Ep-1

3.6K 154 4
                                    

Zawgyi

မြို့ပြကြီးကို တက်ရောက်ဖို့အခွင့်ရေးကြုံလာခဲ့တဲ့ မိုးသူစံ... ရွာမှာတော့ မိဘမဲ့လေးပါ... အမေဆုံးပြီးကတည်းက ရွာသူကြီးကမွေးစားထားပေမဲ့ သူကြီးကတော်ကတော့ ကျွန်သာသာဘဲထားပါတယ်... ကံတရားဘဲပေါ့ မျက်နှာသာပေးလို့ အဖေ့ကိုတစ်ကြိမ်ပ​န်ြလည်တွေ့ဆုံခွင့်ရပေမဲ့ အဖေဟာနောက်အိမ်ထောင်နဲ့ သမီးတစ်ယောက်ရှိတယ်... ဒါကတော့ မိုးဘဝရဲ့ မမျှတခြင်းအနုပညာပါ...

ဒီနေ့အဖေလာခေါ်မယ်ဆိုလို့ပျော်နေမိပါတယ်... အသက်၁၄နှစ်ပေမဲ့ လောကဓံရိုက်ချက်တွေကြောင့် ရင့်ကျက်နေပါပြီ... အဖေဆိုပေမဲ့လည်း သူစိမ်းပါဘဲလေ...

ရွာဦးဘုန်းကြီးကျောင်းမှာအလှူလာလုပ်ရင်း အမေနဲ့မေတ္တာမျှခဲ့ကြတယ်... သူဌေးတွေဆိုတော့ အိမ်ကသဘောမတူတာနဲ့ အမေ့ကိုခိုးပြေးခဲ့တယ်... အမေကိုယ်ဝန်လွယ်ထားပြီးတစ်လကြာတော့ အဖေ့မိဘတွေကပြန်ခေါ်သွားခဲ့ကြတယ်... ဒီလောက်ပါဘဲ အဖေဆိုတာ မိုးအတွက်အရိပ်ဖြစ်ပေမဲ့ မရှိလည်းနေသားကျနေပါပြီ...

"မိုး မြို့ရောက်ရင် ကျုပ်တို့လိုတောသူတွေကို မမေ့ပါနဲ့နော်..."

"မမေ့ပါဘူး မိအေးရယ်... မိုးစိတ်ထဲ သူငယ်ချင်းတွေ ရင်ထဲရှိပါတယ်..."

"သိပါပြီအေ ရွာသူကြီးကတော့ ဝမ်းနည်းနေပေမဲ့ သူကြီးကတော်ကတော့ မိုးအဖေပေးတဲ့ပိုက်ဆံတွေကို သွားရေကျနေပုံဘဲ..."

"အင်း ဘာဘဲဖြစ်ဖြစ်လေ မိုးရဲ့ကျေးဇူးရှင်တွေပါ... မိအေး တိုးတိုးကို ဂရုစိုက်လိုက်ဦးနော်..."

"ပူမနေပါနဲ့ဟယ် မိုးလည်း ဒီကိုအလည်လာခဲ့နော်..."

"ဟုတ်ပါပြီ..."

"သမီးမိုး သွားရအောင် အဖေအလုပ်ကိစ္စရှိသေးတယ်..."

"ဟုတ်ကဲ့ပါ ဦးလေး..."

စတွေ့ကတည်းက မာလာရဲ့သမီးဆိုတော့ အလွန်ဝမ်းသာသွားတာ ဒါကငါ့ရဲ့သမီးဘဲလေ... မာလာရယ် ကိုမောင်အပြစ်တွေ​ကြောင့် သမီးလေးက အဖေလို့မခေါ်သေးဘူး... ခေါ်ဖို့မထိုက်တန်တာ သိပေမဲ့ မာလာနဲ့ကိုမောင်သမီးလေးကို ပညာတတ်ကြီးဖြစ်အောင် ပြုစုပျိုးထောင်ပေးမယ်...

ပိုးချစ်တဲ့ နွေမိုးဆောင်း (ပိုးခ်စ္တဲ့ နွေမိုးဆောင်း)Where stories live. Discover now