol က တစ်ချက်ပြုံးရင်း Baek Hyun ရဲ့ နဖူးစပ်ကို လက်ညိုးထိပ်နဲ့ အသာတောက်လိုက်၏။

"မကြားရအောင် ဘာတွေများ အတွေးလွန်နေတာလဲ Baek ရဲ့... သွားကြမယ်လို့။"

Baek Hyun ပြုံးပြရင်း ခေါင်းညိတ်လိုက်တော့ Chan Yeol က Baek ရဲ့ လက်မောင်းတွေကို သူ့လက်တွေတဲ့ နောက်ကျောဘက်ကနေ သေချာချုပ်ကိုင်လိုက်ရင်း မုန့်ရောင်းတဲ့ဆိုင်ဘက်ဆီ တွန်းခေါ်သွားသည်။ ဒီတစ်ခေါက်တော့ သူများတွေကြည့်နေပေမဲ့ Baek Hyun တစ်ချက် ရယ်လိုက်မိသည်။

"ရယ်မနေနဲ့။ ဘာစားဦးမှာလဲ... ပြော။ ပေါက်ပေါက်ဆုပ်နဲ့... Pepsi ဆိုရင် ကောင်းမယ်ထင်လား။ အင်း... မဆိုးဘူးနော်။ Large set ယူရင် ကောင်းမယ်။"

Chan Yeol က ပြောရင်းဆိုရင်း ပြုံးရင်းဖြီးရင်း သူ့ဘာသာသူ မှာနေတော့ Baek Hyun ဘာမှမပြောဖြစ်တော့။ Chan Yeol ပုံစံက မုန့်ဝယ်နေတဲ့ ကလေးလေး တစ်ယောက်လိုလို။ Chan yeol မှာလဲ ဒီလို ကလေးဆန်တဲ့ အကျင့်တွေ ရှိတယ်ဆိုတာကို မသိတဲ့ Baek Hyun တအံ့တဩကြီး ရပ်ကြည့်နေရုံပေါ့။ ခဏနေတော့မှ Chan Yeol က ဒီဘက်ကို ပြန်လှည့်ကြည့်လာသည်။

Insist On Love [ChanBaek/BaekYeol]Where stories live. Discover now